Pages
▼
Wednesday, March 14, 2012
ဦးသိန်းညွန့်ရဲ့ ကြော်ငြာ
မြန်မာ့အသံ ရေဒီယို၊ ရုပ်သံတို့ကနေ ခုတလော ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်ဟောပြောမှုတွေ ဆက်တိုက် ထုတ်လွှင့်နေပါတယ်။
ထုတ်လွှင့်သမျှထဲမှာတော့ ဦးသိန်းညွန့်ရဲ့ ဟောပြောချက်က အကောင်းဆုံးဖြစ်မယ် ထင်ပါရဲ့။
ဒီကနေ့ သတင်းစာများမှာ သူ့ဟောပြောချက် အပြည့်အစုံ ထည့်သွင်းထားပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9AvownBvfWc1OceJqeB0zIwru_1RRSfFjzqb8AIRpl6fe2Yrpm8sSalf_JF63owcyTk5ybcKJfhOTD2O29wkFh-abDNud6uKVIxQmy9NLqSQ84oIsd5V7zPuCj4HBTonpsZQOMvs1t16P/s1600/0thenyu.jpg မှာ ဖတ်ပါ။
သူ့ပါတီရဲ့ ကိုယ်စားလှယ်လောင်းများကို မဲထည့်ဖို့ တိုက်တွန်းသွားပါတယ်။
တနိုင်ငံလုံးကြည့်ကြ၊ နားထောင်ကြတဲ့ ရုပ်သံ/ရေဒီယိုကနေ ဒဲ့ ပြောသွားတဲ့အတွက် အင်မတန် ထိရောက်တဲ့ ဟောပြောချက်ပါပဲ။
တချို့ပါတီတွေလို မူဝါဒတွေ၊ သဘောတရားရေးရာတွေ စတဲ့ ပရိသတ်ငြီးငွေ့စေမယ့် အကြောင်းအရာတွေကို ရှောင်သွားပါတယ်။ အဲဒါတွေ ပြောဖို့ စိတ်မ၀င်စားတာလား၊ ပရိသတ်ရဲ့ သဘောသဘာဝကို သိလို့လား မပြောတတ်ပါ။
ဟောပြောချက်ရဲ့ ပထမတပိုဒ်လုံးက ဆွဲဆောင်မှုအလွန်ကောင်းပါတယ်။
ပါတီမဲဆွယ်မှုအစီအစဉ်ထုတ်လွှင့်ချိန် ရုပ်သံကြည့်ပရိသတ် လိုင်းမပြောင်းအောင် သို့မဟုတ် ရုပ်မြင်သံကြားရှေ့က ထွက်မသွားအောင် အဲဒီ ပထမပိုဒ်က အင်မတန် အရေးကြီးမှာပါ။
ဦးသိန်းညွန့်က စာရေးဆရာလည်း ဖြစ်တာကြောင့် သူ့ဟောပြောချက်က ဆောင်းပါးကောင်းတပုဒ်လို လန်းနေပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအကြိုကာလ NLD ကနေ ခွဲထွက်ပြီး NDF ဆိုတဲ့ ခမောက်တလုံးအမှတ်တံဆိပ်ပါတီကို ထူထောင်သူများထဲမှာ ဦးသိန်းညွှန့်လည်း တယောက် အပါအ၀င်ပါ။
နောက်ပိုင်း NDF ကနေ သူ ခွဲထွက်ပြီး အမျိုးသားဒီမိုကရေစီပါတီသစ် ဆိုတာကို ထောင်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်း သူ့နောက်ကနေ ရပ်တည်ပေးခဲ့တဲ့ အဆိုတော် ရသက ဦးသိန်းညွန့်ရဲ့ ပါတီသစ်ကို ကိုယ်စားပြုပြီး မရမ်းကုန်းမြို့နယ်ကနေ ၀င်အရွေးခံမှာ ဖြစ်ပါတယ်။
ဆိုခဲ့တဲ့အတိုင်း ရသ တို့ကို မဲပေးဖို့ လှုံ့ဆော်ရာမှာ ဦးသိန်းညွန့်က ရေဒီယို ရုပ်သံတို့ကို ထိထိရောက်ရောက် သုံးသွားပါပြီ။
မရမ်းကုန်းမှာ ကြီး ၂ ကြီး (ကြံဖွံ့ပါတီ နဲ့ NLD ပါတီ)ကို ရင်ဆိုင်ရမယ့် အဆိုတော် ရသ မဲအများ ရမလား ဆိုတာကတော့ နောက် ၂ ပတ် ဆိုရင် အဖြေပေါ်မှာ ဖြစ်ပါတယ်။

တရုပ်သိုင်းကားကြည့်ရသလိုပဲ..
