Responsible Tourism လို့ ခေါ်တဲ့ တာဝန်ယူမှုရှိတဲ့ ခရီးသွားလာရေးအကြောင်း ဖော်ပြလိုက်ပါတယ်။မြန်မာပြည်မှာ Responsible Tourism ဖြစ်ပေါ်လာအောင် လှုံ့ဆော်နေတဲ့ Burma Center Prague အဖွဲ့က ထုတ်ပြန်တဲ့ လမ်းညွှန်ချက်ပါ။
(သူတို့ရဲ့ထုတ်ပြန်ချက်တွေမှာတော့ ဒီဓာတ်ပုံတွေ မပါပါဘူး။)
Instructions for my.ecoburma.com March 2012
ရည်ရွယ်ချက် (Purpose)
ဒီပရောဂျက်ရဲ့ ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံသားတွေအပေါ် အကျိုးသက်ရောက်မှုကောင်း ရှိတဲ့ နိုင်ငံခြား ခရီးသွားလာရေး တိုးတက်မှုကို အထောက်အကူပြုဖို့ဖြစ်ပါတယ်။
နိုင်ငံခြားခရီးသွားလာမှုကနေ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို တတ်နိုင်သမျှလျှော့ချပြီး သာတူညီမျှအခွင့်အရေး ရနိုင်တဲ့ တာဝန်သိမှုရှိသော ခရီးသွားလာရေး ဖြစ်အောင် ကူညီထောက်ပံ့နိုင်ဖို့ ဖြစ်ပါတယ်။
ခရီးသွားကုမ္ပဏီ၊ အဖွဲ့အစည်းတွေနဲ့ ခရီးသွားတွေအတွင်းမှာ တာဝန်သိမှုရှိတဲ့ ခရီးသွားလာရေးဖြစ်အောင် လှုံ့ဆော်တဲ့နေရာမှာ ပြည်တွင်းမှာနေထိုင်တဲ့ နိုင်ငံသားတွေရဲ့ ပါဝင်ကူညီမှုတွေလည်း အများကြီး လိုနေပါတယ်။ ပါဝင်ကူညီနိုင်မယ့်သူတွေကိုလည်း လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုပါတယ်။
သင် ဘယ်လို ပါဝင်နိုင်မလဲ။ နိုင်ငံခြားခရီးသွားလာမှုတွေနဲ့ တနေရာရာမှာ သင်ကြုံကြိုက်ခဲ့တယ် ဆိုပါစို့။ (ဥပမာ။ နိုင်ငံခြားသား ခရီးသွားနဲ့ ကိုယ်တိုင်တွေ့ခဲ့သည်ဖြစ်စေ။ တည်းခိုရာနေရာတခုခုကို ရောက်ခ့သဲ ည်ဖြစ်စေ။ လမ်းခရီးမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တခုခု ဖြစ်စေ။ ခရီးသွားရင် ကြုံရတဲ့ ၀န်ဆောင်မှုတခုခုဖြစ်စေ။) သင်ကြုံခ့ရဲ တဲ့ အဖြစ်အပျက်တွေဟာ ဒေသခံတွေရဲ့ ဘ၀၊ ယဉ်ကျေးမှု၊ သဘာဝ ပတ်ဝန်းကျင်၊ စတာတွေကို တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးတော့ပဲဖြစ်ဖြစ် ထိခိုက်နေတာ၊ ထိခိုက်နိုင်တာတွေ တေ့လွာခဲ့ရင် အဲ့ဒီအကြောင်းတွေကို စာတိုလေးတစောင်ရေးပြီး ကျနော်တို့ဆီကို ပို့ပေးရုံပါပဲ။
ဒီနည်းနဲ့ ပါဝင်မှုဟာ ကိုယ့်နိုင်ငံဖံြွ့ဖိုးမှုအတွက် လက်တွေ့ကျကျ ပါဝင်နိုင်တဲ့ နည်းလမ်းတခုပါပဲ။ ခရီးသွားလုပ်ငန်း ဆိုတာဟာ ကမ္ဘာမှာ အကြီးဆုံး လုပ်ငန်းခွင်ကြီးတခုဖြစ်ပါတယ်။ ဒီလုပ်ငန်းကနေ ရတဲ့ အကျိုးအမြတ်ကို လူတစုကပဲ လက်ဝါးကြီးအုပ်ထားတာမျိုးမဟုတ်ပဲ နိုင်ငံသားအားလုံး ဒီအကျိုးအမြတ်ကို ခံစားခွင့်ရနေဖို့၊ နိုင်ငံအနေနဲ့လည်း ဒီကနေ မှန်ကန်တဲ့ အကျိုးအမြတ်ရဖို့ လိုအပ်ပါတယ်။
