



တဆက်တည်း တခြား အင်တာဗျူးတခုကိုလည်း ဖော်ပြလိုက်ပါတယ်။ ကော့မှူးမှာ ကြံ့ဖွံ့ပါတီကနေ ဝင်ပြိုင်မယ့် ဒေါက်တာ စိုးမင်းနဲ့ အင်တာဗျူးပါ။ မက်ဆင်ဂျာ ဂျာနယ်က ဗျူးထားတာ ဖြစ်ပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် ပြိုင်တဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ဘာလို့ ပြိုင်ရတာလဲ။
ဖြေ။ ။ မြောက်ဥက္ကလာပမြို့ နယ်မှာ စည်းရုံးရေးလုပ်ငန်းတွေ လုပ်နေတဲ့အချိန်မှာ ကော့မှူးမြို့ နယ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြိုင်တယ်လို့ သတင်းတွေကြားနေရတဲ့အချိန်မှာ ကော့မှူးမှာပြိုင်ဖို့ အတွက် ပါတီကို လူကြီးတွေက လျာထားတယ်။ သူတို့ လျာထားတာ ဒေသခံလည်းဖြစ်ရမယ်၊ ဆရာဝန်လည်းဖြစ်ရမယ်ဆိုတဲ့ အချက်နှစ်ချက်ကို ရွေးထုတ်လိုက်တဲ့အခါ ကျွန်တော့်ကို ကော့မှူးမြို့ နယ်မှာ ပြိုင်ရတဲ့သူဖြစ်လာတယ်။
မေး။ ။ ကော့မှူးမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ အနိုင်အရှုံးရလဒ်ကို ဘယ်လိုမျှော်လင့်ထားသလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ဖြူစင်တဲ့စိတ်ဓာတ်၊ရိုးသားတဲ့စိ
တ်ဓာတ်နဲ့  နယ်ချဲ့ ကို ရရာနည်းနဲ့ အခက်အခဲတွေ အတိုက်အခံတွေကြားထဲကရင်ဆိုင်ဖောက်ထွက်ရင်း ပြည်သူတို့ ကို တိုတိုနဲ့ ရှင်းရှင်းပြောပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့် ခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးရဲ့ သမီးဖြစ်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေဟာ မိဘကိုချစ်တတ်သလို သားသမီးကိုလည်း ချစ်တတ်တဲ့ဓလေ့ထုံးစံရှိတဲ့ ပြည်သူတွေပါ။ ဖြူစင်တဲ့ပြည်သူတွေကို စည်းရုံးတဲ့သူတွေဟာလည်း ဖြူစင်စွာဘဲပြည်သူတွေကို မလိမ်ဘဲ ပြောကြားစည်းရုံးကြရမှာ။ နှစ်ခါကျွန်ဖြစ်မခံကြမယ့် ပြည်သူတွေကို ဘယ်သူ့ မှ မလိမ်ရဲပါဘူး။ အနိုင်အရှုံးကို ပြည်သူက သတ်မှတ်ပေးမှာပါ။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဒေါက်တာ ဘယ်လိုမြင်သလဲ။
ဖြေ။ ။ နယ်ချဲ့ ကိုတော်လှန်ပြီး တိုင်းပြည်ကို ကျွန်ဘ၀က လွတ်မြောက်အောင်ခေါင်းဆောင်မှုပေး ကြိုးစားခဲ့တဲ့ လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးပါ။ ခေါင်းဆောင်ကောင်းလို့ စံပြုထားတဲ့ ပုဂ္ဂိုလ်ရဲ့ သမီးဆိုတော့ ကျွန်တော်တို့ အစ်မပေါ့။
မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် (၄၈)နေရာမှာ အများပြည်သူစိတ်ဝင်စားတာက ဒေါက်တာပြိုင်တဲ့ မဲဆန္ဒနယ်ပါ။ ကမ္ဘာကလည်း စိတ်ဝင်စားတယ်။ တကယ်လို့ ဒေါက်တာအနိုင်ရခဲ့ရင် ကတိက၀တ်တွေကို ဘယ်လိုဆောင်ရွက်ပေးမလဲ။
ဖြေ။ ။ စီနီယာအထက်လူကြီးတွေက တာဝန်တွေပေးတယ်။ ထုံးတမ်းအစဉ်အလာအရ ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရပါတယ်။ အမိန့် နာခံရမယ်။
