
သို့
အန်တီစု
ကျွန်တော်ကတော့ တပ်မတော်က စစ်သားတစ်ဦးပါ။ ကျွန်တော့ရဲ့ခံစားချက်လေးတွေကို ရင်ဖွင့်ပါရစေ။ စစ်တပ်နယ်ပယ်ရဲ့ အပြင်ဘက်မှာ ဒီမိုကရေစီရဲ့ အရိပ်ယောင်တွေ သန်းလာတာမြင်ရတော့ ကျွန်တော် အများကြီး ၀မ်းသာမိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စစ်တပ်မှာတော့ ဒုံရင်းက ဒုံရင်းပါပဲ။ လူ့အခွင့်အရေးတို့ တရားမျှတမှုတို့ဆိုတာ ဝေလာဝေးပဲ။ ခွင့်ဆိုတာက တပ်မတော်ရဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားတဲ့ စာအုပ်တွေထဲမှာ တစ်နှစ်ကို ရက် ၂၀ လောက်ရပေမယ့် ကျွန်တော်တို့ အတွက်တော့ ခွင့်ဆိုတာ အဝေးကြီးပါပဲ။
တစ်နှစ်မပြောနဲ့ ကျွန်တော်နေတဲ့တပ်မှာဆို အခု ၄ နှစ်ပြည့်တော့မယ် ခွင့်ဆိုတာမရှိပါဘူး။ မင်္ဂလာဆောင်တာနဲ့ မိဘ နာရေးကလွဲရင် ခွင့်မပေးပါဘူး။ လူသားချင်း မစာနာချက်ကတော့ ရင်နင့်စရာပဲ။ တခြားလည်း ဘာအခွင့်အရေးမှ မရှိတဲ့အပြင် ကျွန်တော်တို့ရတဲ့လစာထဲက တပ်သာယာ လှပရေးအတွက်၊ တပ်ရဲ့လုပ်ငန်းကိစ္စတွေ အတွက် ထုတ်သုံးရသေးတယ်ဗျ။ မသုံးလို့က မရဘူး၊ ခိုင်းတာမပြီးရင် တပ်ရင်မှူးက လက်သီးနဲ့ မျက်နှာကို အားရအောင် အချက်ပေါင်းများစွာထိုးတယ်။ လည်ပင်းညစ်လည်း ခံရသေးတယ်လေ။
အဲဒီတော့ ရင်နာနာနဲ့ပဲ ကိုယ်လစာကို ထုတ်သုံးနေရတယ်ဗျာ။ ကိုယ်ရတဲ့လစာကို ကိုယ်အပြည့်အ၀ သုံးချင်တာပေါ့ဗျာ။ ဒါပေမယ့် တပ်လုပ်ငန်းကိစ္စတွေမှာ သုံးရတယ်ဗျ။ တပ်ကို လူကြီးတွေလာစစ်ရင် တပ်မှူး မျက်နှာပန်းလှဖို့ တပ်သာယာလှပရေးကိစ္စတွေမှာ ယာယီတာဝန်နဲ့ သွားရတဲ့အခါတွေမှာ ထုတ်သုံးရတယ်ဗျ။
အဲဒီလိုမတရားခံနေရလို့ ကျွန်တော်တို့မှာ တပ်မတော်က နှုတ်ထွက်ခွင့် ရှိသလားဆိုတော့ မရှိပြန်ဘူး။ တပ်မတော်က နှုတ်ထွက်ခွင့်ကို အထူးကြပ်မတ်ထားတယ်။ ကျွန်တော်တို့ Master ပြီးတဲ့သူတွေဆိုရင် ဘွဲ့ရပြီး ၁၀ နှစ်အတွင်း တပ်မတော်ကနေ နုတ်ထွက်ခွင့်မရှိဘူးတဲ့။ ခုမှ ၂ နှစ်ပဲရှိသေးတာ။ နည်းအမျိုးမျိုးနဲ့ချုပ်တယ်။ လူကြီးတွေရဲ့သားတွေက စစ်တပ်ကနေ ထွက်ချင်ရင်ထွက်ဖို့ လွယ်သလောက် ကျွန်တောတို့မှာတော့ နှုတ်ထွက်ခွင့်မရှိဘူး။ တချို့ မခံနိုင်တော့လို့ ထွက်ပြေးတာတောင်မှ အထက်ဌာနက မသိခင်ရအောင် ပြန်ဖမ်းပြီး တပ်ထဲမှာပဲနေခိုင်းထားတယ်ဗျာ။ ဆိုးလိုက်တာ နိုင်ငံတကာမှာတော့ ဘယ်လိုရှိသလဲမသိဘူး စစ်တပ်ဆိုတာ မြန်မာ့စစ်တပ်ကတော့ လက်ဖျားခါတယ်ဗျာ။
