Pages

Saturday, February 11, 2012

ကုန်စိမ်းဈေးထဲ မင်္ဂလာဧည့်ခံပွဲ လုပ်တဲ့ မလေးရှားစုံတွဲ


စင်္ကာပူတဘက်ကမ်း ဂျိုဟိုးပြည်နယ်မှာ မလေးရှားစုံတွဲတတွဲက သူတို့ မင်္ဂလာပွဲကို ဈေးထဲမှာ လုပ်ခဲ့ပါတယ်။
သတို့သား Erryzuan Topah က အသက် ၃၄၊
သတို့သမီး Nurul Jannah Abdullah က အသက် ၂၂။

ဒီအိုင်ဒီယာက သတို့သမီးဖခင်၊ ဈေးထဲက ကြက်သားဆိုင်ပိုင်ရှင် Abdullah Idris ရဲ့ အိုင်ဒီယာ ဆိုပဲ။

ဧည့်သည်တွေအပြင် ဈေးထဲက ပရိသတ်ပါ သူတို့မင်္ဂလာပွဲကို မျက်မြင်သက်သေ ဖြစ်ကြတာမို့ သတို့သားက ဒီအစီအစဉ်ကို မငြင်းဘူးလို့ ဆိုတယ်။
Link
ခုလောက်ဆိုရင် ဒီစုံတွဲ ဟန်းနီးမွန်း ထွက်နေလောက်ပါပြီ။ ဟန်းနီးမွန်းအတွက် ဘယ်လိုနေရာကို ရွေးမယ် ဆိုတာတော့ သတင်းထဲ မတွေ့ရပါဘူး။

သူတို့စုံတွဲ လွန်ခဲ့တဲ့ ၃ နှစ်က စပြီး တွေ့ဆုံခဲ့ကြတာလို့ သိရပါတယ်။ သတို့သားက တနေရာကို ဖုန်းခေါ်တာ ဖုန်းနံပတ် မှားပြီး သတို့သမီးဆီကို ဆက်မိတယ် တဲ့။ ဒါဟာ ဇာတ်လမ်းရဲ့ အစလို့ ဆိုတယ်။

ဈေးမှာ ကားတွေ အများကြီး ရပ်လို့ ရတယ်၊ ဈေးရဲ့ ၄ ထပ်မြောက်ဟာ အခမ်းအနားတွေ ကျင်းပရလောက်အောင် ကျယ်ဝန်းတာမို့ အဲဒီခန်းမ လူသိများအောင် လုပ်ချင်လို့ အဲဒီနေရာမှာ မင်္ဂလာပွဲ ဖြစ်သွားတာပါပဲ လို့ သတို့သားရဲ့ ယောက်ခမ ကြက်သားဆိုင်ပိုင်ရှင်က ပြောပါတယ်။

ညွှန်း - http://thestar.com.my/news/story.asp?file=/2012/2/6/nation/20120206090539&sec=nation

No comments:

Post a Comment