Pages

Thursday, February 9, 2012

လိုင်ဇာဂေါက်ကွင်း





ကချင်ပြည်နယ် လိုင်ဇာမြို့ ဂေါက်ကွင်း (ဓာတ်ပုံများ New York Times )

အင်္ဂါနေ့ New York Times အွန်လိုင်းမှာ ကေအိုင်အေ ထိန်းချုပ်ရာ လိုင်ဇာမြို့ ဂေါက်ကွင်းအကြောင်း ရေးထားပါတယ်။

လိုင်ဇာကွင်းက ၆ ကျင်း ဂေါက်ကွင်းဖြစ်တယ် တဲ့။

(http://en.wikipedia.org/wiki/Golf_course မှာ ရေးထားချက်အရဆိုရင် ဂေါက်ကွင်းတခုမှာ ၁၈ ကျင်း ရှိကြတယ်၊ ကွင်းသေးတွေမှာ ၉ ကျင်းပဲ ရှိတဲ့အတွက် ၂ ကျော့ ရိုက်ကြရတယ်လို့ ဆိုတယ်။ လိုင်ဇာကွင်းက ၃ ကျော့ ရိုက်ရမယ့်သဘောပေါ့။ အွန်လိုင်းမှာကြည့်တော့ တခြားတိုင်းပြည်များမှာလည်း ၆ ကျင်းကွင်းတွေ ရှိကြတယ် တဲ့။)

ဂေါက်အိတ်ထမ်း၊ ဂေါက်သီးကောက်သူများ

လိုင်ဇာကွင်းက ၆ ကျင်းကွင်းဖြစ်တဲ့အတွက် ကမ္ဘာရှားကွင်းဖြစ်တယ်၊ အများသူငါ ၀င်ရောက်ကစားနိုင်တယ်၊ စစ်ဖြစ်နေချိန်မှာတောင် ဒီကွင်းကို ဖွင့်ထားတယ်လို့ ဆိုတယ်။

စစ်မဖြစ်ခင်က အရာရှိတွေ တပတ် သုံးရက် သို့မဟုတ် နေ့တိုင်း ဂေါက်ရိုက်ကြပေမယ့် ခုတော့ တပတ် တရက်ပဲ ရိုက်တော့တယ် တဲ့။

ဂေါက်သီးရိုက်တာ စိတ်ကြည်လင်စေတဲ့အတွက် အရာရှိတွေ ဆုံးဖြတ်ချက်ချရာ အဆင်ပြေတယ် ဆိုတဲ့ ကေအိုင်အေ အရာရှိ Col. Maran Zaw Tawng ရဲ့ စကားကိုလည်း ကိုးကားထားပါတယ်။

နယ်မြေငြိမ်းချမ်းစဉ်ကတော့ မြန်မာ့တပ်မတော်က အရာရှိတွေနဲ့ ဒီကွင်းမှာ အတူ ရိုက်ကြတယ်လို့ ဆိုတယ်။ အပြိုင်အဆိုင်ပေါ့။

(ခုလည်း အပြိုင်အဆိုင်ပါပဲ၊ ဂေါက်ရိုက်တုတ်နဲ့ ပြိုင်တာ မဟုတ်ဘဲ၊ သေနတ်နဲ့ သူသေကိုယ်ရှင် ပြိုင်နေကြဆဲ မဟုတ်လား)

ဂေါက်ရိုက်ပြီး ဘီယာဆွဲမယ်၊ ပြီးရင် စစ်သွားတိုက်တာပေါ့ ဆိုပြီး ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။

ဒီ New York Times အွန်လိုင်း ဆောင်းပါး http://www.nytimes.com/2012/02/08/world/asia/myanmars-guerrilla-golfers-take-time-for-a-few-rounds.html မှာ ရေးထားတာက လိုင်ဇာဂေါက်ကွင်းအကြောင်းနဲ့ ကွင်းတာဝန်ခံအရာရှိ ဗိုလ်မှူးကြီး Maran Zaw Tawng ရဲ့ ပြောဆိုချက်များပဲ ဖြစ်ပါတယ်။

လိုင်ဇာဂေါက်ကွင်းအကြောင်း ရှင်းပြနေတဲ့ ကေအိုင်အေ အရာရှိ ဗိုလ်မှူးကြီး Maran Zaw Tawng

တိုင်းဂါးဝုဒ်က သူ့ ဖေးဘရိတ်ပဲလို့ ဗိုလ်မှူးကြီးက ဆိုပါတယ်။ သူအရင်က မြစ်ကြီးနားမှာ ဂေါက်သွားရိုက်သေးတယ်၊ ခုတော့ သူတို့ မသွားတော့ဘူး၊ သွားရင် ဖမ်းခံရမှာပေါ့ လို့ ဆိုပါတယ်။