ကျွန်တော်တို့ တပ်ထဲဝင်တုန်းက စာချုပ်မှာ အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ပြီးရင် နုတ်ထွက်နိုင်တယ်လို့ ပါပေမယ့် ၁၀ နှစ်ကျော်လည်းထွက်မရ ၁၅ နှစ်ကျော်လည်း ထွက်မရနဲ့ တော်တော်ဆိုးပါတယ်။ အဲဒီလို နုတ်ထွက်ခွင့်မရတာကိုဘဲ အခွင့်ကောင်းယူပြီးတော့ အနိုင်ကျင့် နှိပ်စက်တော့တာပါပဲ။ ကျွန်တော်တို့ ဒီလို ညှင်ပမ်း အနိုင့်ကျင့်ခံရတာကို ဘယ်သူမှလဲ မကယ်နိုင်ပါဘူး။ တရားမျှတမှု ဆိုတာအဝေးကြီးပါပဲ။ တကယ့်လောက ငရဲပါပဲဗျာ။
အခုအပြင်မှာ လူကုန်ကူးမှုတွေ တိုက်ဖျက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာကြားတော့ ၀မ်းသာစရာပါပဲ။ ဒါပေမယ့် တပ်မတော်ထဲက လူကုန်ကူးမှုကိုတော့ ဘယ်သူမှ အရေးမစိုက်ကြပါဘူး။ တပ်မတော်ထဲမှာ ဘယ်လို လူကုန်ကူးမှု
ဖြစ်လဲဆိုရင် ကျွန်တော်တို့ တပ်တွေကို တိုင်း၊ တပ်မတွေက ၄ လမှာ လူသစ်ဘယ်နှစ်ယောက် စုဆောင်းနိုင်ရမယ်၊ တစ်နှစ်ကို စစ်သားသစ် ဘယ်နှစ်ယောက် (ဥပမာ - ၅ယောက်) စုဆောင်းနိုင်ရမယ် စသည်ဖြင့် ခိုင်းတယ်ဗျ။ အဲဒီအခါ လူသစ်စုဆောင်းဖို့ တာဝန်ပေးခံရတဲ့သူက စစ်သားစုဆောင်းရေး တပ်ဖွဲ့တွေမှာ တစ်ယောက်ကို တစ်သိန်းခွဲကနေ ငါးသိန်းလောက်အထိ ပေါက်ဈေးရှိတယ်ဗျ။ အဲဒါကို ကျွန်တော်တို့က ၀ယ်ရတယ်။ ဘယ်သူမှ စစ်ထဲမ၀င်ချင်တော့ဗျာ၊ ဘယ်လိုလူတွေ ရလာလဲဆိုတော့ စိတ်မမှန်တဲ့သူတွေ၊ အရူးအနှမ်းတွေ၊ အမှုပေါင်းစုံနဲ့လူတွေ ရလာရော။ မြန်မာ့စစ်တပ်ရဲ့ အနာဂတ် စဉ်းစားသာကြည့်ပေတော့။ အနာသိရင် ဆေးရှိရမယ်ဆိုပေမယ့် ဒီကိစ္စတွေကို အဖြေရှာဖို့ ပြင်ဆင်ဖို့ ဘယ်လူကြီးမှ လဲစိတ်ဝင်စားတဲ့ပုံ မပေါ်ပါဘူး။
ကျွန်တော်ထင်တယ်ခင်ဗျာ၊ တပ်မတော်ထဲမှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ဖို့လိုပြီလို့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တပ်မတော်သားတွေလည်း Human ဆိုတဲ့ လူသားတွေပါပဲ။ ဒါပေမယ့် ဒဏ်ကျခံနေရတဲ့ လူသားတွေလိုပါပဲဗျာ။ လွတ်လမ်းကမရှိ။ အသက် ၆၀ ပြည့်မှ လွတ်မယ်ထင်တယ်။ နိုင်ငံနဲ့လူမျိုးကိုတော့ ချစ်ပါတယ်ဗျာ။ ဒီစိတ်ကတော့ ဘယ်တော့မှ မပြောင်းပါဘူး။ ဒါပေမယ့် ဒီအဖွဲ့အစည်းက မတရားမှုတွေ နှိပ်စက်မှုတွေက များနေတော့ ယိုင်နဲ့နေပြီ။
အခုလည်း အရာရှိတိုင်း ဦးပိုင်မှာ ငွေအနည်းဆုံး ၁၅ သိန်းရှိရမယ်၊ ၃၅သိန်းရှိရမယ်ဆိုပြီး လုပ်လာပြန်ပြီ။ ဘယ်မှာလည်း တရားမျှတမှု၊ ဘယ်မှာလဲ ဒီမိုကရေစီ။ သုံးလကို တစ်သိန်းစုရမယ်တဲ့။
