Pages

Friday, March 2, 2012

ဟိုတယ်ဝန်ထမ်းပါးရိုက်တဲ့ဂျပန်ကို အမည်ပျက်စာရင်းသွင်း


ဟိုတယ်ဝန်ထမ်းကို ပါးရိုက်ခဲ့သူ ဂျပန်အမျိုးသားဟာ လုပ်ငန်းဗီဇာနဲ့ ပြည်ဝင်ခွင့်ရထားသူဖြစ်တယ်၊ သူ့ကို အမည်ပျက်စာရင်းသွင်းထားကြောင်း နိုင်ငံတကာမှာရှိတဲ့ မြန်မာသံအဖွဲ့တွေကို အကြောင်းကြားတဲ့စာ ဖြစ်ပါတယ်။

7 comments:

  1. ဗီဇာစည်းကမ်းဖေါက်ဖျက်သဖြင့်ရဲစခန်းမှပြည်နှင်သွားရန် ပြစ်ဒဏ်ချမှတ်ထားပြီးဖြစ်တယ်ဆိုတာရင်တရားရုံးက ပြည်နှင်ဒဏ်ပေးထားပြီးဖြစ်တဲ့သူရဲ့အမှုကိုဘာလို့လက်ခံဖွင့်ပေး တာလဲဆိုတာကလဲစဉ်းစားစရာ။ ရဲစခန်းမှ ပြစ်ဒဏ်ပေး နိုင်တဲ့စီရင်ပိုင်ခွင့်အာဏာရှိသလား၊ လူဝင်မှုကြီးကြပ်ရေးကတရားစွဲဆိုတင်ပို့ပြီး တရားရုံးက ပြည်နှင်ဒဏ်ပေးတာကဥပဒေနဲ့ညီသလား။ စဉ်းစားစရာတွေတော့အများကြီးပါပဲ။

    ReplyDelete
  2. ဟီးးး ... သက်ဆိုင်ရာ အရာရှိတို့ရယ် လျှို့ဝှက်လို့ရေးမနေကြပါတော့နဲ့ဗျာ .. သိက္ခာကျပါတယ် .. အဲ့လိုရေးပြီးမကြာဘူး အွန်လိုင်းပေါ် ရောက်ရောက်လာလို့ပါ .. :P

    ReplyDelete
  3. Bravo!!
    Let those bullying foreigners be mindful that when you insult a Myanmar, then you get a deportation.

    ReplyDelete
  4. လျိုဝှက်လို့ ရေးလိုက်တော့ စာအစစ်လို့ ထင်ကြမလားလို့ နေမှာပေါ့။ အစက ပြောတော့ မင်းအောင်လှိုင်ဆိုလား ကာ၊ လုံ အဖွဲ့ ဆိုလား ဒီဂျပန်ကို နှင်လိုက်ပြီ ပြောသေးတာပဲ။ နောက်မှ တရားရုံး ရောက်နေမှန်း သိရတာ။

    ReplyDelete
  5. ဒီ document ကို ဘယ်ကရတယ်ဆိုတာတော့ ဧရာဝတီက ဖော်ပြသင့်ပါတယ်။ မူရင်းက Swe Swe Kyi Facebook မှာ စတင်တာ သတိထားမိပါတယ်။ ခုလိုမရိုးမသားလုပ်တာ မကောင်းပါ။

    ReplyDelete
  6. ကိုပေါက်စMarch 3, 2012 at 10:37 PM

    အဲဒီအမှုကို ပထမဆုံးတင်တဲ့တရားရုံးက ပါးရိုက်ခံရတဲ့
    ဟိုတယ်ဝန်ထမ်းကို အာမခံ ကျပ်သိန်း(၁၀၀)မတင်ရင်
    အချုပ်ထဲ ကနေ အမှုရင်ဆိုင်ရမယ်လို့ The Voice မှာဖတ်လိုက်ရပါတယ်။
    ( ပါးလည်းအရိုက် ခံရသေးတယ်၊သိန်း(၁၀၀)မရှိရင်
    အချုပ်ထဲသွားရမယ်ဆိုတော့...တရားသူကြီးမင်းတို့ရယ်
    ရက်စက်လှချည်လား...)

    ReplyDelete