မေး။ ။ ဒေါက်တာ့အနေနဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ ဖို့ ရှိသေးလား။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ခြင်း မတွေ့ ခြင်းက ကျွန်တော် ဆုံးဖြတ်ချက်ချလို့ မရပါဘူး။ ပါတီက တာဝန်ပေးရမယ့်ကိစ္စပါ။ ပါဆင်နယ်ကိစ္စ မဟုတ်ပါဘူး။
ကန့် ကွက်တဲ့သူက တော်တော်ညံတာပဲ အဟောင်းအမြင်းတွေယူပြီး သုံးကန့်ကွက်ရတယ်လို့  တကယ်က မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ မြန်မာနိုင်ငံသားတယောက်သည် dual citizen ဆျုတဲ့ ၂နိုင်င့သားဖြစ်ခွင့်မရှိဆိုတာပါပြီးသားပဲ။ ဒေါ်စု က ပြင်သစ် ကနေဒါ အပါအ၀င် တခြား ၄-၅ နိုင်ငံတွေရဲ့  ဂုဏ်ထူးဆောင်နိုင်ငံသားဖြစ်နေတော့ အဲဒါနဲ့ တင်ငြိ နေပြီးသား ဒါပေမယ့်လည်းမဆိုးရိမ်ပါနဲ့ လေ ကြံဖွတ်တမတ်သားလွတ်တော်ကြီးထဲမှာ ဒေါ်စုငုတ်တုတ်ကြီးထိုင်နေတာ စစ်ဗိုလ်ချုပ်ဟောင်းတွေကလိုလားပါတယ် သူတို့ အတွက်ရစရာပိုများတယ်လေ ဒီတော့ဝင်ခွင့်ပေးမှာပါ
ReplyDeleteစီနီယာအထက်လူကြီးတွေက တာဝန်တွေပေးတယ်။ ထုံးတမ်းအစဉ်အလာအရ ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရပါတယ်။ အမိန့် နာခံရမယ်...
ReplyDeleteဘာတွေလဲကွာလို့ပဲ ပြောချင်တယ်။ အမိန့်နာခံရအောင် စစ်တပ်မှ မဟုတ်တာ။ အထက်က ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တယ်ဆိုတဲ့ ထုံးတမ်းအစဉ်အလာကြီးကို မပြင်နိုင်သရွှေ့တော့ မြန်မာပြည်ကြီး ဘယ်တော့မတိုးတက်ဘူး။ မကောင်းရင်တော့ မကောင်းဘူး လို့ ရဲရဲကြီးပြောရဲဆိုရဲတဲ့ ခေတ်စနစ်ကို ရောက်သင့်နေပြီ။ မကောင်းရင် မကောင်းဘူးလို့ပြောရဲတဲ့ သတ္တိရှိအောင် သင်ပေးနိုင်မဲ့ ပညာရေးစနစ်ကို ရအောင် ကြိုးပမ်းသင့်နေပြီ။ ခေါင်းငုံ လက်ပိုက်ပြီး ပြန်မပြောရဆိုတဲ့ ပညာရေးစနစ်ကနေ စပြီး မြေလှန်ပစ်ရမှာ။ အပေါ်က ဦးတင်ရီဆိုတဲ့ ငနဲကို မစားရတဲ့ အမဲသဲနဲပတ်ဆိုတဲ့ စိတ်ဓါတ်ပြင်သင့်တယ်။ ခင်ဗျားသာဆိုရင် ဒေါ်အောင်ဆန်းစုကြည်လို တခြားနိုင်ငံကြီးမှာ မပူမပင်နဲ့ ဒူးနှန့်ပြီး နေနိုင်တဲ့ အဆင့်မှာ မနေပဲ သူ့ဘ၀ထက်ဝက်လုံးလုံး မိသားစုဆိုတဲ့ နွေးထွေးတဲ့ အသိုက်အမြုံနဲ့ ဝေးရာမှာ မြန်မာပြည်ကိုချစ်တဲ့စိတ်လေးတခုထဲနဲ့ အကျယ်ချုပ်ခံပြီး အဆုံးခံနိုင်မလား။ တခြားနိုင်ငံမှာ နေမလားလို့ တည့်တည့်ကြည့်ပြီးမေးမယ်ဗျာ။ ခင်ဗျားလို စိတ်ဓါတ်နဲ့တော့ ဘယ်တော့မှ အရောင်မထွက်ဘူးမှတ်ပါ။
hello u tin yi
ReplyDeleteplease let me know your fully biography in details. please let us know how you will work for country , how you can build for country future. if you can do better than daw aung san suu kyi and nld , we will vote you. but if your profile is look like idiot level , please go to hell yourself now.
dr. htay aung
he just afraid i guess !