ReplyDeleteအကုန်လုံးကစွမ်းနေကြပါတယ်..
ကျေးဇူးပါဘဲဦးသိန်းညွန့်ခင်ဗျား။
ReplyDeleteအဖက်ဖက်ကတိုင်းပြည်အတွက်ကိုယ်ကျိုးမဖက်၊
လုပ်ဆောင်ချက်တွေကိုဝေဝေဆာဆာရေးထားတာ
ဘတ်ရှုမှတ်သားရလို့၊
မချီးမွန်းဘဲမနေနိုင်အောင်ဖြစ်မိလို့ဒီစာနဲ့ဂုဏ်ပြုလိုက်ပါတယ်။
ကျွန်တော်က၂၀၁၀ ဗြောင်လိမ်ရွေးကောက်ပွဲကို
သပိတ်မှောက်ကြဘို့ဆော်သြောသူတယောက်ပါ။
ရွေးကောက်ပွဲကိုဗိုလ်သန်းရွှေအလိုကြဝင်ပြိုင်ကြသူတွေကိုလဲကျွန်တော်မျိုးကြီးအကြီးအကျယ်ဝေဖန်သမှုပြုခဲ့မိပါတယ်။
ကြိုတင်မဲအညစ်အညမ်းများနဲ့မျက်လှည့်ပြသွားတဲ့၊
ဇာတ်ဆရာဗိုလ်သန်းရွှေကိုဦးသိန်းညွန်းဘာများလုပ်နိုင်လို့လဲ။
လွှတ်တော်မှာလဲဦးသိန်းညွန့်တို့လူတစု၊
စစ်အစိုးရကထိုင်ဆိုထိုင်၊ထဆိုထ၊လိမ္မာစွာနေထိုင်သွားလာ၊၁၅မိနစ်သာကြာတဲ့လွှတ်တော်ညီလာခံများနဲ့ဘဲ၂ပါး
သွားခဲ့ရတာလဲ အင်တာနက်မှာဘတ်လိုက်ရတာလုပ်ကြံ၊
လံကျုတ်တွေမဟုတ်လောက်ပါဘူး။
နိုင်ငံရေးအကျဉ်းသားတွေလွှတ်လိုက်တာကတော့၊
ဦးသိန်းညွန့်အပါအဝင်၈၈အရေးတော်ပုံနိုင်ငံရေးခေါင်းဆောင်များ၊ NLD နဲ့ဒေါ်အောင်ဆန်းစုကြည်တို့၊နိုင်ငံခြားကအမေရိကန်၊အင်းဂလိပ်၊ပြင်သစ်ဖိအားပေးမှုတို့၊အေဆီယံအလှည့်ကျဥက္ကဋရာထူးတွေအားလုံးနဲ့ဆိုင်တာပါဘဲ။
ဒီကနေ့တိုင်းပြည်မှာဖြစ်ပျက်သမျှတွေအားလုံးမှာ
အဓိကနေရာကဦးဆောင်နေတာကတော့
အမေစုလို့ပြောရင်ညင်းနိုင်ပါသလား။
အခုလုပ်မဲ့ကြားဖြတ်ရွေးကောက်ပွဲမှာစစ်အစိုးရက
ညစ်ညမ်းတဲ့နည်းလမ်းတွေသုံးမသုံးကိုကြည့်ပြီး၊
အမစုရဲ့လူထုစွမ်းအားကိုစောင့်ကြည့်ဘို့အကြံပေးလိုက်
ပါတယ်။
ရွေးကောက်ပွဲပြီးလို့၊
အမေစုလွှတ်တော်ကိုရောက်လာတဲ့အခါ၊
၂၀၀၈ မတရားသင်းဥပဒေအခြေခံကိုဖျက်သိမ်းရေးလုပ်ဆောင်ချက်တွေလုပ်ရင်ဦးသိန်းညွန့်တို့လဲပြည်သူလူထုဘက်ကိုရဲရဲဝင့်ဝင့်၊
အမေစုရဲ့ခေါင်းဆောင်မှုအောက်ကနေပြီးမှန်ကန်နိုင်မယ်လို့မျှော်လင့်ပါတယ်။
အဲဒါမှမဟုတ်ဘဲစစ်အစိုးရကဖိအားပေးလို့လူထုမျက်နှာကိုဆောင့်မကန်ကြဘို့ပြင်ဆင်ကြပါ။
အမေစုလွှတ်တော်ကိုယောက်လာတာနဲ့
အမြစ်လှန်ပြုပြင်ပြောင်းလဲမှုအစီအစဉ်တွေစကြမယ်။
ဦးသန်းညွန့်တို့လဲအဲဒီအခါကြလွှတ်တော်ထဲအတားအဆီးမရှိသွားလိုရာသွား၊စေလိုရာစေ၊
လွတ်လွတ်လပ်လပ်ပြောဆိုသွားလာနိုင်လာမယ်။
အခုလိုစစ်အာဏာရှင်အောက်ကလက်ညှိုးထောင်ခေါင်း
ညှိတ်ဘဝမှာတောင်ဦးသန်းညွန့်ပြောသလိုလုပ်ဆောင်လျက်တွေဝေဆာအောင်ပြောနိုင်ရင်၊
အမေစုဥပဒေပြုအမတ်ဖြစ်လာရင်တော့အတိုင်းထက်အလွန်လုပ်ပေးနိုင်မှာကိုဂုဏ်ယူစမ်းပါ။
အမေစုပြောသလိုအားလုံးဝိုင်းလုပ်ကြမှဘဲ၊
ဒီမိုကရေစီကိုရကြမှာပါဘဲ.