သတ်မှတ်ထားတဲ့နှစ်အထိ တာဝန် ထမ်းဆောင်ပြီးတဲ့သူတွေကို ထွက်ခွင့်ပေးစေချင်ပါတယ်။ အဲဒီလိုဆို အရမ်းကောင်းမှာပဲ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အရပ်ဘက်နည်းတူ လုပ်ပေးစေချင်ပါတယ်။ ပြုပြင်ပြောင်းလဲရေး ဆိုတာက တရားမျှတမှု သက်သာချောင်ချိရေးနဲ့ လူ့အခွင့်အရေးကို ဆိုလိုတာပါ။
သမ္မတကြီးဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သိအောင်ပြောပေးစေချင်ပါတယ် ခင်ဗျား။ ကျေးဇူးအထူးတင်ပါတယ်။
အန်တီစု ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ကြားရတာတော့စိတ်မကောင်းပါဘူးကိုယ့်လူရယ်။ စစ်တပ်ကမှအန်တီစုနဲ့မပူးပေါင်းဘဲ ဘယ်လိုကယ်ရမလဲ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံရေးအရကြည့်မည်ဆိုလျှင် စစ်တပ်သည်ယခုတိုင်အောင် လွှတ်တော်ထဲမှာလွှမ်းမိုးထားဆဲပါ။ စစ်သားမဟုတ်တော့တဲ့ စစ်သားများပါတီ ကြံဖွတ်ကလည်းလက်ရှိအာဏာရပါတီပါ။ အစစအရာရာစစ်တပ်ကချုပ်ကိုင်စိုးမိုးဆဲပါ။ ယခုထက်တိုင်လည်း စစ်အာဏာရူးများက အမေစုကိုပုတ်ခတ်တိုက်ခိုက်နေဆဲပါဘဲ။ မီဒီယာအရလည်း myanmarexpress.net တို့လိုရုရှစစ်သားများက စစ်အာဏာရှင်ဝါဒဖြန့်နေဆဲပါ။
ReplyDeleteမောင်ရင်တို့လိုဘဲ သူတို့လဲနောက်တချိန် master တို့ ph.d တို့ဖြစ်လာမည့် သမိုင်းတရားခံလက်သစ်လေးတွေပေါ့ဗျာ။ မောင်ရင်လဲ
တချိန်ကတော့ကျောင်းပြီးတဲ့အခါ နေရာကောင်းကောင်းရရင် ဂွင်တည့်ပြီဆိုတဲ့တွက်ကိန်းနဲ့ စစ်ထဲဝင်ခဲ့တာဘဲမဟုတ်လား။ စစ်ဆေးတက္ကသိုလ် ၊ စစ်အင်္ဂျံင်နီယာ ၊ dsa အစရှိသဖြင့်ဝင်ကြတဲ့သူတွေအကုန်လုံးဟာ အာဏာနဲ့ ကျောင်းပြီးရင်ရမယ့် လုပ်ပိုင်ခွင့်တွေကို အထက်လူကြီးတွေနဲ့ကပ်ပြီးဘယ်လိုယူမယ် ၊ ဘယ်ဋ္ဌာနရောက်ရင်ဘယ်လိုဂွင်တည့်တယ်ဆိုတဲ့ ရည်မှန်းချက်ကိုယ်စီနဲ့ချည်းပါဘဲ။ အဲဒီတော့အကောင်းဆုံးအကြံဥာဏ်ပေးချင်တာကတော
မြန်မာ့တပ်မတော်အတွင်းမှာရှိတဲ့ စစ်သားများအားလုံးကိုစည်းလုံးရေးဆင်းပါ။ အမေစုကိုထောက်ခံပါ။ မိမိကိုယ်တိုင်မကြိုက်တဲ့ စစ်အာဏာရှင်စနစ်ကို မိမိကိုယ်တိုင်ကြိုးစားတွန်းလှန်ပါ။ ဂဂဂဂ မှာတုန်းကလို နိုင်ငံရေးအရပူးပေါင်းပါဝင်ဖို့ ကြိုးစားအားထုတ်ပါ။ မိမိရဲ့ လွဲမှားခဲ့တဲ့ တကိုယ်ကောင်းဆန်ခဲ့တဲ့ စိတ်ကိုပြင်ပြီး မိမိအခုခံစားနေရတာထက် အဆပေါင်းများစွာ ဆင်းရဲကျပ်တည်းမှုဒဏ်ကိုအလူးအလဲခံစားနေရတဲ့
