Pages

Thursday, March 22, 2012

ရဲတိုက်ရဲ့ မကွေးတိုင်း NLD စည်းရုံးရေးခရီး

သတင်း၊ ဓာတ်ပုံ - နတ်ဆိုး(Demon)

20.3.2012နေ့တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်သို့ NLD ပါတီ အောင်နို
င်ရေးအတွက် စည်းရုံးရေးခရီးစဉ်အဖြစ် သရုပ်ဆောင်ရဲတိုက်နှင့် အဖွဲ့ သွားရောက်ခဲ့သည်။

21.3.2012နေ့တွင် ပခုက္ကူမြို့တွင် ညအိပ်ရပ်နား၍ နံနက်၈နာရီ၄၅အချိန်တွင် မြစ်ချေ၊ ကမ္မဒေသများသို့ သွားရောက်ခဲ့ပြီး နေ့လည် ၂ နာရီ ၄၅ အချိန်တွင် ပခုက္ကူမြို့သို့ ပြန်
လည် ရောက်ရှိခဲ့သည်။

ပခုက္ကူမြို့အမှတ်(၁၅) မြစ်ကိုင်းနှင့် ဆင်ပေါက်လှရပ်ကွက်တို့တွင် စည်းရုံးေ
ရး ကိစ္စရပ်များ ဆောင်ရွက်ခဲ့ပြီး အမှတ်(၁၅)နယ်မြေ NLD ရုံးဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။



ထိုမှတဖန် ခန်တော်ရပ်ကွက်နှင့် အမှတ်(၁၃)နှင့်(၁၄)နယ်မြေများနှင့် မြို့တွင်းသို့ အင်အားပြ လှည့်လည် စည်းရုံးခဲ့ပြီး ညနေ(၆)နာရီခန့် အချိန်တွင် ခရီးစဉ် အဆုံးသတ်ခဲ့သည်။

၎င်းနောက် စစ်ကိုင်းတိုင်း ဒေသကြီးရှိ ဒေသအချို့သို့ ထပ်မံသွားရောက်မည်ဟု သိရှိရပါသည်။







No comments:

Post a Comment