ဒီအကြောင်းတွေကို စိတ်ဝင်စားတ့၊ဲ ပါဝင်ကူညီလိုတဲ့သူတွေကိုလည်း လက်ဆင့်ကမ်း ဝေမျှပေးဖို့ တောင်းဆိုလိုပါတယ်။
ကျေးဇူးအထူးတင်လျက်
Burma Center Prague
သင့်ရဲ့စာကို ဘယ်လိုပို့မလဲ။ (How to Submit a Report)
http://my.ecoburma.com ကိုသွားပါ။ အဲ့ဒီက Submit a Report ဆိုတာကို နှိပ်ပါ။ စာမရေးခင်မှာ အောက်ပါ အချက်တွေကို အရင်စစ်ဆေးပါ။
၁။ မှန်ကန်သော အထောက်အထား (Authenticity) - စာမှာပါတဲ့ အချက်အလက်၊ အကြောင်းအရာတွေဟာ သင်ကိုယ်တိုင်၊ ဒါမှမဟုတ် သင့်အဖွဲ့အစည်းက ကိုယ်တိုင်ကိုယ်ကျ သိမြင် ထားတဲ့ မှန်ကန်တ့အဲ ထောက်အထားတွေ ဖြစ်ဖို့ လိုပါတယ်။
၂။ ခရီးသွားလာရေး (Tourism) - ပေးပို့တဲ့စာဟာ နိုင်ငံခြားသား ခရီးသွားတွေ၊ ခရီးသွား ကုမ္ပဏီတွေ၊ ခရီးသွားအေးဂျင့်တွေ၊ ခရီးသွားလာရေးနဲ့ဆိုင်တဲ့ အဆောက်အဦးတွေ ဆောက်လုပ်တာ၊ အ့ဒဲီအဆောက်အဦးတွေကို ပြုပြင်တာ၊ စတဲ့ ခရီးသွားလာရေး လုပ်ငန်းတွေနဲ့ နှီးနယ်ွနေမှု ရှိတ့၊ဲ အဲ့ဒီ လုပ်ငန်းတွေေ ကြာင့် ထိခိုက်ပျက်စီးမှုဖြစ်ရတဲ့ အဖြစ်အပျက်တွေ ဖြစ်ရပါမယ်။
၃။ မြန်မာနိုင်ငံ (Burma / Myanmar)- စာပါအကြောင်းအရာတွေဟာ အဓိကအားဖြင့် မြန်မာနိုင်ငံတွင်းမှာဖြစ်တဲ့ အကြောင်းအရာတွေ ဖြစ်ရပါမယ်။ ဒါမှမဟုတ်ရင်လည်း မြန်မာနိုင်ငံကနေထွက်ခွာသွားပြီး ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံတွေမှာ အခြေချနေတဲ့ မြန်မာနိုင်ငံသား အများစုနဲ့ ပတ်သက်နှီးနွယ်နေတဲ့ ပတ်ဝန်းကျင်က ဖြစ်ရပ်တွေလည်း ဖြစ်နိုင်ပါတယ်။
၎။ တိကျ ခိုင်မာမှု (Concreteness) - နေရာတခု၊ အချိန်အပိုင်းအခြားတခုမှာဖြစ်တဲ့ ဖြစ်ရပ်မှန်၊ တိကျခိုင်လုံတဲ့ အဖြစ်အပျက်ကိုပဲ ရေးသားဖော်ပြပါ။ ရေးထားတဲ့ အကြောင်းအရာနဲ့ အကိုက်ညီဆုံး title ကို ပေးပါ။ ဥပမာ - “ပုဂံရှိ ရှေးဟောင်းစေတီပုထိုးများကို ဖြိုဖျက်နေခြင်း” ပြီးရင်တော့ သင်ြမင်တွေ့ခ့တဲာတွေကို ကျိုးကြောင်းဆီလျော်အောင် describe ရှင်းပြပါ။
