~
ဓာတ်ပုံ - AP
Weekly Eleven သတင်းဂျာနယ် က သမ္မတ ဦးသိန်းစိန်ကို ၂၀၁၁ ခုနှစ်အတွက် Person of the Year အဖြစ် ရွေးချယ်လိုက်ပါပြီ။
ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
၂၀၁၁ ခုနှစ်အတွက် Person of the Year အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အား Weekly Eleven News Journal မှ ရွေးချယ် ဖော်ပြအပ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နေ့မှ စတင်ပြီး နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့ကာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပြည်သူ့အသံကို နားထောင်ခဲ့သူ၊ မြစ်ဆုံစီမံကိန်း ကဲ့သို့ စီမံကိန်းကြီး တစ်ခုအား ပြည် သူလူထု၏ ဆန္ဒအတွက် ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သူဖြစ်၍ ၂၀၁၁ ခုနှစ် အတွက် ထင်ရှားသော လုပ်ဆောင်မှု များရှိခဲ့သူ Person of the Year အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အဘ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့် တို့မှဖွားမြင်ခဲ့သူဖြစ်သည်။ အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်း နှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။
ထို့နောက် စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)ရရှိခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရှမ်း(၁)တွင် ဗိုလ်ကြီးအဆင့်ဖြင့် လည်းကောင်း၊ ၁၉၈၂ ခုနှစ်အထိ ရမခ၊ ခမရ(၁၀၉) နှင့်ခလရ(၈၉)တို့တွင် ဗိုလ်မှူးအဆင့် ဖြင့်လည်းကောင်း၊ ၁၉၈၉ ခုနှစ် တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ(၈၉)၊ နတခနှင့် ကက(ကြည်း)တို့တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊ ၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊ ၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့်ကကရေး၊ ၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။
ဦးသိန်းစိန်သည် ၂၀၀၆ ခုနှစ် မှစတင်၍ နယကအဖွဲ့ နယကအဖွဲ့ ၀င်အဖြစ်လည်းကောင်း၊ အတွင်းရေး မှူး(၂)အဖြစ်လည်းကောင်း၊ အတွင်း ရေးမှူး(၁)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၀၈ ခုနှစ် တွင် ခေတ္တ၀န်ကြီးချုပ်၊ ၂၀၀၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ နိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ရရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၌ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး နိုင်ငံတော်သမ္မတ တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အစိုးရ လက်ထက် တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကလည်း အထက်အမိန့်နာခံ တတ်မှု၊ အောက်လက်ငယ်သားတို့ အပေါ် စာနာတတ်မှုတို့ဖြင့် ထင်ရှား ခဲ့ပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူချိန်တွင်လည်း ပြည်သူလူထု၏ ဆန္ဒနှင့်အသံကို နားထောင်သူအဖြစ် မြစ်ဆုံအရေးနှင့် အတူ ထင်ရှားလာ သူ ဖြစ်သည်။