(ငြိမ်းချမ်းရေးအတွက် နယ်တကာလှည့်နေတဲ့ နေပြည်တော်ဝန်ကြီးတချို့က ဗိုလ်မှူးကြီးကို မြစ်ကြီးနားဂေါက်ရိုက်ဖိတ်သင့်ပါတယ်။ ငြိမ်းချမ်းရေးဂေါက်ပွဲပေါ့လေ)

6 comments:

  1. KIA သာသူ့ပြည်သူအတွက် တကယ်လုပ်နေတာဆို တီမောလို တောင်ဆူဒန်လို လွတ်လပ်ရေး ရနေတာကြာလှပေါ့

    ReplyDelete
  2. တိုင်းရင်းသားခေါင်းဆောင်တွေလည်းဂေါက်ရိုက်သင့်တာ
    ပေါ့ဗျာ..အမြဲတန်းချည်း အောက်ရောက်နေလို့ဘယ်ဖြစ်
    မလဲ..ဂေါက်ရိုက်တယ် ဆိုတာ ဇိမ်ခံတာလည်းမဟုတ်ပါ
    ဘူး..အားကစားတစ်ခုအနေနဲ့တစ်ကမ္ဘာလုံးမျာယှဉ်ပြိုင်နေ
    ကြတာပါ..ကမ္ဘာခေတ်မှီအားကစားတစ်ခုကို တိုင်းရင်း
    သားတွေလည်းကစားသင့်တာပေါ့..စစ်လည်းတိုက် အားက
    စားလည်းလုပ်နိုင်တဲ့ ကေအိုင်အေ ခေါင်းဆောင်တွေရဲ့
    အရည်အချင်းကိုချီးကျူးပါတယ်..တိုင်းရင်းသားတွေအား
    လုံးကိုယ်စား ဂုဏ်ယူပါတယ်..အားပေးပါတယ်..
    ဂေါက်ရိုက်အားကစားဆိုတာ မြန်မာပြည်ထဲမှာ မြန်မာအစိုးရအရာရှိတွေနဲ့ လူကုံတန်တွေလောက်ပဲ ကစားရမယ့်အား
    ကစားလို့ အမြင်မှားနေကြတာပါ..ဒါဟာဇိမ်ခံတဲ့နည်း
    မဟုတ်သလို အားကစားတစ်ခု စစ်ပွဲတစ်ခုသာဖြစ်
    ကြောင်းပါ..

    ReplyDelete
  3. မြန်မာပြည်ကလူတွေက ဂေါက်ရိုက်တာကို အားကစားတစ်ခုလို့ သဘောထားတဲ့သူက
    နည်းပါတယ်... အစိုးရခေါင်းဆောင်နဲ့ စီးပွားရေးလုပ်ငန်းရှင်များ အတွက်တော့ ဂေါက်ကွင်းက
    လာဘ်ပေးလာဘ်ယူဖို့ နေရာတစ်ခုပါပဲ...

    ReplyDelete
  4. အော်သတင်းသတင်း..စစ်တပ်က စစ်ဗိုလ်များ ခုချိန် ဂေါက်ရိုက်နေတဲ့ ဓါတ်ပုံများ မင်းတို့ ရခဲ့ရင် ပေးလိုက်မဲ့ သြဘာတွေ ခု သူပုန်ခေါင်းဆောင်က ဂေါက်ရိုက်နေတဲ့ အခါကျတော့ တိုက်ပွဲဖြစ်နေတာတောင် ဂေါက်ရိုက်နိုင်တာ လေးစားပါတယ်တဲ့ ... အတော်လည်း ရီရတဲ့ အကောင် ။ ပုဂ္ဂိုလ်ခင်လို့ တရားမင်တဲ့ အထာတွေ လာလုပ်ပြနေတယ် ။ ပြင်ကြအုန်းကွာ နော် ဒီ ဆိုက်လည်း post ကိုသေချာတင် ခေါင်းစဉ်တောင် မပေးတတ်ပဲ မြန်မာလို ဗလချီးနမ်းလျှောက်ရေးထားတဲ့ blog တွေ အများကြီးပဲ မင်းတို့ဆိုက်မှာ မင်းတို့ရဲ့ professional အလုပ်က ဒီ ပိုစ်တွေ တင်တာလေ ၊ မှန်ကန်အောင် တိကျအောင် မင်းတို့လုပ်ရမှာ မင်းတို့ ဒေါ်လာတွေ အများကြီးရထားတာပဲ လုပ်နိုင်ရမှာပေါ့ မဟုတ်ဘူးလား ။ ခု comment ကိုလည်း ဖျက်မပစ်နဲ့ သေချာတင် ပေးပါ ။ ဆရာချစ်ဦးညို ပြောသလို ပြောရရင် ခုစာလည်း ဖြတ်ညှပ်ကပ်တွေ လုပ်ပြီးမတင်ပါနဲ့ဗျာ ။ ဒီမိုကရေစီ ကျကျဆိုရင် ကျွန်တော့် ခံစားချက်လည်း ထုတ်ဖော်ခွင့်ပြုရမှာပေါ့