ReplyDeletein myanmar their don't have laws i mean really laws ! so that's nothing to be suprise..
ဗြိတိန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် အစိမ်းရောင်ကတ် မရှိပါ။ Green Card ဆိုတာ US မှာပဲ ပေးတာပါ။ ဒါလောက်လေးတောင် မသိတဲ့ လူကများ ဒေါ်စုကို ပြိုင်ချင်ရတယ်လို့ ၊ မရှက်ဖူးလားမသိဘူး။ မြန်မာပြည် ဆင်းရဲတွင်းက လွတ်ဖို့၊ နောက်ကျကျန်နေခဲ့တာတွေ အမှီလိုက်ဖို့ ၊ နိုင်ငံတိုးတက်ဖို့ ဦးတင်ရီလို ဗဟုသုတ အားနည်းသူတွေ ၊ ကိုယ်ပိုင်ဥာဏ်နဲ့စဉ်းစား ဆုံးဖြတ်နိုင်စွမ်းမရှိတဲ့ ဒေါက်တာ စိုးမင်းလို လူတွေ လွှတ်တော်ထဲမှာ လုံးဝ မပါဖို့ လိုပါတယ်။ ကော့မှူးက ပြည်သူတွေ နားလည်နိုင်ပါစေ။ အမှန်ကို ရွေးချယ်နိုင်ပါစေ။
ReplyDeleteကျွေးတာယူ ပေးတာစား ခိုင်းတာလုပ် ဆိုတဲ့ အတွေးအခေါမျိုး နဲ့ ဒီလူက ဘယ်လိုလုပ် ဒေါက်တာဘွဲ့ ရလာတာလဲ။ ခိုးချပြီး အောင်လာတာလား ???
ReplyDeleteအာဏာလိုချင်လို့ ပွဲ့လန့်တုန်းဖျာဝင်ခင်းတဲ့ကောင်တွေ နေရာပျာက်မှာကြောက်လို့ဟောင်တာပါ ဒီလိုကောင်မျိုးတွေပေါ့ ကြံ့ဖွံ့မှာဆို အများဆုံး ပြည်သူအားလုံး ကလေးကအစခွေးအထိသိကြပါတယ်။
ReplyDeleteအော် ဦးတင်ရီ .. .. အာဏာရ အစိုးရ က ကော်မရှင် ကနေ ပယ်ချဘို့ ကြိုတင် ဖွခိုင်းလိုက်တာ ခိုင်းလို့လုပ်ရတာလား .. .. ဒီလို မလုပ်ရင် သတ်ပစ်မယ် လို့များ ခြိမ်းခြောက်လို့ အဓိပ္ပါယ်မဲ့ တွေ လုပ်လိုက်ရတာလား .. .. ကိုယ့်ရင်ထဲက အရှိ အတိုင်း အန်တီစု ကိုမျက်မုန်းကြိုး အရှုံးချည်း ရှုံးရမှာမို့ ထကန့်ကွက်လိုက်တာလား .. .. ဒါဆိုရင်တော့ ပါတီထောင် နိုင်ငံရေးတောင်လုပ်မစားနဲ့တော့ .. …
ReplyDeleteညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေး ပါတီ ၀င်တွေ ရဲ့သဘောထား အမှန်ဆိုရင်တော့ ပါတီသာ ဖျက်လိုက်ပါတော့ .. .. ပြည်သူ က ဒဏ်ခတ်တာ ခံကြရလိမ့်မယ် .. .. ပြည်သူတွေ ဘယ်သူ့ကိုဘာလုပ်ရမယ်ဆိုတာ အားလုံးသိတယ်.. ..
ကြာတယ်ကွာ . .. .. .. တောက် .. .. မြန်မြန် ထွက်သွားစမ်း .. … အဲဒီပါတီ ၀င်တွေအားလုံး .. .. .. တိုင်းပြည်ဖျက် မျိုးဖျက်မဲ့ အာဏာရူးတွေ .. ..
