Pages

Thursday, March 22, 2012

ပခုက္ကူမြို့တွင် ကမ္ဘာ့ကဗျာနေ့ကျင်းပ


ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲကို ပခုက္ကူမြို့ရှိ ဗောဓိမဏ္ဍိုင်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

ပါဝင်သည့်ကဗျာဆရာများမှာ
မင်းသန့်ဇင်၊ နိုင်ထက်နိုင်၊
ခိုင်နေဒီ၊ နောင်အိုင်း
ရစ်၊
မောင်ကျော်လေး၊ ကြည်ညှိဟန်း၊
ညီ၊ မင်းမှီ၊
ရွှေသွေး၊ ဇေယျာကျော်၊
မွန်လေး(မြန်မာစာ)တို့ ဖြစ်ကြပါသည်။

နောင်အိုင်းရစ်က အမေစုအတွက် စပ်ဆိုထားသော"သံမဏိချစ်ခြင်း" ကဗျာ

မင်းသန့်ဇင်က ကွယ်လွန်သူကဗျာဆရာကြည်မောင်သန်း၏ "လက်" ကဗျာ
ခိုင်နေဒီက ကိုဘုန်းမော်အမှတ်တရ "မတ်လ(၁၃)ရက်ည" ကဗျာ၊
နိုင်ထက်နိုင်က နေခြည်ကဗျာ၊
မောင်ကျော်လေး(ပခုက္ကူ)က ပခုက္ကူရေဘေးအကြောင်း ခံစား ဖွဲ့ဆိုထားသော"ရွှေချောင်း"ကဗျာ တို့ကို အသီးသီး ရွတ်ဆိုခဲ့ကြသည်။


စိတ်ပါဝင်စားသူ ကဗျာဝါသနာရှင်(၃၀)ကျော် တက်ရောက်ခဲ့သောကမ္ဘာ့ကဗျာနေ့ အခမ်းအနားသည် နေ့လည်(၁)နာရီတွင် စတင်ခဲ့ပြီးညနေ(၃)နာရီတွင် ပြီးဆုံးခဲ့သည်။



No comments:

Post a Comment