သင်ရေးလိုတဲ့ အကြောင်းအရာဟာ မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ ဘယ်လို ပတ်သက်ဆက်နွယ်နေတယ် ဆိုတာကိုလည်း ရှင်းလင်းပေါ်လွင်အောင် ရေးပါ။ တိကျမှန်ကန်တဲ့ ရှင်းလင်းချက်လေးတွေ ထည့်ပေးနိုင်ရင်လည်း ထည့်ပေးပါ။ ဥပမာ - “တည်းခိုရိပ်သာဆောင်အသစ် ဆောက်နေလို့ အဲ့ဒီနားအနီးတ၀ိုက်က ရှေးဟောင်းစေတီပုထိုး အနည်းဆုံး ၃ ခု ပျက်စီးသွားတယ်။ အကယ်လို့သာ အခုဆောက်နေတဲ့ နေရာနဲ့ ဆန့်ကျင်ဖက်နေရာ၊ ပင်မဟိုတယ်ရဲ့ဧည့်ခန်းမကနေ လမ်းလျှောက်သွားမယ်ဆိုရင် ၁၀ မိနစ်လောက်ပဲ ဝေးတ့ေဲ နရာ မှာသာ ဆောက်ခဲ့မယ်ဆိုရင် ဒီစေတီပုထိုးတွေကို ဖျက်ဖို့လိုမှာမဟုတ်ဘူး။”
သင်ပြောပြလိုတဲ့ အဖြစ်အပျက်ကို မြင်တွေ့ခဲ့တဲ့ နေ့၊ ရက် Date အချိန် Time တွေနဲ့ တိတိကျကျ ဖော်ပြပေးနိုင်ရင် ပိုကောင်းပါတယ်။ အချိန်ဆိုတာကတော့ ခန့်မှန်းခြေ အချိန်မျိုး ဖြစ်နိုင်ပါတယ်။ ရက်စွဲကို မမှတ်မိဘူးဆိုရင်တော့ သင်နောက်ဆုံးကြုံခဲ့ရတဲ့ နေ့ရက်ကို ရေးပါ။ ဒါမှ ကျနော်တို့တွေဟာ ဒါတွေကတော့ဖြင့် နောက်ဆုံးရ သတင်းအချက်အလက်တွေပါလို့ ပြောနိုင်မှာပါ။
ရေးသားပေးပို့မယ့် အကြောင်းအရာအတွက် သင့်တော်မယ့် category တခုကိုတော့ အနည်းဆုံး ရွေးချယ်ပေးပါ။ ဥပမာ “Cultural Heritage” သင်ရေးသားတဲ့ အကြောင်းအရာ ဖြစ်ပေါ်တဲ့ နေရာ location ကို မှတ်သားဖို့ မြေပုံပေါ်ကို အမှတ်အသားလုပ်တဲ့ pin လေးကို ဆွဲယူ မှတ်သားပါ။ ဒါမှမဟုတ် မြေပုံပေါ်မှာ နေရာကို ရှာပါ။“Refine Location Name” ဆိုတဲ့ နေရာမှာလည်း သင့်တော်တဲ့ အချက်အလက်တွေ ရေးပေးနိုင်ပါတယ်။ နာမည်အတိအကျတွေ ရေးလိုစိတ် မရှိဘူးဆိုရင်တော့ ယေဘုယျ သုံးတဲ့ နာမည်တွေကို ထည့်ပေးနိုင်ပါတယ်။ ဥပမာ - မြန်မာ ဟိုတယ်ဆိုတဲ့ ဟိုတယ်နာမည်အတွက် ဟိုတယ်ကြီးတခုလို့ပဲ သုံးတာမျိုး၊ နာမည်ကြီး ဂေါက်ကွင်းတခုနာမည်နေရာမှာ မြို့အနီးအနားက ဂေါက်ကွင်း လို့ပဲ သုံးတာမျိုး။
သင်ရိုက်ကူးထားတဲ့ ပုံ image တွေကိုလည်း ပေးပို့လိုက ပေးပို့နိုင်ပါတယ်။ စာရေးတ့အဲ ခါ သင်ပြောပြလိုတဲ့၊ ဖော်ထုတ်လိုတဲ့ အဓိကအချက်ကိုပဲ ပေါ်လွင်ပါစေ။
သင်ရေးလိုတဲ့ အကြောင်းအရာနဲ့ ဆက်စပ်နေတဲ့ နောက်ခံသမိုင်းကြောင်းတွေ၊ ဟိုးအရင်က ဖြစ်ပျက်ခဲ့တာတွေကို မလိုအပ်ပဲ အများကြီး ရေးထည့်ဖို့ မလိုပါဘူး။ သင်ပြောပြလိုတဲ့ဖြစ်ရပ်နဲ့ ဆက်နယ်ွနေတဲ့ အခြားဖြစ်ရပ်တခု ထပ်ရှိခဲ့မယ်ဆိုရင် ဖြစ်ရပ်နှစ်ခုကို ခေါင်းစဉ်တခုစီနဲ့ စာနှစ်စောင်အဖြစ် သီးခြားခွဲရေးပေးပါ။
ဖြစ်ရပ်အပေါ်မှာ မူတည်ပြီးဖြစ်လာတဲ့ သင့်ရဲ့ စိတ်ခံစားမှုနဲ့ သုံးသပ်တာတွေ၊ ဖြစ်ရပ်နဲ့ မသက်ဆိုင်တဲ့ စပ်ွစွေဲ ပြာဆိုတဲ့ အသုံးအနှုန်းတွေကို ရှောင်ကြဉ် ရေးသားပါ။
