Pages

Monday, March 12, 2012

မြန်မာ့ ကျောက်မျက် ဘယ်သူတွေ စွဲမက်

အိမ့်သံစဉ်

၂၀၁၀ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ မြင်ကွင်းတခု

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာရဲ့ အယ်ဒီတာအာဘော်မှာတော့ ၄၉ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမမှာ ရောင်းချခဲ့ရာ ပြည်ပကုမ္ပဏီ ၄၃၂၃ ခုက နိုင်ငံခြားသား ၁၉၅၁ ဦးနဲ့ ပြည်တွင်း ကုမ္ပဏီ ၆၉၄ ခုက မြန်မာကုန်သည် ၃၀၃၇ ဦးတို့က ၀ယ်ယူ အားပေးသွားကြောင်း သိရှိရပါတယ်။

ဒီသတင်းစာအာဘော်ကို ဖတ်ကြည့်တော့မှ မြန်မာသူဌေးတွေက နိုင်ငံခြား သူဌေးများထက် ပိုချမ်းသာတာကို သိခွင့်ရ လိုက်ပါတယ်။

ယခုလ မတ်လ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ခင်းကျင်းပြသ ရောင်းချသွားမှာလို့ ဆိုထားပါတယ်။

မြန်မာ့ ကျောက်မျက်ရတနာ ဆိုတာ ကမ္ဘာက သိပြီးသားပါ။ မသိသေးတာကတော့ သန်း ၅၀ ကျော်သော မြန်မာနိုင်ငံသား တွေကတော့ အဲဒီကျောက်မျက်ရတနာ ဆိုတာတွေကို မမြင်ဖူးကြပါဘူး။



2 comments:

  1. အော် .ဗျာ . .
    ဒီလူတွေ ဒီလို လုပ်နေမှတော့ မြန်မာပြည် သယံဇာတပေါတယ်ဆိုတာ စာအုပ်ထဲမှာပဲ သိခွင့်ရှိတော့တာပေါ့ဗျာ. .

    နိုင်ငံခြားသားတွေဝယ်တယ်ဆိုတဲ့ အထဲမှာ တရုတ်တွေ ဘယ်နှစ်ယောက်ပါလဲဆိုတာ ဖော်ပြပေးပါလား .. .

    ReplyDelete