အော် ဦးတင်ရီ .. .. အာဏာရ အစိုးရ က ကော်မရှင် ကနေ ပယ်ချဘို့ ကြိုတင် ဖွခိုင်းလိုက်တာ ခိုင်းလို့လုပ်ရတာလား .. .. ဒီလို မလုပ်ရင် သတ်ပစ်မယ် လို့များ ခြိမ်းခြောက်လို့ အဓိပ္ပါယ်မဲ့ တွေ လုပ်လိုက်ရတာလား .. .. ကိုယ့်ရင်ထဲက အရှိ အတိုင်း အန်တီစု ကိုမျက်မုန်းကြိုး အရှုံးချည်း ရှုံးရမှာမို့ ထကန့်ကွက်လိုက်တာလား .. .. ဒါဆိုရင်တော့ ပါတီထောင် နိုင်ငံရေးတောင်လုပ်မစားနဲ့တော့ .. …
ReplyDeleteညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေး ပါတီ ၀င်တွေ ရဲ့သဘောထား အမှန်ဆိုရင်တော့ ပါတီသာ ဖျက်လိုက်ပါတော့ .. .. ပြည်သူ က ဒဏ်ခတ်တာ ခံကြရလိမ့်မယ် .. .. ပြည်သူတွေ ဘယ်သူ့ကိုဘာလုပ်ရမယ်ဆိုတာ အားလုံးသိတယ်.. ..
ကြာတယ်ကွာ . .. .. .. တောက် .. .. မြန်မြန် ထွက်သွားစမ်း .. … အဲဒီပါတီ ၀င်တွေအားလုံး .. .. .. တိုင်းပြည်ဖျက် မျိုးဖျက်မဲ့ အာဏာရူးတွေ .. ..
ဒေါက်တာ စိုးမင်းလိုက ပြည်သူတွေရဲ့ မဲကိုယူပြီး ပြည်သူတွေကို အလုပ်အကျွေးပြုမယ်ဆိုတဲ့ စိတ်ဓါတ်မရှိပဲ
ReplyDeleteအထက်အမိန့်အတိုင်း လုပ်မယ်ဆိုတော့ ဒါက ပြည်သူ့ ဝန်ထမ်းကောင်း မဟုတ်ပဲ
လက်ပါးစေကျွန်အဆင့်ပဲရှိတယ်... ရွေးကောက်ပွဲဝင်တယ်ဆိုတာ... ကိုယ့်ဒေသကို
ဘယ်လိုတိုးတက်အောင်လုပ်ပေးမယ်.. ကိုယ့်ဒေသရှိပြည်သူတွေရဲ့ အခွင့်အရေးကို
ဘယ်လိုရအောင် လုပ်ပေးမယ်ဆိုတဲ့ ခံယူချက်မျိုး ရှိရတယ်... ချီးစားတဲ့ ဦးနှောက်နဲ့
ဒေါက်တာဖြစ်လာတာလား....
ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီဥက္ကဌ ဦးအုန်း
ReplyDeleteလွင်သည် ကွန်မြူနစ်ဝါဒစွဲ သခင်စိုး၏မြေးဖြစ်ပြီး
သခင်စိုးနှစ်ပတ်လည်ကိုနှစ်စဉ်ပြုလုပ်နေပါသည်။နအဖအစိုးရနှင့်ပလဲနံသင့်ဖြစ်နေပြီး တယ်လီ
ဖုန်းပါမစ်များမကြာခဏရပါသည်။အဲဒီလို စစ်အာဏာရှင်တို့နှင့်အကြံတူဥာဏ်တူဖြစ်နေ
သောဦးအုန်းလွင်ပါတီမှ ဦးတင်ရီဆိုသူဟာကော့
မှုးမြို့နယ်မှ အေ၇ွးခံခြင်းသည် နအဖ၏ အကြံ
သာဖြစ်ပြီး ကွန်မြူနစ်ပီပီ NLD နှင့်ဒေါ်စုအား ပုတ်ခက်ပြောဆိုခြင်းမှာ ကွန်မြူနစ်ဝါဒသာဖြစ်ပါ
ကြောင်း ကော့မှုးပြည်သူတို့အားအသိပေးအပ်ပါ
သည်။
ဦးတင်ရီရေ
ReplyDeleteနိုင်ငံတော်အတွက်တစ်ထောင့်တစ်နေရာက