ပြည်သူပြည်သားတွေရဲ့မျက်နှာကိုကြည့်ပါ။ခင်ဗျားလို master ပြီးတဲ့စစ်အရာရှိတစ်ယောက်တောင် စစ်အုပ်ချုပ်ရေးကြောင့်ဒီလောက်ခံစားနေရရင် ပညာမတတ်တဲ့ နေ့စဉ်ထမင်းတောင်နပ်မမှန်တဲ့
ပြည်သူပြည်သားတွေရဲ့ ခံစားရတဲ့ စိတ်ဖိစီးမှုဒဏ်ကိုကိုယ်ချင်းစာကြည့်ပါ။ BG အဖွဲ့က ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ကို ဥပမာယူပါ။ လူမသိသူမသိစစ်ဗိုလ်တစ်ယောက်ဘဝကနေ တိုင်းသိပြည်သိ တိုင်းကျိုးပြည်ကျိုးပြုတဲ့ပုဂ္ဂိုလ်ဖြစ်နေပါပြီ။ အားကျအတုယူလိုက်ပါ။ ပြည်သူအတွက်ပေးဆပ်လိုက်ပါ။ အဲဒီပီတိရဲ့အရသာကို မြည်းစမ်းကြည့်လိုက်ပါ။ စစ်ယူနီဖောင်းနဲ့ 9mm ခါးချိတ်ပြီး ပြည်သူတွေကိုသြဇာပေးရတာထက်ပိုချိုပါတယ်ဗျာ။
ပြည်သူတွေရဲ့ရွံကြောက်ကြီးဘဝကနေ ပြည်သူချစ်တဲ့ စစ်သားဘဝရောက်အောင်ကိုယ်တိုင်ဦးစီးဦးဆောင်ကြိုးစား
လိုက်စမ်းပါ။
(ကျွန်တော်တို့ Master ပြီးတဲ့သူတွေဆိုရင် ) ဒီစာအတိုင်းဆိုရင်တော့ ဒီစစ်သားက အရာရှိပေါ့။
ReplyDeleteရုရှားရောက်နေတဲ့ စစ်ဗိုလ်တွေကျတော့ စစ်တပ်ကို အကောင်းကြီးပဲ ပြောနေပါလား.
တပ်မတော်ထိ ဓါးကြည့်ဆိုတဲ့လူတွေ.. ဦးသန်းရွှေကို ညအိပ်တိုင်း ကန်တော့၊ ဦးသိန်းစိန်ကို
ညအိပ်တိုင်း ကန်တော့နေကြသလို... သန်းရွှေထိရင် သူတို့ အဖေကို ထိသလိုပဲ ဆတ်ဆတ်ခါ
နာနေလိုက်ကြတာ... သိန်းစိန်ကို မကောင်းပြောရင် သူတို့ ပထွေးကျနေတာပဲ ကာကွယ်နေလိုက်တာ...
တကယ့်တောထဲ တောင်ထဲ ရောက်နေတဲ့ စစ်သားတွေကတော့ မဝရေစာစားပြီး ပြည်သူတွေရဲ့
အမုန်းကို ခံနေရတယ်...
ကိုယ်ချင်းစာပါတယ်,,, စစ်တပ်အကြောင်းပြော၇င် 1001 ညပုံပြင်ထက်၇ှည်သွားမှာ.,, အ၇ာ၇ှိတချို. တ၀က်သာကောင်းစားတာပါ,,ကောင်းစားတဲ့ အ၇ာ၇ှိငယ်မှန်သမျှ အ၇ာ၇ှိကြီးတွေ၇ဲ. သားတွေ ဆွေမျိုးတွေပါ,,,, ကျွန်တော်ကိုယ်တိုင် စစ်တပ်မှာ 11 နှစ် တာဝန်ထမ်းဆောင်ခဲ့တာပါ,,,,
ReplyDeleteကိုယ်ချင်းစာပါတယ်,,, စစ်တပ်အကြောင်းပြော၇င် 1001 ညပုံပြင်ထက်၇ှည်သွားမှာ.,, အ၇ာ၇ှိတချို. တ၀က်သာကောင်းစားတာပါ,,ကောင်းစားတဲ့ အ၇ာ၇ှိငယ်မှန်သမျှ အ၇ာ၇ှိကြီးတွေ၇ဲ. သားတွေ ဆွေမျိုးတွေပါ,,,, ကျွန်တော်ကိုယ်တိုင် စစ်တပ်မှာ 11 နှစ် တာဝန်ထမ်းဆောင်ခဲ့တာပါ,,,,
ReplyDeletefeel like i m reading the real feeling about this guy writting !