ဒေါ်စုခေါင်းဆောင်မှုကို ရယူပြီးဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ပြောနေကြပေမဲ့ဒေါ်စုက အဲဒီအချက်ကို ခါးခါးသီးသီး ငြင်းဆန်နေတာ တွေကို ဘယ်လိုသုံးသပ်ကြမှာလဲ NLD မှတ်ပုံပြန်တင်ပြီးရွေးကောက်ပွဲ ပြန်ဝင်မယ်ဆိုရင် ပါတီကို ဖျက်သိမ်းပြီး အင်အားတွေကို NLD နဲ့ပူးပေါင်းသွားမယ်လို့ ကမ်းလှမ်းချက် တွေကို ငြင်းဆန်တာ ၂၀၁၀ ရွေးကောက်ပွဲပြီးတော့ သင်္ဃန်းကျွန်း မှာ အောင်နိုင်ရေးလုပ်ပေးခဲ့တဲ့ ရဲဘော်တွေကိုဂုဏ်ပြုတဲ့ ဂုဏ်ပြုပွဲမှာလဲ ဒေါ်စုကို သင်္ဃန်းကျွန်း အင်းအားအပ်နှံဖို့ အတွက် ဒေါ်စုရဲ့ သြဝါဒခံယူဖို့အတွက် တရားဝင် ဖိတ်ကြားခဲ့ပေမဲ့ ဦးသိန်းညွန့်ရဲ့ ကမ်းလှမ်းချက်ကို နှစ်ကြိမ်တိုင်တိုင်ငြင်းဆန်ခဲ့တာ လူအများမသိတဲ့အချက်ပါ ဒီလိုခံယူချက်နဲ့ အပြင်လူတွေ ပြောနေကြသလို ပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့နေရာမှာ ဘယ်သူ့မှာတာဝန်ရှိသလဲဆိုတာ သုံးသပ်လို့ရမှာပါ၊နိုင်ကျဉ်းတွေလွတ်ငြိမ်းခွင့်ပေးရေးကိစ္စဟာလဲ နှစ်ပေါင်း၂၀ ကျော်ကတည်းက ကြိုးစားအားထုတ်ခဲ့တာ အားလုံးအသိပါလွှတ်တော်နိုင်ငံရေးပေါ်လာပါမှ ဦးသိန်းညွန့် တင်သွင်းတဲ့ အဆိုအောင်မြင်သွားပြီးမှ ရရှိလာတဲ့အောင်မြင်မှုဆိုတာ ဘယ်သူတွေငြင်းနိုင်မှာလဲ ၊အကယ်ရ်ျ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD လမ်းစဉ်အတိုင်းလိုက်ခဲ့ကြမယ်ဆိုရင် ဒီလိုအသီးအပွင့် ကို စွပ်ခူးဖို့ ဒီမိုကရက်အမတ်ဆိုတာ လွှတ်တော်အတွင်းမှာဘယ်သူမှရှိနိုင်မယ်မထင်ပါ၊
ReplyDeleteပြောတါလဲ မင်းပါပဲ။ ခမောက်ကြီး ပြ။ အမေစု ပြန်လွတ်ရင် ပါတီ ဖျက်ပြီး
ReplyDeleteNld ပြန်လုပ်မယ်လို့ လူထုကို အယုံသွင်း ။အမတ်ဖြစ် ကားပါမစ်ရ။
ဘယ်မလဲ မင်းတို့ပါတီဖျက်တာ။ အရသာတွေ့ သွားတေါ့ ပါတီ ကိုယ်
ပိုင်ထေါင်။ခမေါက်ကြီး ၃ လုံး တေါင်ဗျား။
ရှက်တတ်အောင် လူထုက ဝိုင်း သင်ပေးကြပါလိမ့်မယ်