“၈၈ အရေးအခင်းပြီးတော့ ကျွန်တော့်သား အိမ်ကနေ ရုတ်တရက် ပျောက်သွားပါတယ်။ နယ်စပ်ဘက်ကို ရှောင်ပြေးသွားတာ။ တစ်ပတ်၊ နှစ်ပတ်လောက် ဘယ်မှာမှ စုံစမ်းလို့မရဘူး။ သုံး၊ လေးပတ် လောက်နေမှ စုံစမ်းလို့ရတယ်။ အိန္ဒိယနယ်စပ် ကလေးမှာရှိတဲ့ တပ် ရင်းတစ်ရင်းက ထွက်ပြေးသွားတဲ့ ဆေးကျောင်းသားတွေကို ဖမ်းမိထားတယ်လို့ သတင်းရတယ်။ အဲဒါနဲ့ ကျွန်တော် မော်လိုက်ကနေ ကလေး ကိုလိုက်သွားပြီး ကျွန်တော့်သားများ ပါမလားလို့ အဲဒီတပ်ရင်းမှူးနဲ့ သွား တွေ့တယ်။ တပ်ရင်းမှူးက ဖက်လဲ တကင်းနဲ့ နှုတ်ဆက်တယ်။ ကလေး တွေကို တားဆီးထားကြောင်း ပြောပါတယ်။ တကယ်ကတော့ ကလေးတွေက ပြန်ဝင်လာတာ မဟုတ်ဘူး။ ထွက်ပြေးပြီးတော့ လက်နက်ကိုင်ဖို့ သွားတဲ့သူတွေဖြစ်လို့ ကြိုက်တာ လုပ်လို့ရတဲ့ အနေအထားပါ။ ဒါပေမယ့် တကယ့်ကိုဖက်လဲတကင်းနဲ့ ကလေးတွေကိုလည်း ကောင်းကောင်း မွန်မွန် စောင့်ရှောက်ထားတယ်။ ပြီးတော့ ရပ်မိရပ်ဖတွေက တစ်ဆင့် ကျွန်တော့်သား အပါအ၀င် တခြား ဆေးကျောင်းသားတွေကိုပါ အပ်နှံလိုက်တယ်။ ကျွန်တော်တို့ ခေါင်းမီး တောက်တာကို ပြေပျောက်စေခဲ့ တယ်။ အဲဒီတပ်ရင်းမှူးက အရမ်း သဘောကောင်းတယ်။ ဆက်ဆံရေး ပြေပြေပြစ်ပြစ်ရှိတယ်။ မောက်မာမှု မရှိဘူး။ ကလေးတွေကိုလည်း သူ့ သားသမီးလို ဆက်ဆံတယ်။ ကလေး တွေကို ဆုံးမစကားပြောတဲ့အခါမှာ လည်း ဆန့်ကျင်ဘက် နိုင်ငံရေးစကား တွေ ရင့်ရင့်သီးသီး တစ်ခွန်းမှမပါဘဲ လူကြီးတစ်ယောက်က ဆုံးမစကား ပြောသလို ပြောခဲ့တယ်။ ကလေးတွေ ကို ပြန်အပ်လိုက်တဲ့ တပ်ရင်းမှူးက အသက် ၄၀ ကျော်ပဲ ရှိသေးတဲ့ အဲဒီ တုန်းက ဒုတိယဗိုလ်မှူးကြီးသိန်းစိန် ပါ။ အခု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပါ။ ဒီကြားထဲမှာ သူနဲ့ လည်း ထပ်မတွေ့တော့ပါဘူး။ ကျွန်တော်သိတဲ့ သမ္မတကြီးဟာ ဒီလိုလူမျိုးဆိုတာ ပြောပြတာပါ”ဟု ဦးအောင်သင်း (အထွေထွေမန်နေဂျာ (ငြိမ်း)မြန်မာ့သစ်လုပ်ငန်း) က ပြော ကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အစိုးရအဖွဲ့သစ်ကို ဦးဆောင် တာဝန်ယူခဲ့ပြီးချိန် နောက်ပိုင်းကာလ တစ်လျှောက်လုပ်ဆောင်ခဲ့သည်များ မှာ ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိခဲ့သော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အစရှိသည့် နိုင်ငံရေးအကျဉ်း သားများကို ဆက်လက် ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍မူ ဝေဖန်မှုများ ရှိနေဆဲဖြစ်သည်။
~

2011 ရဲ့ အထူးခြားဆုံးပုဂ္ဂိုလ်က 2012 ကို အထူးခြားဆုံးပြည်သူကိုလိမ်လည်ခြင်းအားဖြင့်ကြိုဆိုလိုက်သည်။
ReplyDelete2007 ရွေဝါရောင်တော်လှန်ရေးတုန်းက ဘုန်းကြီးတွေကို သတ်တာ .. ပြည်သူတွေကို အမျိုးလိမ်ညာလှည့်ဖြားနေတဲ့သူ .. တရား ဥပဒေ မရှိလုပ်ချင်တိုင်းလုပ်နေတဲ့သူတစ်ယောက်ကို . အဒီလောက် ၀ါဒဖြန့်ပြီး ချီးမွန်းဘို့မထိုက်တန်ပါဘူး စစ်ဘီလူးတွေက စစ်ဘီလူးတွေပါဘဲ. ပိုက်ဆံတွေ ဘယ်လောက်ရလို့ အမှန်တရားကိုဖ်ုံးကွယ်ပြီး စစ်အာဏာရှင်အာဘော်အတိုင်း ၀ါဒဖြန့်ရေးနေရတာလဲ မသိဘူး။
ReplyDeleteweekly elven သတင်း ဂျာနယ်က စစ်အာဏာရှင်တွေကို ဖားပြီး စစ်အာဏာဖ၇ှင်းတို့၏ အလို့တော်ရိ အလိုတော်ကျလျောက်ရေးတာပါ. သိန်းစိန်က သမတဖြစ်တော့ ဖာပြီး ၀pါဒဖြန့် propagamda ရေးတာပါ. သတင်းဂျာနယ် တစ်ခုက မှန်ကန်တဲ့အမြင့်မျက်စိရှိဘို့လိုတယ်..