ပေးပို့လာတ့စဲာတွေကို တည်းဖြတ်သူတွေက အရင်ဖတ်ရှုမှာဖြစ်ပါတယ်။ စီးပွားရေးအစုအဖွဲ့၊ အဖွဲ့အစည်း စတာတွေကို ကြော်ငြာတဲ့ စာမျိုး၊ နိုင်ငံရေးအရ နိုင်ငံရေးပါတီတခုခုအတွက် စည်းရုံး၊ လှုံ့ဆော်တ့စဲာမျိုးတွေကိုတော့ လက်မခံပါဘူး။
အဂင်္လိပ်ဘာသာနဲ့ အဓိကထား ရေးပေးပါ။ အကယ်လို အင်္ဂလိပ်လို ရေးဖို့ စိတ်ဆန္ဒမရှိရင်လည်း ကိစ္စမရှိပါဘူး။ မြန်မာလို လွတ်လွတ်လပ်လပ် ရေးသားပေးပို့နိုင်ပါတယ်။
ကျနော်တို့ရဲ့ ၀ဘ်ဆိုဒ်ကို ဒီတိုင်း ၀င်မရဘူးဆိုရင် https:// ဆိုပြီး s တလုံး ထပ်ထည့်ပြီး ၀င်လို့ ရပါတယ်။ တချို့ ကွန်ပြူတာတွေမှာ ဒီလို ၀င်ရင် လုံခြုံရေး သတိပေးချက်တက်လာနိုင်ပါတယ်။ အဲ့ဒီအခါ လုံခြုံရေးသတိပေးချက်ကို နားလည်သိရှိကြောင်း ပြန်ဖြေဖို့ လိုအပ်နိုင်ပါတယ်။
စာပေးပို့နိုင်တဲ့ အခြားနည်းလမ်းများ (Other ways to submit a report) သင့်ရဲ့စာ၊ အချက်အလက်တွေကို reports@ecoburma.com ကို e-mail ကနေ တဆင့် ပေးပို့လို့ ရပါသေးတယ်။ အကြောင်းကြောင်းကြောင့် ကျနော်တို့ရဲ့ ၀ဘ်ဆိုဒ်ကိုဖွင့်ပြီး စာမပို့ချင်ဘူး၊ ဒါမှမဟုတ် ကျနော်တို့ရဲ့ e-mail လိပ်စာကို ပေးပို့ဖို့လည်း ဆန္ဒမရှိဘူးဆိုရင် ကျနော်တို့ကို အသိပေးပါ။ တခြား email လိပ်စာကို ပေးပို့နိုင်ဖို့ ကျနော်တို့ စီစဉ်ပေးပါ့မယ်။
iPhone ဒါမှမဟုတ် Android ကို အခြေခံထားတဲ့ Smartphone တွေကို သင်အသုံးပြုနေတယ်ဆိုရင် သင့်ဖုန်းကနေတဆင့်လည်း စာပေးပို့နိုင်ပါတယ်။ သင့်ဖုန်းရဲ့ browser မှာ my.ecoburma.com လို့ ရိုက်ထည့်ပြီး ပေါ်လာတဲ့ အဆင့်အလိုက် သွားပြီး ပေးပို့နိုင်ပါတယ်။
Categories တွေအကြောင်း (Description of the categories)
ပေးပို့လာတဲ့ အကြောင်းအရာတွေမှာ သက်ဆိုင်တဲ့ categories တခု ဒါမှမဟုတ် နှစ်ခု သုံးခု ရှိနေနိုင်ပါတယ်။ categories တွေနဲ့ ရွေးချယ်၊ ခွဲခြားပေးထားခြင်းဖြင့် တငထ်ားတဲ့ စာတွေကို ပြန်ရှာဖတ်တ့အဲ ခါ လွယ်ကူစေနိုင်ပါတယ်။ဒီလိုရွေးကြ၊ ခြွဲကတဲ့ အခါ စာရေးသူရဲ့ သဘောအရ ရွေးချယ်ကြ၊ ခွဲခြားကြတာပါပဲ။ စာရေးသူတွေ သက်ဆိုင်တဲ့ categories တွေကို အသင့်လျော်ဆုံးရွေးချယ်နိုင်ဖို့ ကျနော်တို့အနေနြဲ့ကိုးစားထားပါတယ်။
Culture
Cultural Heritage
