Pages

Saturday, February 11, 2012

လွှတ်တော်ထဲ အပြာပုံကြည့်သူ ၃ ဦး ရာထူးမှ နုတ်ထွက်


အင်တာနက်ကို ဆင်ဆာလုပ်ရေး ကြိုးစားနေတဲ့ အိန္ဒိယနိုင်ငံရေးသမားတချို့ လွှတ်တော်အစည်းအဝေးတက်နေတုန်း အပြာပုံတွေကြည့်တာ လူမိသွားပါတယ်။ သူတို့ ၃ ဦးဟာ ကွန်ဆာဗေးတစ်ဖြစ်တဲ့ BJP ပါတီကို ကိုယ်စားပြုသူတွေပါ။

လူတွေ အင်တာနက်မှာ ကြည့်ချင်တာကြည့်ဖို့ ဆိုတာကို ခွင့်မပြုနိုင်ဘူး၊ သူတို့ကတော့ ဘာကြည့်ကြည့် အိုကေတယ် ဆိုတဲ့သဘောပေါ့။

Reuters သတင်းတပုဒ်အရ ဆိုရင် အမျိုးသမီးရေးရာဝန်ကြီး အပါအ၀င် နိုင်ငံရေးသမား ၃ ယောက် နုတ်ထွက်သွားပြီ တဲ့။ ဟုတ်ပါတယ် - လွှတ်တော်အစည်းအဝေးလုပ်နေတုန်း အပြာပုံတွေကို လက်ကိုင်ဖုန်းကနေ ကြည့်ခဲ့တဲ့ နောက်ဆက်တွဲ ဖြစ်ရပ်ပါ။

Karnataka ပြည်နယ်က ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Laxman Savadi ဆိုတဲ့သူဟာ လွှတ်တော်ထဲ သူ့ဘော်ဒါ နဲ့တောင် အဲဒီပုံတခု လက်ကိုင်ဖုန်းကတဆင့် ရှယ်လိုက်သေး ဆိုပဲ။ (ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဆိုတော့ ဒီလိုပဲ ပူးပေါင်းဆောင်ရွက်ရဟန်တူရဲ့)

သူ့ဘော်ဒါ နာမည်က C.C. Patil ဖြစ်ပြီး ရာထူးက အမျိုးသမီး နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးပါ။

ထွက်တဲ့ထဲ Krishna Palemar ဆိုတဲ့သူက နည်းပညာဆိုင်ရာဝန်ကြီး လို့ ဆိုတယ်။ သူ့ဖုန်းထဲ အဲဒီပုံ ထည့်ထားပါသတဲ့။
(အင်း ... နည်းပညာဝန်ကြီးဆိုတော့ တတ်သည့်ပညာ မနေသာပေါ့လေ)


ညွှန်း - http://news.techeye.net/internet/indian-politicians-watch-porn-in-parliament

1 comment:

  1. အိန္ဒိယ က နေရာတကာ အမျိုးသမီးတွေ ဦးစားပေးတယ် အခုနှုတ်ထွက်ခံရတဲ့အထဲလဲ အမျိုးသမီးပါတယ်၊ ညီမျှတယ်

    ReplyDelete