Pages

Thursday, March 22, 2012

လှည်းကူးမှာဖြန့်တဲ့စီဒီ

လှည်းကူးမှာ ဒေါ်စုကိုတိုက်ခိုက်တဲ့အခွေတွေဖြန့်နေတယ်။ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ အစုအဖွဲ့က မထင်မရှားဖြန့်နေတယ် ဆိုပြီး အခုလို သတင်းတပုဒ် ရောက်လာပါတယ်။

လှည်းကူး မြို့တွင် ဈေးအိမ်သာ၊ အမှိုက်ပုံ၊ အမှိုက်ပုံးများထဲတွင် အထက်ပါ ခွေများကို
ဖြန့်ချီနေပြီဖြစ်သည်။

လက်၇ှိအခြေအနေအရ လူထုကြားတွင် အဖွဲ့ချုပ်ကို ထောက်ခံမှု အားကောင်းသည်။ ဈေးသည်ကအစ၊ ဆိုက်ကားသမား အဆုံး အဖွဲ့ချုပ် အမှတ်အသား အလံများကို လွင့်ထူခြင်း။ ကပ်ခြင်း များ ဖြင့်ထောက်ခံကြသည်။

လူထုကြား အထက်ပါခွေများကို ပေါ်တင်မဖြန့်ရဲကြဘဲ တောင်းရမ်းစားသူကလေးငယ်များ။ အမှိုက်ကောက်သူ ကလေးငယ်များကို မသမာ သူများက ငွေပေး စေခိုင်းလျက်ရှိသည်။

အဆိုပါ ကေ လးငယ်များလည်း ကြောက်လန့်စွာဖြင့် မဖြန့်ရဲကြဘဲ လူကွယ်ရာ နေရာဖြစ်သော အိမ်သာ၊ အမှိုက်ပုံးများတွင် သာ ဖြ န့်ဝေကြသည်။

ခွေပါ အမေးအဖြေ စကားများမှာ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ထားသော စကားမေးခွန်းများဖြစ်သည်။

8 comments:

  1. လွယ်တာကိုခက်စေကြသည်၊ ဒေါ်စုတိုက်ရိုက်သွားမေးလေ..ဖြေမှာပေါ့..သူ့ မှာအဖြေတွေရှိတယ်.. ဘယ်နှဲ့ မဆိုင်တဲ့သူတွေသွားမေးနေတယ်..

    ReplyDelete
  2. Accountant GeneralMarch 22, 2012 at 3:56 PM

    This is act of DESPERATION by ....(everybody know).

    ReplyDelete
  3. ၁၉၆၀ခုနှစ် နှစ်ဦးပိုင်း ရွေးကောက်ပွဲ ကျးပတဲ့ကာလကို
    ပြန်သွားမယ်။ရွေးကောက်ပွဲဝင်တာက၊အဓကသုံးပါတီ..ပါ။

    ဦးနုနဲ့သခင်တင်ဦးဆောင်တဲ့သန့်ရှင်းဖဆပလကတစ်ပါတီ.ဦးဗဆွေနဲ့ဦးကျော်ငြိမ်းဦးဆောင်တဲ့တည်မြဲဖဆပလကတစ်ပါတီ..။လက်ဝဲသမားတွေရဲ့ညွန့်ပေါင်း ပမညတ ပါတီ..။

    စစ်တပ်ကတည်မြဲဘက်ကလိုက်ပြီးသန့်ရှင်းလိုလားသူတွေကိုညှင်းပမ်းနှပ်စက်ခြိမ်းခြောက်ပြီး၊တည်မြဲခထဲကိုမဲထဲ့ကြဖို့
    လူထုကိုယုတ်မာခဲ့တယ်။

    ဦးနုက ကမ္ဘာအေးမှာ ပါတီညီလာခံကျင်းပပြီး အချက်
    ပေးလိုက်တယ်။ စကားကြီးလေးလုံး တဲ့ခင်ဗျ။
    လ-တ-မ-သ..တဲ့..။
    ဆိုလိုတာက-
    လ = လူ
    တ = တည်မြဲ
    မ = မဲ
    သ = သန့်ရှင်း
    ချုပ်လိုက်ရင် လူ တည်မြဲ။မဲ သန့်ရှင်း

    စစ်တပ်ကအနှိပ်စက်မခံရအောင် လူက တည်မြဲ ဟန်
    ဆောင်ပါ။ မဲ ကိုတော့ သန့်ရှင်း ထဲ ထဲ့.။
    အဲဒါ... နမူနာ..။

    ReplyDelete
  4. Low Class/ No class smear campaigns.