ReplyDeleteနိုင်ငံနှင့် ပြည်သူများ ဆင်းရဲတွင်း နက်သည်ထက်နက်ကာ စစ်အစိုးရ၏ သံဖနောင့်အောက်မှ မလွတ်မြောက်နိုင်ရခြင်း အကြောင်းများတွင် အမှန်ကို အမှန်အတိုင်း မမြင်နိုင်သော မီဒီယာများ အလံရှုးမီဒီယာများလည်း တရားခံအဖြစ်အဓိက ပါဝင်ကြပါသည်။
ReplyDeleteအမှန်ဆို ဧရာဝတီအရေးပြီးကတည်းကသမတဦးသိန်းစိန်ကို အတော်လေး လေးစားမိပါသည်။
ReplyDeleteတဆင့်ချင်းနှေးကွေးစွာသွာနေသော နိုင်ငံရေးရာများကိုလည်းစာနာနားလည်ပေးနိုင်ပါသည်။
သို့သော် နိုင်ငံရေးအကျဉ်းသားအရေးတွင်မူ ရိုးသားမှုအနည်းငယ်လိုအပ်နေသည်ဟုထင်ပါသည်။
ဆင်ခြင်မိပါစေ။
အရမ်းကိုထိုက်တန်တဲ့ရွေးချယ်မှုပါပဲဗျာ... ဘယ်လိုလူတွေ ဘာပဲပြောနေနေ သူ့ရဲ့ လုပ်ရပ်နဲ့ စိတ်ဓါတ်ကတော့ တခြားစစ်အာဏာရူးတွေနဲ့ လုံးဝမတူဘူးဆိုတာ ကြာလာရင်သဘောပေါက်လာကြမှာပါ.. သူ့မှာရှိတဲ့ လုပ်ပိုင်ခွင့်ထဲကနေတိုင်းပြည်ကောင်းစားရေးအတွက် စေတနာရှိရှိနဲ့ လုပ်နေတဲ့ လုပ်ရပ်တွေကို လူတွေ မမြင်တတ်ကြသေးပါလားဗျာ... တခြားလူသာဆို အခုချိန်မှာ ဘယ်လိုဖြစ်နေမလဲ နည်းနည်းလေးတွေးကြည့်ကြပါအုံး.. အကျဉ်းသားတွေလွှတ်ဖို့ဆိုတာကလည်း ဘေးကဖိအားတွေအများကြီးရှိသေးတယ်ဆိုတာကို မမေ့ကြပါနဲ့အုံး.. တဖြည်းဖြည်းနဲ့ တိုင်းပြည်ကောင်းစားဖို့အရေး ကျနော်တို့ သမ္မတကြီးရဲ့လုပ်ရပ်တွေကို ထောက်ခံမှုအပြည့်ပေးဖို့လိုအပ်ပါတယ်....
ReplyDeleteမီဒီယာတွေကအစ သမတကြီး လို့ရေးနေကြတယ်
ReplyDeleteသမတဆိုတော်ရောပေါ့ဗျာ
ဖားတဲ့ခေတ်ကကုန်သွားပြီ
06770649 ရဲ့ သဘောထားကိုတော့ကြိုက်တယ်ဗျာ...
ReplyDeleteU Aung Thin is father of Than Htut Aung anyway .