ReplyDeleteတကယ်ခံစားချက်နဲ့ ရေးတာနေမှာပါ။ ကျွန်တော်ဘုရင့်နောင် စစ်ကြောရေး အရာရှိဆောင်မှာ တနှစ်လောက်နေခဲ့ဖူးပါတယ်။ သူတို့တွေအထဲမှာလည်း တပ်အကောင်းပြောတဲ့သူရှားပါတယ်။ သူတို့ အပြောအရဆိုရင် စစ်တပ်ကသာထွက်ခွင့်ပေးလိုက်စမ်းပါ . သန်းရွှေနဲ့ အလံတိုင်ပဲကျန်မယ်လို့ ဆိုပါတယ်။ ဘာလို့ လည်း ကျွန်တော်မေးတဲ့အခါမှာ ဗိုလ်မှုးအဆင့်ရောက်တာနဲ့ သူတို့တွေအားလုံးလည်း ချောင်ထိုးခံရမှာလို့ ဆိုပါတယ်။ စစ်တပ်မှာနေရာကောင်းရချင်ရင် ပိုက်ဆံရှိရင်ရှိ မရှိရင် နောက်ခံကောင်းတဲ့ မိသားစုရှိရပါတယ်တဲ့။ သူ့ တို့ ဘ၀တွေက ဘာတက်လမ်းမှ မရှိတော့ဘူးလို့ ဆိုပါတယ်။ (စိတ်မကောင်းစရာကတော့) ဒါကြောင့်ပဲ သူတို့ ဟာတပ်ထဲမှာ အဆင်ပြေသလိုနေပြီး ရတဲ့နေရာမှာပဲ ရသလိုနည်းလမ်းနဲ့ ချောင်မထိုးခံရခင် စားသောက်ကြတယ်ဆိုတာပါပဲ။
ReplyDeleteမာစတာပြီးတဲ့ စစ်သည်တော်ကြီးက ဘယ်လိုလုပ် စစ်သက်က ၂ နှစ်ပဲ ရှိနေရတာလဲဟင်
ReplyDeleteစစ်သား (တပ်မတော်သား) ယခင်အုပ်ချုပ်ခဲ့သော စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှ စစ်သားများ အားလုံးသည် ပြည်သူများ၏ သွေးသား၊ မောင်နှစ်မ၊ ဆွေမျိုးရင်းခြာများသာဖြစ်ပါသည်။ ပြည်သူက မွေးထုတ်သော စစ်သားများသာဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင်အဖွဲ့များအတွင်းသို့ ရောက်ရှိသူ၊ ယုံကြည်ချက်ကြောင့် ရောက်ရှိသူ ၊ အခွင့်အာဏာကို မက်မောပြီး ရောက်ရှိသူ မျိုးစုံရှိနေပါသည်။ တူညီသော အချက်မှာ အားလုံးသည် ပြည်သူက မွေးထုတ်လိုက်သော သူများသာဖြစ်ပါသည်။ တိုင်းရင်းသားပေါင်းစုံတို့ပါဝင်သော စစ်တပ်သည် ပြည်သူ၏ ရင်နှစ်သည်းခြာများဘ၀မှ ပြည်သူ၏ အမိ၊အဖအများ အဖြစ်ပြောင်းလဲသွားချိန်မှာစတင်ကာ၊ ပြည်သူ၏ အထက်မှ ပြည်သူကြောက်ရသူ များဖြစ်သွားချိန်မစတင်ကာ ပြည်သူများသည် (သားဆိုးကိုကြောက်ရသော မိဘများကဲ့သို့) စားမ၀င်အိပ်မပျော် စည်းစိမ်ပျက် ဘ၀ပျက်ဖြင့် အိမ်နီးချင်းတို့အလယ် နိုင်ငံတကာ အလယ် မျက်နှာငယ်နေရသည်။ သို့သော် ပြည်သူသည် (တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိပါသည်) မိမိတို့၏ ရင်နှစ်သည်းခြာများကို ပစ်ရိုးထုံးစံမရှိပါ။ အမိအဘပြည်သူတို့၏ ရင်ခွင်ကို ခိုလှုံပါ၊ ပြည်သူက အားကိုးရသော သားကောင်းရတနာများဖြစ်အောင် ကြိုးစားပါ။ ပြည်သူကို အကာအကွယ်ပေးပါ။ ထိုသို့ဆိုလျှင် ပြည်သူသည် သားကောင်းရတနာရထားသည့် မိဘကဲ့သို့ ၀င်ကြွား ဂုဏ်ယူမဆုံးရှိပါလိမ့်မယ်။ မောင်နှမသားများကလည်း ထိုသို့သာ ခံယူမည်ဖြစ်သည်။ ပြည်သူက မွေးထားသော သားသမီးများအချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေခြင်း သည် ပြည်သူ၏ နှလုံးကို ခွဲနေခြင်းဖြစ်ပါသည်။ ပြည်သူကို ရင်ကွဲအောင်လုပ်နေခြင်းဖြစ်ပါသည်။ အမိအဘတို့ မျက်ရည်ကျအောင်လုပ်သော သားသမီးသည် ယခုကောင်းစားသော်လည်း နောင်မကောင်းစားပါ။ သံဝေဂရစရာများစွာရှိပါသည်။ မြန်မာတို့၏ စရိုက်သည် အခုနာသော်လည်း တော်ကြာနာချင်မှနာတတ်ပါသည်။ လွမ်းစရာကို နာစရာနှင့် ဖြေတတ်သလို၊ နာစရာကိုလည်း လွမ်းစရာတွေ ၊ ယခုကောင်းတာတွေနဲ့ဖြေတတ်ပါသည်။ ဧရာဝတီကိစ္စတွင် သမ္မတကြီး ဦးသိန်းစိန်သည် သောသောညံအောင်ချီးကျူးခံရသည်။ တစ်သက်နှင့် တစ်ကိုယ်မြန်မာသမ္မတတစ်ဦးကို ပြည်သူအားလုံးက ၀ိုင်းဝန်းကြည်ညိုလေးစားကြသည်မှာ မိမိအတွေ့အကြုံအရ ပထမဦးဆုံးဖြစ်ပါသည်။ ထို့အတူ စစ်ဘက်မှ ပြောင်းလာသည့် ပုဂ္ဂိုလ်တစ်ဦးကို လည်း သောင်းသောင်းဖျဖျ အားလုံးက ၀ိုင်းဝန်း ထောပနာပြုကြသည်မှာ ပထမဦးဆုံးပင်ဖြစ်မည်။ မိမိသဘောအရဆိုလျှင် သမ္မတကြီးသည် ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် ၂၀၁၁ တွင် ထောက်ခံမှု အရဆုံးဖြစ်ပါသည်။ ပြောချင်သည်မှာ ပြည်သူသည် ယခုလုပ်ရပ်ကို များစွာကြည့်ပါသည်။ ပျက်အစဉ်ပြင်ခဏသာဖြစ်သည်၊ မိဘမျက်ရည်ကျအောင်မလုပ်ပါနဲ့တော့ လို့ဆိုချင်ပါသည်။ ပြည်သူက ဂုဏ်ယူရသော သားကောင်းများအဖြစ် မြင်လိုလှပါသည်။ ချစ်ညီအစ်ကိုမောင်နှမများအဖြစ် လက်တွဲမဖြုတ်နေလိုလှပါသည်။
ReplyDeletethere are many sad stories in their groups.
ReplyDeleteabout 5 officers need to sign to approve a soldier's annual leave to go home and see old father and mother (I heard about that rule in the last month ).
- who want to join with them
တပ်ထဲမှာ လူတစ်ယောက်ချင်းစီအတွက် အခွင့်အရေး၊ ရာထူးတိုး၊ အဆင့်တိုး၊ ရပိုင်ခွင့်၊ ရနိုင်ခွင့်တွေကွာပါတယ်။ စစ်တပ်ထဲမှာ လူတိုင်းအတွက် မူ နဲ့ ဥပဒေတွေ သီးခြားရှိပါတယ်။
