Pages

Saturday, April 14, 2012

ဗိုလ်ကြီးနေလင်းဒွေး ဓာတ်ပုံ

ဗိုလ်ကြီးနေလင်းဒွေး

ကိုဇော်လင်းဒွေးရဲ့ Facebook မတ်လ ၁ ရက်နေ့ နေ့စွဲနဲ့ ဖော်ပြထားတဲ့စာပါ။
သူ့စာအရ ဆိုရင်
ဗိုလ်ကြီးနေလင်းဒွေး အဖမ်းခံရတာ ဒီဇင်ဘာလထဲမှာ ဖြစ်ပါတယ်။

(ကျွန်တော်တို့အစိုးရအနေနဲ့ အသက်နဲ့ ခနဿဓာကိုယ် စွန့်လွှတ်ပေးဆပ်ဖို့အထိ ကတိသစဿစာ ပြုထားကြသူများပီပီ အရိုးကြေကြေ အရေခမ်းခမ်း ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း) တကယ်သာ နိုင်ငံအကျိုးလိုလားပြီး တရားမျှတမှုရှိမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ သမ္မတကြီးခင်ဗျား။

ခက်နေတာက ကျွန်တော့အစ်ကိုအရင်း စစ်မှုထမ်းဆဲ အရာရှိ ခင်မျာ တာဝန်ကျ တပ်စခန်းကနေ စုံစမ်း စစ်ဆေးစရာရှိလို့ဆိုပြီး ခေါ်သွားခြင်းခံရတာ ခုဆိုရင် နှစ်လခွဲခန့် ကြာနေပေမယ့် ဘာသတင်းမှ တရားဝင်မရသေးပါ။

အတည်ပြုပေးဖို့ ငြင်းဆန်မှာ ဖြစ်တဲ့ သတင်းဇာစ်မြစ်တွေ အဆိုအရတော့ သူ့ခင်မျာ စည်းလုံးခြင်းသည် အင်အားလို ၀က်ဘ်ဆိုက်မျိုးမှာ သက်ဆိုင်ရာ လက်ရုံးတပ်ရဲ့ သတင်းတွေ ပေးပို့နေတဲ့အထဲ ပါနေလို့ ရာထူးချ၊ အကျဉ်းချခံနေရကြောင်းနဲ့ သူ့ရဲ့ မိသားစုအနေနဲ့လည်း လစာမရရှိတော့ပဲ အဆက်အသွယ်ပြတ်တောက်နေတာမျိုးကို သိပါလေစ။

အင်တာနက်မရှိတဲ့ တပ်စခန်းမှာ တာဝန်ချထားခြင်းခံနေရချိန်မှာတောင် အဲဒီလို စွပ်စွဲခံရတဲ့ ၀က်ဆိုက်လိုမျိုးမှာ သတင်းတွေ တက်နေဆဲ ဆိုတာကို စဉ်းစားနိုင်စွမ်းမရှိကြတဲ့ တဖက်သတ် စွပ်စွဲမှုတွေကို ဒီလို အခြေအနေတွေဖြစ်ပေါ်ပြောင်းလဲနေချိန်ကျမှပဲ ခေါင်းခံဖို့ ရွေးချယ်ခံလိုက်ရတာ လို့ပဲ မှတ်လိုက်ပါရဲ့။

ကာယကံရှင်နဲ့ တွေ့ခွင့်မရမချင်း အခြေအနေမှန်ကို မသိနိုင်သေးတဲ့အတွက်သာ သက်ဆိုင်ရာ မိသားစုအနေနဲ့ ဘုရားမှ တစ်ပါး ဆုတောင်းစရာမရှိလို့ပဲ သတ်မှတ်ပြီး စောင့်မျှော်လျက်ရှိကြောင်းပါ။

No comments:

Post a Comment