နိုင်ငံတကာ အထင်ကရများ ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို သွားရောက် တွေ့ဆုံ၊ စကားပြောနေကြတာ ဒီတခေါက် ရောက်သွားသူကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း ဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲက သူ ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်တုန်းကတည်းက စီစဉ်ထားတာပါ တဲ့။ ဟုတ်မဟုတ်တော့ မသိပါဘူး။ http://thailand-business-news.com/ မှာ သူအဲဒီလိုပြောကြောင်း ကိုးကား ရေးထားပါတယ်။
စနေနေ့က သတင်းထောက်တွေနဲ့ တွေ့နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံခေါင်းဆောင် အဖိဆစ် ဝေ့ချာချီဝ တို့အဖွဲ့ (ဓာတ်ပုံများ - ဧရာဝတီ)
“ဒီကိုလာတာက ဒီနိုင်ငံရဲ့ အနာဂတ်အတွက် အလွန် အရေးကြီးတဲ့၊ ဒေသတွင်းနိုင်ငံတွေ အတွက် အလွန် အရေးကြီးတဲ့ မြန်မာ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံဖို့ပါ” လို့ အဖိဆစ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ “အန်တီတို့နဲ့ ထိုင်းနဲ့ ဒီမိုကရေစီခရီးကို လျှောက်တဲ့အခါမှာ ဘယ်လို အတွေ့အကြုံတွေရှိလဲ။ အတွေ့အကြုံတွေဖလှယ်တာပေါ့။ အတွေ့အကြုံတွေဖလှယ်တယ်ဆိုတော့လည်း ဒီဟာတွေပြန်စဉ်းစားလို့ရှိရင်လည်း အကြံဥာဏ်တွေ နောက်ထွက်လာမှာပေါ့” လို့ သတင်းထောက်တွေကို ပြောပါတယ်။
လာပြန်ပြီ တယောက်၊ ရှေ့ဆုံးတန်းက ရ,အောင် နေရာဝင်ဦးနေပြီ။ ပြီးမှ သူ့ရှေ့ကဆရာကြီးတွေလို " မှောင်ခို" ပြန်ထုတ်မဲ့ ပုံစံပဲ။
ReplyDeleteရှေ့ ဆုံးမှာလာပြီးတော့ဘာလုပ်ဖို့ ကြံတာလဲမသိဘူးနော် သူတို့ အစိုးရဖြစ်တုန်းကမလာဘဲနဲ့ ခုမှလာတာဘယ်လိုရည်ရွယ်ချက်နဲ့ လဲဗျာ
ReplyDelete