ရှေးဟောင်း အဆောက်အဦးများ ပျက်စီးခြင်း၊ ရိုးရာဝတ်စုံများ ပပျောက်သွားခြင်း သို့မဟုတ် ပပျောက်အောင် ပြုလုပ်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများကို ဖျက်ဆီးပစ်ခြင်း၊ ပျက်စီးသွားခြင်း၊ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီး ဆုံးရှုံးသွားရခြင်း။
Respect
ဒေသခံ၊ နယ်မြေခံတို့၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက် စသည်တို့ကို လေးစားမှု၊ လိုက်နာမှုမရှိခြင်း၊ ထိပါးစော်ကားခြင်း။
Economy
Market Domination
မိရိုးဖလာ စီးပွားရေး၊ မိသားစု လုပ်ငန်းစုငယ်များ၊ ဘိုးစဉ်ဘောင်ဆက် ဓားမဦးချလုပ်လာသည့် လုပ်ငန်းများ၊ အစရှိသည့် လုပ်ငန်းငယ်၊ လုပ်ငန်းစုလေးများသည် ကုမ္ပဏီကြီး၊ စီးပွားရေးလုပ်ငန်းစုကြီးများကြောင့် ပျက်စီးဆုံးရှုံးသွားရခြင်းမျိုးများ။
Confiscation
မိမိပိုင် လယ်မြေများ၊ ယာမြေများ အဓမ္မ သိမ်းဆည်းခံရခြင်း၊ သင့်တင့်လျောက်ပတ်သည့် လျော်ကြေးငွေ သို့မဟုတ် အစားထိုးမြေယာ တစုံတခု ပြန်လည်မရခြင်း။
Revenue Leakage
နိုင်ငံခြား ခရီးသွားလာရေးလုပ်ငန်းများမှ ရရှိသည့် အမြတ်ခွန်များကို အလွဲသုံးစားပြုခြင်း၊ အလဟဿဖြစ်စေခြင်း။

Environment
Natural Heritage
သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်း၊ အထူးသဖြင့် ပြန်လည်အစားထိုး ပြုပြင်မရနိုင်လောက်အောင် ပျက်စီးဆုံးရှုံးခြင်း၊ သစ်ပင်ပန်းမန်များ၊ သတ္တ၀ါများ၊ ဂေဟစနစ်၊ ရေ၊ မြေ၊ လေ စသည်တို့ ထိခိုက် ပျက်စီးခြင်း။
Resources
ရေ အစရှိသည့် သဘာဝ စွမ်းအင်ရရာ အရင်းအမြစ်များ အလဟဿ ဖြုန်းတီးခြင်း၊ ပြုန်းတီးခြင်း။ သေချာတိကျသော ရည်ရွယ်ချက်မရှိပဲ ပမာဏ များစွာ ထုတ်ယူသုံးစွဲ ဖြုန်းတီးခြင်း။
Labour
Working Conditions
အန္တရာယ်များသော၊ သို့မဟုတ် လူသားချင်းစာနာမှုမရှိသော၊ လူသားမဆန်သော အလုပ်၊ လုပ်ငန်းခွင်များ၊ အလုပ်သမား အခြေခံအခွင့်အရေး တစုံတရာ လိုက်နာဆောင်ရွက်ခြင်းမရှိသော အလုပ်၊ လုပ်ငန်းခွင်များ။
Wages
အမြတ်ခွန်စည်းကြပ်ဌာနတွင် အလုပ်သမားများအတွက် သင့်တင့်လျောက်ပတ်သော သို့မဟုတ် မြင့်မားသော လုပ်ခလစာကို ကြေငြာထားသော်လည်း လက်တွေ့တွင် လုပ်ခလစာ လွန်စွာ နည်းပါးခြင်း၊ သင့်တင့်လျောက်ပတ်သည် လစာ ခံစားခွင့်မပေးခြင်းရှိသည့် လုပ်ငန်းရှင်၊ လုပ်ငန်းများအကြောင်း။
Child Labour
အသက်မပြည့်သူ ကလေးငယ်များအား လုပ်သားအဖြစ် စေခိုင်းထားသည့်
အဖြစ်အပျက်များ။
Forced Labour
