Pages

Friday, February 10, 2012

ဖူးခက်၊ ဖန်င သွားမယ့်သူများ ပင်လယ်ထဲ ဖမ်းမိ

Linkထိုင်းနိုင်ငံ ရေပိုင်နက်ထဲမှာ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၇ ယောက်ကို ဒီကနေ့ ရေတပ် အာဏာပိုင်တွေက ဖမ်းလိုက်တယ်လို့ မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။

တရားဝင် ခရီးသွားလာတဲ့ စာရွက်စာတမ်းတွေ မရှိဘူး။ ကော့သောင်းမြို့ကနေ ရနောင်းမြို့ကို ဖြတ်ကူးနေတုန်း အဖမ်းခံရတာပါ။

အဖမ်းခံရတဲ့ လူတွေ စစ်ဆေးမေးမြန်းချက် အရ “အားလုံး ရန်ကုန်ကနေ ကော့သောင်းမြို့ကို ဘတ်ငွေ ၃၅၀၀ အကုန် အကျခံ ပြီး လာခဲ့တယ်၊ ဖန်ငနဲ့ ဖူးကက်မြို့မှာ အလုပ် သွားလုပ်ဖို့ ထိုင်းလူမျိုး တယောက်ကို ဆက်သွယ်ထားတယ်” လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေကလည်း အဲဒီ ထိုင်းလူမျိုးရဲ့ ဖုန်းနံပတ်ကို ယူထားပြီးတော့ ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ လတ်တလော ရနောင်းမြို့နယ် ပါနန်း ရဲစခန်းမှာ ပို့ထားတယ် တဲ့။

ဒီလို အဖမ်းခံရတဲ့ သူတွေကို ထိုင်းအာဏာပိုင်က စစ်ဆေးမေးမြန်းပြီး လူဝင်မှု ကြီးကြပ်ရေး ဌာန (လ၀က) မှာ ထိန်းသိမ်းလေ့ ရှိပါတယ်။ လ၀က စခန်းမှာ ယာယီ ထိန်းသိမ်းပြီး မူရင်း နိုင်ငံကို ပြန်ပို့လေ့ ရှိတယ်လို့ သိပါတယ်။

ညွှန်း - http://manager.co.th/Local/ViewNews.aspx?NewsID=9550000018884



No comments:

Post a Comment