ပါဝင်ဆောင်ရွက်ချင်လို့အရွေးခံမယ်ဆိုလည်း
နိုင်ငံတစ်ကာနဲ့ရင်ပေါင်တန်းနိုင်အောင်
လိုအပ်တဲ့လေ့လာမှုလေးတွေပြုသင့်တယ်ဗျာ။
အထူးသဖြင့် အမြားပြည်သူကိုချပြရမဲ့
တရားဝင်စာတွေပေတွေနဲ့ပါတ်သက်ပြီး
ကိုယ့်ရဲ့ညံ့ဖျဉ်းမှုကိုမဖော်ပြမိဖို့အရေးကျီးတယ်ဗျာ။
ဂရင်းကာဒ် ဆိုတာ အမေရိကန်ပြည်ထောင်စုမှာပဲရှိတယ်ဗျာ။
နောက်တစ်ရောက်က ဒေါက်တာစိုးမင်း
တစ်နိုင်ငံလုံးက ၉၉% သောပြည်သူလူထုကကော
ကမ္ဘာတစ်ဝှမ်းလုံးကကော
မြန်မာပြည်ရဲ့ဒီမိုကရေစီခေါင်းဆောင်အဖြစ်လှိုက်လှိုက်လှဲလှဲ
အသိအမှတ်ပြုလက္ခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
ခေါင်းဆောင်တစ်ယောက်အဖြစ် အသိအမှတ်ပြုတဲ့စကား
တစ်ခွန်းမှမပါအောင် သတိဝရိယနဲ့ထိမ်းပြောသွားပြီး
ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးအဖြစ်သာတွင်တွင်ထုတ်ဖော်
ပြောသွားတာ
(၁) ဒေါက်တာရဲ့ ပင်ကိုယ်မနာလို၊မစ္စရိယစိတ်လား?
(၂) ပြည်ခိုင်ဖြိုးပါတီဝင်များအတွက် သစ္စာအဓိဋ္ဌာန်နဲ့
လိုက်နာရမဲ့သံမဏိစည်းမျဉ်းလား?
(၃) မိမိရင်တွင်းကကြည်ညို မှုအမှန်တရားကိုထုတ်ဖော်
ပြောလိုက်ရင် ယခုလက်ရှိရယူ ခံစားနေရသော
ပြည်သူမသထာတဲ့ ကြံ့ဖွံ့ကပေးထားသောအခွင့်အရေးစီးစိမ်များ
ပြောက်ပျက်သွားမည်ကိုစိုးရွံ့သောအကြောက်တရားလား?
အစရှိသောမေးခွန်းများကို ညအိပ်ရာမဝင်ခင် ဘုရားစင်ရှေ့မှာ
စိတ်ပုတီးကိုင်လျက် သေချာဆန်းစစ်ပြီးကိုယ့်ကိုကိုယ်ပြန်စစ်မေး
စေချင်ပါသည်ခင်ဗျား။
ကန့်ကွက်တဲ့လူကို အပ်ြစ်မပြောကြပါနဲ့။ သူကလဲ မနိုင်မှာ သေချာနေတော့ ကုန်းကိုက်တဲ့ဘောပါဗျာ။ သူပေးသွင်းရမဲ့ ၀င်ကြေး ၅ သိန်းကို မဖြူဖြူသင်းကို လှူလိုက်ရင် လူသာဓုခေါ် နတ်သာဓုခေါ်ဖြစ်သွားမယ်ဗျ။
ReplyDeleteအင်း ဇာဂနာထောင်ကထွက်လာချင်းပြောတဲ့စကားကို သတိရမိတယ်။ အယ်ဒီဇင် ဟာသလေးကိုပါ။
ReplyDeleteခွက်ထိုးခွက်လန်၊မဲ၁မဲတောင်မရဘဲရှုံးမဲ့ကိန်းဘဲဒေါက်ချာရေ။
ReplyDeleteကိုယ့်ဖါသာကိုယ်ဘယ်ရောက်လို့ဘာလုပ်နေမှန်းမသိဘဲ၊
ဒီမိုကရေစီနိုင်ငံ့ခေါင်းဆောင်ကိုနိုင်မယ်လို့ထင်နေတာလဲ၊
ချာတူးလန်အောင်ညံ့ဖျင်းကြောင်းသက်သေပြတာဘဲ။
ဒေါက်ချာတယောက်စိတ်ကောင်းကောင်းလေးထားပြီး၊