    ReplyDelete
  5. စိန်ဝင်းMarch 22, 2012 at 9:08 PM

    ဒီခွေကို ကြည့်လိုက်ရပါတယ်။ အောက်တန်းကျတဲ့ အတွေးအခေါ်၊ အောက်တန်းကျတဲ့ စိတ်ဓာတ် နဲ့ အောက်တန်းကျစွာ စွပ်စွဲ ပုတ်ခတ် အသရေဖျက် ထားတာပဲဖြစ်ပါတယ်။ နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့တာ ကိုပဲ ပုံကြီးချဲ့ ကဲ့ရဲ့ထားပါတယ်။ ဒီလိုသာ ခလေးအတွေး ကပ်ဖဲ့ ပြောချေးဆို ဒို့ကိုးကွယ်တဲ့ ဗုဒ္ဓတောင်မှ နိုင်ငံခြားသား ဖြစ်သေးတာပဲ။ နောက်တခုက ဒေါ်စု ဘာလုပ်ပေးခဲ့လို့လဲတဲ့... သတ္တိရှိရင် မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုကို ဘေးဖယ်ထားကြည့်ပါလား.. ဘာဖြစ်သွားမလဲလို့... ဒီထက်ပြောလဲ အပိုပါပဲ..

    ReplyDelete
  6. to sein win
    why you say like that,you must know people power and 1988

    ReplyDelete
  7. တစ်ချိန်က တစည ပါတီက လုပ်ခဲ့တဲ့ အပြုအမှုတွေအပြောအဆိုတွေ ဖြစ်ပါတယ်။ ထောက်လှမ်းရေးက လူထုကြားမှာ ဝါဒဖြန့် ၊ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်းတွေက လက်အောက်ငယ်သားတပ်တွေကို ဝါဒဖြန့် ပါတယ်။ အခု ကြံ့ဖွတ်က ဒီတာဝန်ကို ဆက်ယူပြီး ကလိမ်ကကျစ်အောက်လမ်းနည်းတွေ သုံးနေတာပါ။ ဌေးဦးလက်ချက်လား။ အောင်သောင်းလက်ချက်လား။ ကျော်ဆန်းလက်ချက် လားဆိုတာ ဒီ ၃ယောက်ထဲက မလွဲဧကန် အမှန်ဖြစ်ပါတယ်။

    ReplyDelete
  8. ခွေကို မကြည့်ဖူးပါဘူး။ ဒါပေမဲ့ ဒေါ်စု ဘာလုပ်ပေးနိုင်သလဲ မေးတဲ့ကောင်တွေ ဒေါ်စုကို ဘာမှ လုပ်ခွင့်မပေးပဲထားတာတောင် ဒေါ်စု ပုံတွေ သတင်းတွေ နေထိုင် ဝတ်စားတာတွေကို မြင်နေရုံလေး နဲ့ပဲ ဝင်ငွေရနေလို့ အောက်ခြေ လူတွေ သတင်း သမားတွေ က အစ အတော်လေး စားဝတ်နေရေး အလုပ်ဖြစ်နေပါပြီ။ လုပ်ခွင့်သာ ရခဲ့ရင် တနိုင်ငံလုံး ချမ်းသာသွားမှာပါ။ အခု ခွေဖြန့်တဲ့ ကောင်တွေက လူမျိုးနဲ့ ဘာသာကို မျိုမဲ့ ကောင်တွေလက်ထဲကို ထိုးအပ်ချင်နေတာလား။ တိုင်းပြည်နဲ့လူမျိုးအတွက် အမြော်အမြင်မရှိပဲ လုပ်ချင်ရာ လုပ်နေပြီး အခုမှ ထိမ်းမရသိမ်းမရ ဖြစ်နေပြီ။ ဆက်လုပ်ချင်ကြသေး တယ်။ တိုင်းပြည်ကို ရောင်းစားမှ အဲဒီ အာဏာ မပေးချင်တဲ့ ကောင်တွေနဲ့ ခွေဖြန့်တဲ့ ကောင်တွေပဲ...။ ပြောချင်တယ်ဆိုရင် ဦးနှောက်လေးနဲ့ပဲ စဉ်းစားကြပါ။ ဦးနှောက်မရှိတဲ့ကောင်တွေက ခိုင်း ဘာမှ မသိတဲ့ ကောင်တွေက လုပ်နဲ့ တိုင်းပြည်နဲ့ လူမျိုး နာတယ်ဟေ့...

    ReplyDelete