ReplyDeleteဥပမာ- အဆင့်တိုးဆိုပါတော့။ ကြည်းတပ်၊ လေတပ်နှင့် ရေတပ်မတူပါဘူး။ ကြည်းတပ်ထဲမှာလည်း မတူပါဘူး။ ခြေလျင်တပ်က အရာရှိများအတွက်တော့ ဘာဘွဲ့လွန်မှ မလိုပါဘူး။ အချိန်ပဲလိုပါတယ်။ အင်ဂျင်နီယာနှင့်ဆေးတပ်ကတော့ ဘွဲ့လွန်ပေါင်းများစွာလိုပါတယ်။ ဘွဲ့တွေအများကြီးရတာတောင်မှ အခြားသတ်မှတ်ချက်များပြည့်စုံဘို့လိုပါသေးတယ်။ အဆိုးဆုံးကတော့ သတ်မှတ်ထားတဲ့ကာလပြည့်ပေမဲ့ တပ်ကထွက်ခွင့်မပေးတာပါဘဲ။ ဒါကြောင့် တပ်ထဲမှာ အသက်ငယ်ငယ်နဲ့ အဆင့်တိုး၊ ရာထူးတိုး မရှိတော့တဲ့သူတွေ အများကြီးရှိပြီး တပ်အတွက် အလဟသဖြစ်နေတဲ့သူတွေ အများကြီးရှိပါတယ်။ ကာချုပ်ကတော့ ဒါတွေကို မသိတာလား၊ သိပေမဲ့ ခြေလျင်ကလွဲလို့ အခြားပညာတတ်တွေရှိတဲ့ တပ်ဖွဲ့တွေကို ဂရုမစိုက်တာလား မပြောတတ်ပါဘူး။ ပြောရရင် ၁၀၀၁ည မကဘူး။ ၁၀၀၁ သက်တောင်ပြီးမှာမဟုတ်ဘူး။
စစ်တပ်က သံကိုသံဖျက်သံချေးတက် ဆိုသလိုဖြစ်နေပါပြီ။ အဲ့ဒီသံချေးတက်
ReplyDeleteနေတဲ့ဒါးတုံးကြီးကဘဲဆက်ပြီး၂၀၀၈ဥပဒေနဲ့တိုင်းပြည်ကိုဆက်လှီးနေတော့
တိုင်းပြည်လဲမချိမဆန့်ခံနေရတာပါဘဲ။
Why did not allow ethnic people to study at DSA but barma.why..why?is that called union of myanmar?and why ethnic people did not get higher position in government but barma so that what different with colonial last 6o years back.
ReplyDeleteရွှေဝါရောင် သံဃာ့အရေးအခင်းတုန်းက ရယ်ကြဲကြဲ နဲ့ ကွမ်းဝါးပြီး၊ အမိန့်ပေးနေတဲ့ အပွင့်ရဲ့ ဓါတ်ပုံလေးရှိရင် ဒီဆောင်းပါးကာဗာအနေနဲ့ တင်ပေးစေချင်ပါတယ်။ လိုက်ဖက်မယ်ထင်လို့ပါ။...။
ReplyDeleteစစ်တပ်ထဲမှာ အဆင့်အတန်းခွဲ ကိုယ့်တပည့်တွေ နေရာရဖို့ အေပိုး၊ဘီပိုး၊စီပိုး။အိုပိုး၊ အလုပ်သင်ပိုးတွေနဲ့ လူတွေကိုဖြုတ်၊ထုတ်၊သတ် လုပ်ခဲ့တာတွေဟာ သိပ်ကိုရင်နာစရာကောင်းပါတယ်.....
ReplyDeleteဘယ်လိုလုပ်ရမလဲ ကိုယ့်လူ
ReplyDeleteလူ့ကံ ၀ ကံပေါ့နော်။။ ဒေါ်စုကိုလဲ တိုင်တည်မနေနဲ့။
မင်းက အနေကြပ်မှ အသံထွက်တဲ့ လူပါဘဲ
ဂွင်ကောင်းရင်တော့ မှိန်းစား ပြီးအပေါက်ပိတ်
မှာ... ...မင်းတို့စစ်သားဆိုရင် သနားစိတ်ကလေး တော့မွေးကြည့်ပါသေးတယ်
ဒါပေမဲ့ တစ်စက်မှ မေတ္တာထားမရတာခက်တယ်
ကိုယ့်လူ......ငါတို့နှလုံးသားမှာ ကျန်ခဲ့တဲ့
တပ်မတော်သားဆိုတာ ဗိုလ်ချုပ်တစ်ယောက်
တစ်ယောက်ဘဲရှိတယ်.... လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးရတဲ့သူချည်းပါ... ....
မင်းခံစားရတာတွေက...မင်းတို့စစ်တပ်က..
နှိပ်စက်ခဲ့တဲ့ လူထုတွေရဲ သောကနဲ့စာရင် အသေးအဖွဲပါ....ကျွန်တော်မပါဘူးလို့တော့ မပြောနဲ့နော်...တပ်မတော်သားတွေက အကုန်လုံး တစ်သွေးထဲ တစ်သားထဲဘဲလေ...
