Pages

Friday, April 6, 2012

မီဒီယာနဲ့ ရင်းနှီးအောင်နေတဲ့အစိုးရ

ရန်ကုန်မှာ ဒီနေ့ တွေ့ရတဲ့ လ၀က ၀န်ကြီး ဦးခင်ရီ နဲ့ KNU ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး (ဓာတ်ပုံများ - ဧရာဝတီ)

KNU နဲ့ အစိုးရ ထိပ်သီးဆွေးနွေးပွဲ ရန်ကုန်မြို့မှာ ဒီကနေ့ လုပ်ပါတယ်
။ သတင်းသမားများစွာ ဆွေးနွေးတဲ့နေရာမှာ သတင်းယူနိုင်ကြပါတယ်

ဟိုစဉ်က KNU ထိပ်တန်းကိုယ်စားလှယ်အဖွဲ့များနဲ့ မြန်မာပြည်အတွင်းပိုင်းမှာ တကြိမ်မက ဆွေးနွေးခဲ့ကြပေမယ့် သတင်းသမားများကို အကပ်မခံပါ၊ ဆွေးနွေးပွဲပြီးရင်တောင် သတင်းထုတ်ပြန်တာမျိုး မရှိပါ။

ခုတော့ ဗျူဟာ ပြောင်းလိုက်ပါပြီ။

မီဒီယာနဲ့ ရင်းနှီးအောင်နေတဲ့အစိုးရဖြစ်လာပါပြီ။ မီဒီယာ ဆိုတာ အသုံးချလို့တယ်ကောင်းပါလား ဆိုတာ သဘောပေါက်သွားပြီလို့ ယူဆရပါတယ်။

ဒုသမ္မတ ၂ ဦးကလွဲလို့ အစိုးရပိုင်းက ပြောရေးဆိုခွင့်ရှိသူအားလုံးလိုလို ပြောရဲဆိုရဲရှိလာကြတာကို အံ့သြဖွယ် တွေ့နေရပါပြီ။ မီဒီယာကို ထိုးဖောက်လာပါပြီ။

မီဒီယာ၊ စာနယ်ဇင်းတို့ကို ရန်ဘက်လို ဆက်ဆံတာထက် ရင်းနှီးအောင် လုပ်လာတာ အင်မတန်ကောင်းပါတယ်၊ အသုံးချဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပဲ ရှိရှိပေါ့လေ။ ။

No comments:

Post a Comment