အခကြေးငွေ ပေးသည်ဖြစ်စေ၊ အခမဲ့ဖြစ်စေ ကာယကံရှင်၏ စိတ်ဆန္ဒ တစုံတရာမပါပဲ
အတင်းအကြပ်ခေါ်ယူစေခိုင်းခြင်း၊ အဓမ္မ လုပ်အားပေး စေခြင်း။

Society
Religion
ကိုးကွယ်သည့်ဘာသာအပေါ် အခြေခံ၍ ဖိနှိပ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ကာယကံရှင်၏ အလိုမပါပဲ ကိုးကွယ်ရာဘာသာကို အဓမ္မ ရွေးချယ်စေခြင်း သို့မဟုတ် ပြောင်းလဲစေခြင်း။
Relocation
ကျေးရွာ၊ သို့မဟုတ် မြို့တခုခုမှ ဒေသခံများကို အခြားဒေသတခုသို့ ဖိအားပေး ပြောင်းရွှေ့စေခိုင်းခြင်း၊ လျော်ကြေးငွေ တစုံတရာ မပေးခြင်း၊ သို့မဟုတ် သင့်တော်သော လျော်ကြေးငွေ မပေးခြင်း။
Civil Society
လူမှုအဖွ့အဲ စည်းများနှင့် စပ်ဆိုင်၊ နှီးနွယ်သော အဖြစ်အပျက်များ။ ဥပမာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးပညာရှင်များ၊ ကုန်သည်များအစုအဖွဲ့ စသည်တို့၏ လုပ်ငန်းဆောင်တာများကို တားမြစ်၊ ဟန့်တား၊ နှောင့်ယှက်ခြင်း၊ တားမြစ်၊ ဟန့်တား၊နှောင့်ယှက်ခံရခြင်းများ။
Handicap
ကိုယ်လက်အင်္ဂါ တစုံတရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ တစုံတခုဖြစ်စေ မကျန်းမာ၊ မသန်စွမ်းသောသူများကို ခွဲခြားဖိနှိပ် ဆက်ဆံခြင်း
Ethnicities
တိုင်းရင်းသား၊ မျိုးနွယ်စုများ ဖြစ်ခြင်းကြောင့် ခွဲခြားဖိနှိပ် ဆက်ဆံခံရခြင်း။ ပျောက်ကွယ်လုဖြစ်နေသော တိုင်းရင်းသား မျိုးနွယ်စုများအပေါ် အခွင့်ကောင်းယူ၍ နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်ရာတွင် အသုံးချခြင်း။
Gender
ကျား/မ ကွဲပြားမှုကို အကြောင်းပြု၍ ခွဲခြားဆက်ဆံခြင်း၊ ထိပါးနှောင့်ယှက်မှု ပြုခြင်း။
"Burma Center Prague" organization is only want travel story or be responsible and benefit with the local people?
ReplyDeleteTravel stories are a way to inform people and make them interested, so that tourists don't think only about their own benefit. We believe that stories are better than only saying "you should do this" and "you must not do that". Travelers are often not open to these rules. And these stories should not only come from foreigners, it should be an equal cooperation of foreigners and locals - the way how tourism ideally should work. Thanks!
ReplyDelete