(အကောင်းလုပ်တဲ့စစ်သားရော၊မကောင်းတဲ့စစ်သား ကိုပါ ရည်ညွှန်းပါသည်။)
ကိုယ့်လူရယ်...အပ်တိုတစ်ချောင်းတောင်မရှိတဲ့ပြည်သူတွေ
ReplyDeleteတောင် သူတို့ဆန္ဒကိုဘယ်လိုထုတ်ဖော်လဲ။ မင်းတို့စစ်သားတွေ သေနတ်တွေ ၊ မျက်ရည်ရိုဗုံးတွေနဲ့ ပစ်တဲ့ကြားကဘယ်လိုမျိုးစစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ခဲ့သ
လဲ။မင်းတို့ကစစ်သားတစ်ယောက်လိုလေ့ကျင့်ခဲ့တဲ့ ကောင်တွေပါကွာ။ သေနတ်ဆိုတာလဲမင်းတို့နဲ့ရင်းနှီးပြီးသားပါ။ ဘာကိုကြောက်နေတာလဲ။ ကိုယ့်ဘာသာစည်းလုံးအောင်လုပ် ပြီးပြန်ဆန့်ကျင်ပေါ့ကွ။ တပ်ထဲမှာလဲစစ်အုပ်ချုပ်ရေးကိုမကြိုက်ကြဘူးလို့ကြားပါတယ်။
ပြည်သူတောင်မင်းတို့စစ်သားတွေကိုအာခံဆန္ဒပြရဲသေးတာကွာ ၊ မင်းတို့ကစစ်သားချင်းဘဲပြန်ချပေါ့ကွာ။ လက်နက်မဲ့ပြည်သူနဲ့တွေ့ရင်တော့မင်းတို့က
သတ္တိကောင်းပြလိုက်ကြတာ အခုတော့စစ်သားမဟုတ်ဘူး သစ်သားဖြစ်နေဘီ။
လွတ်လပ်ရေးဆိုတာ သီဟတင်စိုး နဲ့မှရတာ
ReplyDeleteနှမ်းတစ်စေ့နဲ့တော့ဆန်မဖြစ်နိုင်ဘူး
ဒီတော့ ရုပ်ရှင်ရိုက်လဲအပိုပဲ အကယ်ဒမီရမှာမဟုတ်ဘူး
အကောင်းဆုံးကတော့ ရောက်ရာမှာ ပျော်သလိုနေလိုက်
သေရင်ကိုယ့်နောက်ပါအောင်လို့ပြောတာ
စိတ်ဆင်းရဲနေမဲ့အစား တစ်ခုခုနဲ့အစားထိုးပြီး
ဝဋ်ကြွေးတွေဆပ်နေတယ်လို့ပဲသဘောထားလိုက်
နောင်ဘ၀စစ်သားဖြစ်ရင်တောင် အမေရိကန်မှာဖြစ်ပါစေလို့ဆုတောင်း OK
ကိုသူရိယ၊ ခင်ဗျားကဆရာကြီးလေသံနဲ့  ပါလား၊ အစ်ကိုပြောတဲ့တိုင်းပြည်နဲ့ လူမျိုးအတွက်ဘာတွေလုပ်ဘူးလဲ ၊ကျနော်လုပ်ဘူးတယ်၊ အဲလိုပဲ လုပ်နေတဲ့သူတွေအများကြီးပဲ၊ လုပ်ရင်းသေသွားတဲ့သူတွေလဲဒုနဲ့ ဒေး ၊ကျနော်မေးတာလေးဖြေပေးဦး၊ တစ်ချို့ လူတွေကအိပ်ရင်းနဲ့ ရေးနေကြတဲ့သူတွေဗျ
ReplyDeleteကျေ နာ့်( ပို့ စ်)ကိုတင်ပေးပါဗျာ၊
ပြီး ခဲ့တဲ့ လ က ရှေ့တန်း တက်တဲ့ ယာဉ်တန်း ခဏ နား ထမင်း ချက်စား နေတာ တွေ့ခဲ့ ရတယ် .. တပ်ရင်းမှုး ထင်တယ် အော်ပရေးရှင်းဘား နဲ့ ဒုဗိုလ်မူးကြီး မျက်နှာ ကလည်း မရွှင်ပါဘူး ... ကြည့်ရတာတော့ .. သူလည်း စိတ်မပါဘဲ ရှေ့တန်းထွက် ရပုံ ပါဘဲ .. ဘယ်သူ စိတ်ပါ မှာလည်းလေ .. ဒါပေမဲ့ ပစ်ရမှာလည်း ဆီတ၀င်းဝင်း စားရမှာ လည်း .... သဲဖယ် စားကြ မဲ့ သူတွေ ချည့်ဘဲလား ဗျာ ...
ReplyDeleteAnonymous ၁ယောက်ရဲ့  "မာစတာပြီးတဲ့ စစ်သည်တော်ကြီးက ဘယ်လိုလုပ် စစ်သက်က ၂ နှစ်ပဲ ရှိနေရတာလဲဟင်..."ဆိုလို့ 
ReplyDeleteမာစတာပြီးလို့  ၂နှစ်ပဲရှိသေးတယ်ပြောတာနေမှာပါ။