Pages
Sunday, April 1, 2012
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတိပေးချက်
ဝမ်းသာအားရ အောင်ပွဲခံနေကြချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတိပေး ကြေညာချက် ထွက်ပေါ်လာပါတယ်။
NLD ကိုယ်စားလှယ်တွေ အောင်နိုင်တဲ့သတင်းတွေ တက်နေတယ်၊ ပျော်ရွှင်ကြမှာ သဘာဝကျတယ်၊ တဖက်အဖွဲ့အစည်းနဲ့ တဖက်လူ စိတ်ထိခိုက်မယ့် အပြုအမူ လုံးဝ ရှောင်ပါ တဲ့။ သိက္ခာရှိတဲ့အောင်နိုင်မှုဖြစ်ဖို့ အထူး သတိပြုပါ တဲ့။
4 comments:
  1. ရွေးကောက်ခံရတဲ့ကိုယ်စားလှယ်တွေဟာ ပြည်သူ့ကိုယ်စားလှယ်ပါ NLD ရဲ့ကိုယ်စားလှယ်မဟုတ်ဆိုတာကို သတိရပါ
    ReplyDelete
  2. ယုံကြည်လို့ တာဝန်ပေးတာပါ၊
    ကြောက်စရာရှိလို့ အားကိုးတာ မဟုတ်ဘူးဆိုတာကို ရွေးကောက်ခံကိုယ်စားလှယ်တွေ နားလည်ထားဖို့ လိုပါတယ်
    ReplyDelete
  3. ကြား ဖြတ် ရွေးကောက် ပွဲ မှာ NLD အနိုင် ရ လို့
    ပြည် သူ တွေ ပျော် နေ တဲ့ ပုံ တွေ မြင် ရ တော့၊
    ဒါပေ မဲ့ ပျော် နေသူ တွေ ကြည့် ရ တာ ဇောင်း ထဲ က လွှတ် တဲ့ မြင်း လို စည်းလွတ် ၀ါး လွတ် ပျော် နေ ကြ တယ်။
    အ ထူး သဖြင့် လာ မဲ့ သင်္ကြန် မှာ ကြံ့ဖွတ် တွေ ကို စ တာ၊ ပြောင် တာ၊ ခနဲ့ တာ၊ ရိ တာ တွေ မဖြစ် အောင်
    ဒေါ်အောင်ဆန်းစုကြည် က ကြို တင် သတိ ပေး တာ ပါ။
    ဒေါ်အောင်ဆန်းစုကြည် ကို တ ကယ်လေး စား တယ် ဆို ရင်၊ သူ ပြော တဲ့ လိုက် နာ စေ ချင် ပါ တယ်။
    ကြံ့ဖွတ် က လဲ "ရ ရင် ရ၊ မရ ရင် ချ" ဆို တဲ့ အနေအထား မျိုး ဆို တာ ကို လဲ သတိ ထား စေ ချင် ပါ တယ်။
    ReplyDelete
  4. Anonymous ပြောတာမှန်ပါတယ် ပျော်သင့်သလောက်ပဲပျော်သင့်ပါတယ်။ဒါပေမယ့် ခင်ဗျားပြောသလို ဇောင်းထဲကမြင်းလွှက်သလို သည်းလွက်ဝါးလွက်ပျော်နေတာတော့ မဟုတ်ပါဘူး။ပြည်သူတွေ ကပြည်သူတွေ အနေနဲ့ပဲပျော်မှာပေါ့ ။ဒါက တစ်သက်မှာ ဒိတစ်ခါပဲ လွက်လပ်မှုကိုမြင်ဖူးတဲ့ အနေအထားမျိုးလေ။ခဏ ခဏတွေ့ ဖူးနေတဲ့အရာမှ မဟုတ်တာ။နော်ပြီး ပြည်သူတွေက ရာဇအိနြေ္ဒကြီးနဲ့ ပျော်နေရမယ့်အနေအထားမှ မဟုတ်တာ။ပြည်သူတွေက ရိုးသားကြတယ် ပွင့်လင်းကြတယ်။စိတ်ခံစားမှုတွေ ပြချင်တာမြိုသိပ်နေ၇တာကြာပြီလေ။ခင်ဗျားလည်းပြည်သူထကြတစ်ယောက်နေမှာပါ။ နောက်တစ်ခုက အမေစုကို တကယ်လေးစားရင် အမေ့စကားကို နားထောင်ပြီးခင်ဗျားပြောသလို မလိုလားအပ်တဲ့ပြသနာတွေ မဖြစ်အောင် အမေ့ရဲ့ လမ်းညွန်မှုအတိုင်းစဉ်စဉ် ချင်ချင် လ်ုပကိုင်ဆောင်ရွက် ကြဖို့တော့လိုတယ်။ဒါတော့ သဘောတူတယ်ဗျ။
    ReplyDelete