သေသေချာချာစဉ်းစားဘို့သတိပေးပါရစေ။
ဘာမှ မဟုတ်ပါဘူးဗျာ ဒေါ်အောင်ဆန်းစုကြည်
ReplyDeleteနိုင်မှာကိုကြောက်ပြီး ဟိုကန့်ကွက် ဒီကန့်ကွက်နဲ့ လုပ်နေကျတာ ပုသိမ်လူထုတွေမြောင်းမြလူထုတွေ ဒေါ်အောင်ဆန်းစုကြည့်ကို ၀ိုင်းဝန်းထောက်ခံအားပေးကျတာကို မြင်တွေ့ရပြီး ကျွတ်နေကျတာ ဒါကြောင့်လိုက်ကန့်ကွက်နေတာ တရားမျှတစွာ မပြိုင်ရဲလို့ အဲ့လိုလုပ်နေတာ တွေကိုလဲ ခင်ဗျာတို့အသိပါ
ဒေါက်တာစိုးမြင့်ကလူသားစစ်စစ်လား၊ အရုပ်လား။ အရုပ်ဆိုရင်တောင် စက်ရုပ်တော့မဖြစ်နိုင်ဘူး၊ ရွှံ့ရုပ်ဖြစ်ဖို့များတယ်။ ဘယ့်နှယ်ဗျာ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်က လွှတ်တော်ထည့်ကိုရောက်ရင် ဘာတွေလုပ်မယ်ဆိုတာလေးကို မဟုတ်သည်ရှိ၊ ဟုတ်သည်ရှိ ၀တ်ကျေတန်းကျေတောင် မပြောနိုင်ဘူး၊ မပြောရဲဘဲနက် မဟုတ်တဲ့စကား နှစ်ခါကျွန်ဖြစ်မခံနိုင်ဘူးလို့ပြောသေးတယ်။ ကိုယ့်ပြောရမည့်စကားကို ကိုယ့်ဘာသာကိုယ် ရှာကြံပြီးလူကြီးလူကောင်းပီပီပြောပါလားဗျာ။ ဗမာပြည်အတွက် ရင်လေးတယ်။ အဲ့ပေါ့လေ။ ပါတီအတွင်းရေးမှူး ဦးဌေးဦးကိုယ်တိုင်က အောင်ကျူကျူ အူကြောင်ကြောင်နိုင်မှတော့ အောက်ခြေအဆင့်က ဒီလိုဘဲရှိမှာပေါ့။ ဗမာပြည်အတွက် ရင်လေးတယ်။
ReplyDeleteဘာတွေလဲကွာ ဘာတွေလဲကွာ ဒီလိုလူတွေနဲ့တော့ မဖြစ်တော့ဘူးထင်တယ် ကိုမင်းကိုနိုင်(Eternal hero)ပြောတဲ့ လိုအပ်ရင်တော့ ဓါးမှန်းသိအောင်ထုတ်ယုံနဲ့ ရတော့မှာမဟုတ်ဘူး ထင်တယ် တိုက်ပွဲပါ လိုအပ်ရင် ၀င်ကြရပြန်တော့မယ်နဲ့တူတယ်
ReplyDeleteဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို ခေါင်းဆောင်ချင်တဲ့သူဟာ ဒီနိုင်ငံအရေးကို အာဘောင်အာရင်းသန်သန် ပြောချင်တဲ့သူဟာ အနည်းဆုံး အခွန်လေးတော့ မှန်မှန်ကန်ကန် ဆောင်ထားသင့်တယ်။ Passport နှစ်ခုကိုင်တဲ့သူ ဟုတ်မဟုတ် ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရှင်းရှင်းလင်းလင်း ပြောသင့်ပြီ။ ဥာဏ်များတတ်တဲ့ အဖြူကောင် တွေကိုတော့ လုံးဝ အယုံအကြည်မရှိပါဘူး။
ReplyDeleteပုပ် ပုပ် တင်ရီ
ReplyDeleteအမြတ်ထုတ် ဖို့ကြံစီ
ဇာတ်ထုတ်ကိုဖြည် တကယ်လည်းမသိပြီ
အမှန်လည်းမသိသည်
သူငါလိုစိတ်ထားသင့်သည်။
မဲတပြား မဖျက် သင့် ပါလေပြီ.....
