Pages

Friday, February 10, 2012

ဒါဖတ်ပြီးမှ အိမ်သာတက်ပါ


ကယ်လီဖိုးနီးယားပြည်နယ်က အမျိုးသမီးတဦးရဲ့ ရွှေဆွဲကြိုး အိမ်သာကြွေအိုးထဲ မတော်တဆ ရောက်သွားပေမယ့် လအတန်ကြာပြီးနောက်မှာ သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြို့ ပြန်ရောက်လာတယ်လို့ ဆိုတယ်။
အင်း - ဟိုဟာတွေတော့ ပေသွားမှာပေါ့၊ အဲဒီထဲ အဲဒါတွေပဲ ရှိတာလေ။

ဒီသတင်းကို ကယ်လီဖိုးနီးယား ဒေသခံ Marin Independent Journal က အခုလို အစချီ ရေးထားလေရဲ့-

သန့်ရှင်းရေးဌာန ၀န်ထမ်း တွေ့တဲ့ ဆွဲကြိုးပြန်လာပေးတော့ ဒီအမျိုးသမီး အားရ၀မ်းသာဖြစ်သွားတယ် တဲ့။

ဆွဲကြိုးက သူ့ခင်ပွန်းသည်ပေးထားတာပါ။ ၁၉၉၃ ခုနှစ် ခရစ်စမတ်လက်ဆောင်ပေါ့။

ပြီးခဲ့တဲ့ အောက်တိုဘာညတည အိမ်သာအတက်မှာ ရေဆွဲချတဲ့ထဲ ပါသွားပါလေရော အဲဒီဆွဲကြိုး။

နောက်တနေ့မနက် ဆွဲကြိုးပျောက်တာကို သိရှိသွားပြီးတဲ့နောက် ခင်ပွန်းသည်က ဆွဲကြိုး ပြန်ရရေး ကြိုးစားပါသေးတယ်။ အချည်းအနှီးပါပဲ။

အိမ်နီးချင်းတဦးက သန့်ရှင်းရေးဌာနကို ဆက်သွယ်ပြီး ဆွဲကြိုးပျောက်မှုကို ပြောပြထားခဲ့ပါတယ်။ ဆွဲကြိုးပိုင်ရှင်ကတော့ သူ့ပစ္စည်း အိမ်သာပိုက်ကတဆင့် ပင်လယ်ကွေ့ထဲ ရောက်သွားလောက်ပြီလို့ ယူဆထားသတဲ့။

ပြီးခဲ့တဲ့လ သန့်ရှင်းရေးဝန်ထမ်းတွေ ပိုက်လိုင်းသန့်ရှင်းရေးအလုပ် ဒီဆွဲကြိုးကို တွေ့တာကြောင့် ကာယကံရှင်ဆီ ဆက်သွယ်ပြီး လာပေးတာပါ။

ပိုင်ရှင်အမျိုးသမီး ( နာမည်က - Anne Aulakh ) က ဒီလထဲ ကျရောက်မယ့် ချစ်ကြသူများနေ့ နဲ့ သူတို့ ၂ ဦးရဲ့ ၁၉ နှစ်မြောက် မင်္ဂလာ အထိမ်းအမှတ်နေ့တွေ မတိုင်ခင် ဒီပစ္စည်း ပြန်ရောက်တယ်လို့ ဆိုတယ်။ ၀မ်းသာနေပါတယ်။ အင်း - သူ အိမ်သာတက်ရင်တော့ ဆွဲကြိုးချွတ်ပြီး ပစ်မထည့်တော့ဘူးလို့ ယူဆရပါတယ်။

7 comments:

  1. ပေးချင်တဲ့ MESSAGE ကဘာမှန်းမသိဘူး :(

    ReplyDelete
  2. ဘာကို..ဆိုလိုချင်မှန်းမသိဘူး..

    အရေးအသား..တော်တော်ညံ့တာပဲ

    ReplyDelete
  3. ပေးချင်တဲ့ သတင်းက သူများနိုင်ငံက သန့်ရှင်းရေးဝန်ထမ်းတွေ ရိုးသားတယ်။ မြန်မာပြည်မာဆို ပြန်မရဖို့ ၁၁၀ ရာခိုင်နုန်း ရှိလောက်တယ် ဆိုတာပေါ့။

    ReplyDelete
  4. ”ပေးချင်တဲ့ သတင်းက သူများနိုင်ငံက သန့်ရှင်းရေးဝန်ထမ်းတွေ ရိုးသားတယ်။ မြန်မာပြည်မာဆို ပြန်မရဖို့ ၁၁၀ ရာခိုင်နုန်း ရှိလောက်တယ် ဆိုတာပေါ့။” ဒါဆိုရင် “ဒါဖတ်ပြီးမှ အိမ်သာတက်ပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာပတ်သက်လို့လဲ၊ အူကြောင်ကြောင်နဲ့ အရေးအသားညံ့တာ မဟုတ်ဘူး၊ မြန်မာစာကို မရေးတတ်တာ။

    ReplyDelete
  5. I thought the messages are:
    (1)the gold has high density and can not move away along pipes and will be trapped in some place.
    (2)if lost something, should inform to relative department and it may work later.
    (3)these workers are honest eventhough they are cleaning workers.mmr people need to learn.

    ReplyDelete
  6. ခေါင်းစဉ်က ဒါဖတ်ပြီးမှ ဆွဲကြိုးဝယ်ပါဆို ဟုတ်တုတ်တုတ်

    ReplyDelete
  7. -- သူ့ ပစ္စည်း အိမ်သာပိုက်ကတဆင့် ပင်လယ်ကွေ့ ထဲ ရောက်သွားလောက်ပြီလို့  ယူဆထားသတဲ့--တဲ့။
    မူရင်းသတင်းစာထဲမှာ အဲဒီလို ပြောထားတာ
    မတွေ့ ရတာဟာ ကျနော့်အပြစ်ပဲလားတော့ မသိဘူး။
    နောက်တခုက စာရေးသူပြောသလို၊ မိလ္လာတွေကို ပင်လယ်ကွေ့ ထဲ စွန့် ပစ်လို့ မရပါဘူး။

    ReplyDelete