ReplyDeleteWeekly Eleven သတင်းဂျာနယ် က ကင်ကျုံအီ ဗမာပြည် လာအုပ်ချူပ်မယ်ဆိုရင်လည်း အထူးခြားဆုံး အပြောင်မြောက်ဆုံးဆိုပြီး ချီးကျူးထောပနာပြု မည့်ပုံ ဖြစ်တယ်။ မီဒီယာ ကျင့်ဝတ်ကို သွေးဖီပြီး အစိုးရ အကြိုက် လိုက်လုပ်တာပါ။ လူရွှင်တော်ဂေါ်ဇီလာ ဗမာပြည်ပြန်ဝင်သွားတော့ အစိုးရအကြိုက် လိုက်ပြောခဲ့တယ်။ ဖမ်းမှာစီးမှာကြောက်လို့ ပါ။ Weekly Eleven က သူဆက်လက်ပြီး ထုတ်ပိုင်ခွင့်ရအောင် အကာအကွယ်ယူ လူလည်ကြီးလုပ် လူလိမ်ကြီး လုပ်တဲ့ သဘောသဘာဝ ဖြစ်ပါတယ်။ Weekly Eleven ရဲ့ သမိုင်းဖြစ်ပါတယ်။ ဖောက်ပြန်ရေး မီဒီယာ တွေရဲ့ လုပ်ရပ်ပါ။ ဖော်လံဖား မီဒီယာတိုင်း ဖော်လံဖား တိုင်းရင်းသားအဖွဲ့ အစည်းတိုင်း ၈၈အမည်ခံ ကျောင်းသာအမည်ခံ ဖော်လံဖားအုပ်စုတိုင်း ဒီအလုပ်မျိုး ဒီအချိုးမျိုးချိုးတက်ကြပါတယ်။ NM
ReplyDeleteသမတကြီးကောင်းကြောင်း ထောက်ခံပေးတဲ့ ဦးအောင်သင်း(ထွေ၊ဂျာ(ငြိမ်း)မြန်မာ့သစ်လုပ်ငန်း) ဆိုတာ Eleven media ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်ရဲ့ အဖေထင်တယ်၊ အဖေကထောက်ခံ သားကဆုပေး ကောင်းလိုက်တာ။
ReplyDeleteသမတဂျီး..က မလိမ်ပါဘူး..ပါးပါးလေးနဲ့ညာနေဒါပါ
ReplyDeleteသမတဂျီးက..မလိမ်ပါဘူး..ပါးပါးလေးနဲ့..ညာ....နေဒါပါ..နောက်လည်းလာပါလိမ့်မယ်..
ReplyDeleteSeeing is believing!
ReplyDeleteIf you put your foot into his shoes, you will know the difficulties and challenges!
Buddha said "don't believe what I said, feel it yourself and decide yourself"
Full fledged democracy will come after this term, wait 5 years!!!
မောင်မင်းကြီးသားနဲ့မယ်မင်းကြီးမသားတွေ အလိုမပြည့်၊ အရိပ်သုံးပါးနားမလည်ပုံတွေကတော့ နတ်မင်းကြီး..အောင်မယ်လေးတပြီးပြေးရလောက်တဲ့အခြေအနေကိုနာယူမှတ်သားကြသင့်တယ်။ မြန်မာနိုင်ငံမှာဒီလောက်အခြေအနေနဲ့ နိုင်ငံရေးအခြေအနေ ကိုအရင်ကထက်အများကြီးတိုးတက်မှုတွေရလာအောင်
ReplyDeleteကိုယ်ကလည်းဘာမှထိထိရောက်ရောက် ဖြစ်အောင် မလုပ်ဘဲနဲ့ တောင်ပြော၊မြောက်ပြောနေကြမဲ့အစား
အကောင်းမြင်ပြီး..စစ်တပ်ချုပ်ကြီးမှူးကြီးသန်းရွှေ
လက်ထက်ကအခြေအနေတွေကိုမမေ့ကြသင့်တယ်။