ကိုယ့်မဲကို အလကားမဖြစ်စေနဲ့ တင်ရီ တကယ်လုပ်နိုင်သူကို အားပေးလိုက်။ ကိုယ့်မဲ ကိုယ့်ပုံးထဲပြန်ထည့်ရင် တင်ရီအတွက်လည်းတန်ဖိုးမယ့်တယ်။ မဲပြားလည်း တန်ဖိုးပျက်တယ် နော်တင်ရီ။
ဦးတင်ရီတင်ပြသွားတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုကရတဲ့ ဆုငွေတွေကို နိုင်ငံခြားဘဏ်မှာ သိမ်းထားတယ်ဆိုတာ ကိုယ်ကျိုးအတွက်လို့ ထင်နေတာ သူသေချာမစုံစမ်းတာလား ဒါမှမဟုတ် တမင်မသိချင်ယောင်ဆောင်ပြီး အပြစ်ပြောဖို့ သက်သက်ပဲလုပ်နေတာလားတော့မသိဘူး… ဒါပေမယ့် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဆိုတာတော့.. အဲဒီပါတီတခုအနေနဲ့ ကော သူကိုယ်တိုင်ကပါ စိတ်ထားဖြူစင်ဖို့ လိုမယ်ထင်ပါတယ်… တကယ်တမ်းတိုင်းပြည်ကို ချစ်တယ်ဆိုရင်ပေါ့လေ… နိုဗယ်ဆုကရတဲ့ငွေတွေကို ထိုင်းမြန်မာနယ်စပ် အေအိုင်ဒီအက်စ် ကာကွယ်ရေး Project တွေမှာ Contribute လုပ်ခဲ့တာတွေ Prospect Burma အဖွဲ့ တည်ထောင်ပြီး မြန်မာနိုင်ငံက အရည်အသွေးပြည့်မီတဲ့ ပညာတတ်တွေကို နိုင်ငံအကျိုးပြုစေဖို့ အတွက် ပြည်ပမှာ ဘွဲ့ လွန်ပညာတွေ အခက်အခဲမရှိ လေ့လာသင်ယူနိုင်အောင် နှောင်ကြိုးမဲ့ Scholarship ပေးနေတာတွေ ဦးတင်ရီတို့ မသိတာ အရမ်းအထင်သေးစရာကောင်းပါတယ်… ကျွန်တော် နိုင်ငံရေးသမားမဟုတ်ပါဘူး… ဒါပေမယ့် ဦးတင်ရီလောက်တော့ မတုံးဘူးဆိုတာ ပြောရဲပါတယ်..
ReplyDeleteဦးစိုးမင်းရဲ့အပြောအရသုံးသပ်ရရင်"ခေါ်ရင်လာ၊ခိုင်းတာလုပ်၊ခံမပြောနဲ့၊ခိုးပြီးစား" ဆိုတဲ့အဆင့်ထက်ပိုတဲ့ပုံမပေါ်ပါ။
ReplyDeleteTin Yi ga Khin Kyi tha mee ko lar sann tot, thu tha mee ga Lin The ma paw bae ka lay mway tot ma pop LOL
ReplyDeleteကိုအာကာပြောတာထောက်ခံတယ်
ReplyDeleteရွေးကောက်ပွဲဝင်မဲ့အမတ်လောင်းကြီးကလည်း ပိန်းလိုက်တာလွန်ရော..
ReplyDeleteငါးမင်းဆွေ နဲ့ နှင်လားငါလားပဲ
Actually, I do not want to say anything to those brainless people who doesn't have the knowledge on tax matter but I must say now and otherwise they think that they know everything about income tax.
ReplyDeleteIf you are working in overseas country, you should pay your income tax to that particular country and you do not have to pay to Burma tax authority.
Therefore why should DASSK pay income tax to Burma when she was working in Overseas.
There should not be double taxation and if you to want say something, you should study on it first.
Most of the MPs in Burma are luck of knowledge and it is embarrass to see such criticism.
I am very sad to see that most of the Mps are taking order from their senior and never use the brain. In another word, our education system was never allowed them to thik and speak.
Now they are old but no knowledge growth in so called our MPs.
sad....very sad........
ကျွေးတာယူ..ပေးတာစား...ခေါ်ရင်လာ..ခိုင်းတာလုပ်...ခံမပြောနဲ့...ခွေခြေနဲ့ပေါက်လိုက်လို့ .. အင်း...
ReplyDeleteခွေကနဲ့..လဲချင်ပြီ..နဲ့တူတယ်...(PUP)///