    ReplyDelete
  5. ကိုလူကြမ်းရေစကားဆင်ခြင်ပြောပါ..
    ဗမာစစ်တပ်ကတိုင်းရင်းသားတွေအပေါ်တိုက်နေတာ
    ကျူးကျော်စစ်ဗျ..တိုင်းရင်းသားတွေဗမာစစ်တပ်ကို
    တိုက်နေတာက ခုခံတဲ့စစ်ဗျ..တရားမျှတတယ်
    တိုင်းရင်းသားခေါင်းဆောင်တွေလုပ်ရပ်ကိုအားပေးတာ
    တရားတဲ့စစ်ဆင်နွဲလို့ မှန်ကန်တဲ့လုပ်ရပ်ဖြစ်လို့..
    ဗမာစစ်ဗိုလ်တွေကိုအကောင်းမပြောတာက မတရားလို့.
    ဂေါက်ရိုက်လို့မဟုတ်ဘူး..သူတို့သာတရားမျှတရင်မြန်မာ
    ပြည်ဒီလိုဖြစ်မနေဘူး..သူတို့ကိုလည်း ဘာလုပ်လုပ်မကောင်း
    ပြောမယ့်လူရှိမှာမဟုတ်ဘူး..



    လူကြမ်း says:
    February 11, 2012 3:44 AM Reply

    အော်သတင်းသတင်း..စစ်တပ်က စစ်ဗိုလ်များ ခုချိန် ဂေါက်ရိုက်နေတဲ့ ဓါတ်ပုံများ မင်းတို့ ရခဲ့ရင် ပေးလိုက်မဲ့ သြဘာတွေ ခု သူပုန်ခေါင်းဆောင်က ဂေါက်ရိုက်နေတဲ့ အခါကျတော့ တိုက်ပွဲဖြစ်နေတာတောင် ဂေါက်ရိုက်နိုင်တာ လေးစားပါတယ်တဲ့ ... အတော်လည်း ရီရတဲ့ အကောင် ။ ပုဂ္ဂိုလ်ခင်လို့ တရားမင်တဲ့ အထာတွေ လာလုပ်ပြနေတယ် ။ ပြင်ကြအုန်းကွာ နော် ဒီ ဆိုက်လည်း post ကိုသေချာတင် ခေါင်းစဉ်တောင် မပေးတတ်ပဲ မြန်မာလို ဗလချီးနမ်းလျှောက်ရေးထားတဲ့ blog တွေ အများကြီးပဲ မင်းတို့ဆိုက်မှာ မင်းတို့ရဲ့ professional အလုပ်က ဒီ ပိုစ်တွေ တင်တာလေ ၊ မှန်ကန်အောင် တိကျအောင် မင်းတို့လုပ်ရမှာ မင်းတို့ ဒေါ်လာတွေ အများကြီးရထားတာပဲ လုပ်နိုင်ရမှာပေါ့ မဟုတ်ဘူးလား ။ ခု comment ကိုလည်း ဖျက်မပစ်နဲ့ သေချာတင် ပေးပါ ။ ဆရာချစ်ဦးညို ပြောသလို ပြောရရင် ခုစာလည်း ဖြတ်ညှပ်ကပ်တွေ လုပ်ပြီးမတင်ပါနဲ့ဗျာ ။ ဒီမိုကရေစီ ကျကျဆိုရင် ကျွန်တော့် ခံစားချက်လည်း ထုတ်ဖော်ခွင့်ပြုရမှာပေါ့

    ReplyDelete
  6. ပြည်သူတွေက ငတ်ပြတ်ပြီးသေပြေးရှင်ပြေးပြေးနေရတဲ့အ
    ချိန်မှာ သူတို့တစ်တွေကဂေါက်ရိုက်တောင်မပျတ်ဘူးပေါ့
    ငြိမ်းချမ်းရေးဆိုတာ တကယ်မယူချင်တဲ့သူတွေရှိနေလို့
    မရတာပါ။ပြည်သူအတွက်တိုက်နေတယ်ဆိုတာ လူကြား
    ကောင်းအောင်ပြောနေတာ....

    ReplyDelete