ခုရေတွင်းတူး၊ခုရေကြည်သောက်ချင်လို့မရသလို၊ လက်ရှိအစိုးရနဲ့ဒီမိုကရေစီရေးလိုလားသူတွေအကြားမှာလည်းယုံကြည်မှုတွေပိုလာကြရင်..ယုံကြည်ရာဆီကိုတနေ့တော့အားလုံးရောက်ကြမှာပါ။ ....ဒါမှမဟုတ် ကိုယ်ကအာဏာများရှိလာခဲ့ရင်သူတို့လိုလူမျိုးတွေလားဆိုတာကိုပြန်တွေးကြပါ။ တောထဲတောင်ထဲမှာ၊ကြက်ဆူပင်မင်းမူလုပ်ကြတုန်းကအခြေအနေတွေနဲ့..တတိယနိုင်ငံရောက်တော့အခြေအနေတွေကိုလည်းမမေ့ကြသင့်ပါ။
weekly eleven ဟာ သတ္တိရှိရှိ ဒီလိုဆုံးဖြတ်ရဲလို့ ချီးကျုးပါတယ်။ တိုင်းပြည်အတွက် အလွန်လုပ်ထိုက်သော အလုပ်ကို လုပ်လိုက်တယ်လို့ မှတ်ယူပါတယ်။
ReplyDeleteသမ္မတကြီးဟာ ကျွန်တော်အနေနဲ့ သမ္မတကြီးလို့ ခေါ်လောက်အောင် လေးစားထိုက်ပါတယ်။ အခက်အခဲ၊ အတိုက်အခံတွေကြားက ဒီလောက်အချိန်တိုလေး အတွင်းမှာ တိုင်းပြည်ကို ပြောင်းလဲအောင်လုပ်နှိုင်သူ တယောက်ဖြစ်လို့၊ သတ္တိကောင်းတဲ့ ပြည်သားတယောက်လို့ လေးစားပါတယ်။
သမ္မတကြီးဟာ တခြားကိုယ်ကျိုးကြည့်တတ်သူတွေကို မလုပ်မရှုပ်မပြုတ်နဲ့ အေးအေးလေး မိသားစုကြီးပွါးရေးကို ရှာသူတယောက်မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်...
တခြားစစ်ဗိုလ်ချုပ်တွေနဲ့ ယှဉ်ကြည့်ရင် ဦးသိန်းစိန်ရဲ့ ရိုးသားမှုတပိုင်းတစကိုတွေရမှာပါ မိသားစုဆွေမျိုး ကောင်းစားရေးလုပ်ထားတာမျိုး ကိုယ်ပိုင်စီးပွားရေးထူထောင် ထားတာမျိုးမရှိဘူး တခါတရံ ကိုယ်လုပ်ချင်တိုင်း လုပ်လို့ မရတဲ့ အခြေနေမျိုးကြုံဖူးကြမှာပါ ဦးသိန်းစိန်ပတ်ဝန်းကျင်ကလူတွေ ကိုကြည့်လိုက်ပါ နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်တွေချတဲ့ အမျိုးသားလုံခြုံေ၇းကောင်စီမှာ တင်အောင်မြင့်ဦးတို့ သန်းရွှေတင်ခဲ့တဲ့ မင်းအောင်လှိုင်တို့ ကျော်ဆန်းတို့ အများစုကသန်းရွှေ ရဲ့ အမာခံလူတွေ ပြီးတော့ လွှတ်တော်အမတ်တွေကိုကြည့်ဦး ကြံ့ဖွံ့ ဆိုတဲ့ ခါတော်မှီ သာကူးတွေ အများစု လွှမ်းမိုးထားတဲ့ လွှတ်တော် ဒါကလက်ရှိအခြေနေပါ ၊ အများညီရင် ဤ က ကျွဲ ဖြစ်တတ်ပါတယ် ဒါကပြီးခဲ့တဲ့ ခောတ်ပါ။ ဒါကြောင့် လက်ရှိနည်းနည်းလေး ကောင်းလာတာလေးကို လျှော့ကျမသွားအောင် ၀ိုင်းဝန်းပေးကြရင်မကောင်းဘူးလား မျက်စိမှိတ်ပြီးပြောနေကြမဲ့ အစား မျက်စိဖွင့်ကြည့်ပြီး အခြေနေ အချိန်ခါကို ကြည့်ပြီး ပြောကြလုပ်ကြတာ အဖြစ်သင့် ဆုံးပါ။
