~
Yangon Press International
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှု စာရင်း နံနက် ၇ နာရီ ၁၅ မိနစ်
လားရှိုးထောင်မှ ကိုမင်းဇေယျာ၊ ကိုမင်းဟန်၊ မဟန်နီဦးတို့ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်မည်ဟု မိသားစုဝင် အတည်ပြု၊
ဘူးသီးတောင် အကျဉ်းထောင်မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ် အပါအ၀င် ၉ ဦးလွတ်မြောက်မည်ဟု အတည်ပြုနိုင်ပြီး ၁ ဦးကျန်ရှိမည်ဟုလည်း သိရသည်။
လက်ရှိပြုစုထားသည့် စာရင်းအရ ဘူးသီးတောင် ထောင်တွင် နိုင်ကျဉ်း ၁၀ ဦးထိန်းသိမ်းထားသည်ကို သိရသည်။
ကျောက်ဖြူထောင်မှ နိုင်ငံရေး အကျဉ်းသား ၉ ဦးနှင့် စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်တို့ လွတ်မြောက်သည်ဟု အကျဉ်းဦးစီးမှ အတည်ပြုပြောဆိုသည်။
မြင်းခြံထောင်မှ နိုင်ငံရေး အကျဉ်းသား ကျား ၁၁၊ မ ၂ ဦး တို့လွတ်မြောက်သည်။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၆၅ နှစ်ခွဲ ချမှတ်ခံထားရသူ မသက်သက်အောင် လည်း ယင်းတို့အနက်ပါဝင်သည်ဟု အကျဉ်းဦးစီးဋ္ဌာနကို လှမ်းမေးမြန်းသည့် မသက်သက်အောင် ခင်ပွန်း ကိုချစ်ကိုလင်းက အတည်ပြုပြောဆိုသည်။
လွတ်မြောက်သည့် စာရင်းထဲ မပါဝင်သူအချို့စာရင်းလည်း ရရှိထားရာ ရှမ်းတိုင်းရင်းသား ၆ ဦး ကရင် ၂ ၊ သရက်ထောင်မှ ကိုသန်းဇော် ပါဝင်သည်။
~
ဝမ်းသာလွန်းလို့ ဘာပြောရမယ်မသိ
ReplyDeleteပိုပြီးစိတ်ဝင်စားဖို.ကောင်းလာပြီ။ပြည်ပက ဘာတွေဆက်အော်ကြဦးမလဲ။
ReplyDeleteသမ္မတကြီး ဦးသိန်းစိန်ကိုအပြည့်ဝထောက်ခံပါတယ်။ကျွန်တော်တို့နိုင်ငံတော်ကြီးရဲ့အနာဂါတ်ငြိမ်းချမ်းပါစေ။
ReplyDeleteWe must organise and our good future is not so far.we need good leader.see other country(esp Singapore)
ReplyDeleteပြည်ပကအော်ပုံတွေပြောင်းသွားပြီ။
ReplyDeleteဒီမိုကရေစီ"မ"ရရှိရေး..ဒို့အရေး ထောက်ပံကြေးတွေမလာတော့လို့...:)))))
that's right! "ပြည်ပကအော်ပုံတွေပြောင်းသွားပြီ။
ReplyDeleteဒီမိုကရေစီ"မ"ရရှိရေး..ဒို့အရေး ထောက်ပံကြေးတွေမလာတော့လို့.."
အမှန်တကယ်ကို ၀မ်းသာစရာ ကောင်းတာပါ။မိသားစုတွေ ပြန်လည်ဆုံစည်းမှုအတွက် မျက်ရည်ကျတဲ့အထိ ၀မ်းသာရပါတယ်။ဦးသိန်းစိန်အစိုးရကို အတိုင်းအတာ တခုအထိတော့ ထောက်ခံပါတယ်။ အစိုးရနဲ့ အတိုက်အခံပါတီတွေ၊ လက်နှက်ကိုင်အဖွဲ့ အစည်းတွေ စည်းလုံးညွတ်စွာနဲ့ တိုင်းပြည်ကောင်းကျိုးအတွက် လုပ်ဆောင်လာနှိုင်ရင်တော့ တိုင်းပြည်ရဲ့အနာဂါတ်ဟာ လှပလာတော့မှာပါ။အဲဒီလို ဖြစ်ဖို့အတွက် ပုဂ္ဂိုလ်ရေး အာဃာတတွေ၊ အတိတ်ကနာကျည်းချက်တွေကို ဘေးဖယ်ထားပြီး အတိတ်က အမှားတွေကို သင်ခန်းစာယူ ရလိမ့်မယ်ထင်ပါတယ်။မြန်မာပြည် ငြိမ်းချမ်းပါစေ..........
ReplyDeleteမြသစ်ငယ်