ReplyDeleteဦးအောင်သင်း(အထွေထွေမန်နေဂျာ (ငြိမ်း)မြန်မာ့သစ်လုပ်ငန်း)ရဲ့ပြောဆိုချက်က ဘယ်လောက်မှန်ကန်မှုရှိတာကို မသိနိုင်ပါ။ သို့သော် ဘာလီသတင်းစာရှင်းလင်းပွဲမှ "အပြော"နဲ့ ယခုနောက်ဆုံးအကြိမ်အကျဉ်းသားလွှတ်ပေးမှုဆိုတဲ့ "အလုပ်"ကတော့ ကိုက်ညီနေတာ တွေ့ရပါတယ်။
ReplyDeleteတကယ်သာလေ အခု 2012 မှာ လွတ်လပ်ရေးနေ့ အကြို လွတ်ငြိမ်းချမ်းသာခွင့်မှာ မတွန့် တိုပဲ ရိုးသားစွာ
ReplyDeleteနဲ့  "ပြစ်ဒဏ်ကျခံ အကျဉ်းသားအားလုံး လွတ်စေ" ဆို
ရင် ပြည်သူက နောက်ထပ် တစ်မှတ် ထပ်ပေးမှာ 2012 ရဲ့ ထူးခြားထင်ရှားသူ ပါဖြစ်မှာ အခုတောမြစ်ဆုံ
ကိစ္စက ရတဲ့  person of the year 2011 ပဲ ဖြစ်နေရတာပေါ့ ။ ကျနော်တို့ က ဘာမှ လုပ်ပိုင်ခွင့် မရဘူး လုပ်ပိုင်ခွင့်ရတုန်း ပြည်သူသဘောကျတာ လုပ်တာက သမိုင်းမှာ တကယ်ကို ကျန်ခဲ့ မှာ အခုလဲ 12/2 /2012 ကျန်ပါသေးတယ် သမ္မတကြီးခင်ဗျာ နောက်ထပ်တစ်မှတ်ထပ်ပေးချင်ပါသေးတယ် မျှော်လင့်
ပါရစေ။ တကယ်လို့ ဆိုးသွမ်းတဲ့ သူတွေ သောင်းကျ
န်းတဲ့ သူတွေ ထောင်ကလွတ်လို့ ပြန်သောင်းကျန်းရင်
အဲတော့ မှ များများထောင်ပြန်ချပေါ့ လိုက်ဖမ်းမဲ့ ရဲ
တွေလဲ အားနေကြတာပဲ ဘာအလုပ်မှ မရှိဘူး ။
နောက် ကိုယ်သေရင် ပြည်သူတွေ တမ်းတနေတဲ့ 
သမ္မတကြီး ဖြစ်နေတာ မလိုချင်ဘူးလား သမ္မကြီးရယ် ကျနော်တို့ လဲ သေကြမှာပါ အခုလိုလုပ်
ပိုင်ခွင့်တော့ ကျနော့မှာ မရှိဘူး ..........
ကြည့်ရသေးတာပေါ့နော်
ReplyDeleteနဲနဲတော့ ဟုတ်မလိုလိုနဲ့ မဟုတ်ချင်သလိုဖြစ်နေပြီလို့
အများက ထင်နေကြပြီနော်
ဦးအောင်သင်း (အထွေထွေမန်နေဂျာ (ငြိမ်း)မြန်မာ့သစ်လုပ်ငန်း)ရဲ့ပြောဆိုမှုအရ ဦးသိန်းစိန်ရဲ့စိတ်စေတနာ ဘယ်လောက်ရိုးသားမှု ရှိမရှိကိုအတိအကျမသိနိုင်ပါ၊ သို့သော်ဘာလီကျွန်းသတင်းစာရှင်းလင်းပွဲမှာ သမ္မတဦးသိန်းစိန်က နိုင်ငံအကျဉ်းသားမရှိပါဘူးလို့
ReplyDeleteပြောခဲ့ပါတယ်၊ ဇန်ဒါဝါရီ၃ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်လွတ်လာသော်လည်း အခြားသာမာန်အကျဉ်းသားများနဲ့ တတန်းတည်းထားလွှတ်ပေးလိုက်တာပါ၊ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် သမ္မတဦးသိန်းစိန်ဟာ နိုင်ငံရေးအကျဉ်းသားကို အသိအမှတ်မပြုတဲ့အတိုင်းပဲ ယခုနိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးလိုက်ပုံက သူ့ပြောခဲ့တာနဲ့ ကိုက်ညီနေပါတယ်။
ဒါမှ တို့သမ္မတကြီး....:)
ReplyDelete06770649 ရဲ့ သဘောထားကိုတော့ကြိုက်တယ်။
အဆိုးမြင်သမားတွေကတော့ လိုက်လျောပေးနေလို့ ရောင့်တက်နေကြတုန်းဘဲ။ကိုယ်တိုင်တော့ ဘာမှလည်း တိုင်းပြည်အတွက် အကျိုးမရှိဘဲနဲ့။ ဒေါ်ကျင် ဆောင်စရာလိုတဲ့ သူတွေများတယ်။
ရွးချယ်ထားသော ၂ယောက်လုံးကိုအားမရပါ။
ReplyDeleteသူတို. ၂ယောက်လုပ်ယုံနဲ. တိုငးပြည်အပြောင်းအလဲ ဖြစ်မယ်လို.မယုံကြည်ပါ။
အင်းတဖြေးဖြေးနဲ့ဗူးပေါ်သလိုပေါ်လာပြီး၊ ဟိုတုန်းကတော့ ဖေါ်လန်ဖားတွေ အောက်ကလျှို၊ လျို့ဝှက်တဲ့နည်းနဲ့ဖားခဲ့ကြတာအခုတော့ ပေါ်တင်ကိုဖားလာပါလား။ သမိုင်းဆိုတာပြောင်းလို့မရဘူးဟဲ့ ငတုန်းတွေရဲ့ သူတို့လုပ်ခဲ့တဲ့အရာတွေဟာသသက်လုံး ဖျောက်လို့မရဘူး နှစ်နာခဲ့တဲ့လူတွေကိုမအားမနာ၊ သည်အရူးတွေကိုများ ချီးကျူးနေတာအံ့ပါရဲ့ သည်လိုဦးနောက်မရှိတဲ့လူတွေများ လို့ဗမာပြည် ဒီမိုကရေစီအရေးမှာ မအောင်မြင်ဖြစ်နေတာ။ ဗမာစစ်သားတွေကြောင့် ကျန်တဲ့ငါတို့ဗမာတွေအားလုံး မုဒိန်းကောင်တွေဖြစ် လူသတ်ကောင်တွေဖြစ်နေတာမသိဘူးလား။ ငါတို့သိက္ခာကျတယ် ဒင်းတို့နဲ့အမျိုးတူမိလို့။
ReplyDeleteနအဖ ဝန်ကြီးချုပ်တစ်ဖြစ်လဲ နှင့် အရည်အချင်းမရှိတဲ့ သမ္မ ဘာမှ မကွာပါဘူး။ စစ်တပ်က ရေကာတာ ကိစ္စ သဘောကောင်းလို့ နောက်ဆုတ် သွားတာမဟုတ်ပါဘူး။ ထွက်ပေါက် ထွက်ပေါက် အသက်လုတဲ့ အပေါက်ပါ။ ချောင်ပိတ် မီနေကို သဘောထားကြီးဟန် အပြုသဘောဆောင်ဟန် ဆုတ်သွားတာပါ။ သိန်းစိန် တို့  သန်းရွှေတို့  စစ်ဘက်ဆိုင်ရာ ကလိမ်ကကျစ်တွေ အကြောင်း လူထုက နောကျေနေပြီးသားပါ။ စစ်တပ် တစ်တပ်လုံး သရဲဘောကြောင်တွေပါ။ နောက်လိုက် ဖော်လံဖား စီးပွားရေး သမားတွေ ကျွေးတာစား စစ်မိန့် နာခံသမားလောက်သာ အကောင်းမြင်နေကြတာ မဆန်းပြားပါဘူး။
ReplyDeleteသိန်းစိန်ကိုပေးမဲ့အစားဗိုလ်ချုပ်၈ွမ်မော်ကိုပေးတာကဟုတ်
ReplyDeleteသေးတယ်။ကချင်ပြည်နယ်တိုက်ပွဲတွေမှာသူပဲဦးဆောင်နေတာ
eleven select most lierrrrr in the world @ 2011
ReplyDelete၂၀၁၁ ရဲ့အထူးခြားဆုံးတွေကတော့
ReplyDeleteသမတကြီး.....သမတကြီး လို့
တကြီးထဲ ကြီးနေကြတဲ့ ဖော်လန်ဖား ငအများနဲ့ အချောင်သမားများပဲဖြစ်ကြပါတယ်ခင်ဗျား
သာဓု သာဓု
မြန်မာပြည်တိုးတက်အောင်ကူညီတဲ့အနေနဲ.
ReplyDeleteကန်.လန်.လိုက်တိုက်ကြရအောင်လား