Pages

Thursday, April 5, 2012

လေဒီဂါဂါ နဲ့ ဦးသိန်းစိန်

TIME မဂ္ဂဇင်းအွန်လိုင်းက လုပ်နေတဲ့ ကမ္ဘာ့သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ပွဲမှာ သမ္မတကြီး ဦးသိန်းစိန်ကိုလည်း မဲပေးတဲ့သူ အင်မတန် များတာ တွေ့ရပါတယ်။

လက်ရှိ
သမ္မတကြီး ရောက်နေတဲ့ အနေအထားက အဆင့် ၅၁ မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အဆင့် ၁၂ မှာပါ။

ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါက အဆင့် ၁၄ မှာ ရှိနေပါတယ်။

ဒီတော့ သမ္မတကြီးရောက်နေတဲ့အဆင့်ကို အားမလို အားမရဖြစ်နေသူများလည်း ရှိပါတယ်။ တယောက်ကဆိုရင် -
မြန်မာသမ္မတဟာ အဆိုတော် လေဒီဂါဂါထက်တော့ သြဇာကြီးသူဖြစ်သင့်ပါတယ်.. မြန်မာစိတ်ပြင်းထန်တဲ့ စူပါမျိုးချစ်တစ်ယောက်အဖြစ် သက်သေပြချင်ရင် Please vote Our Mr. President...http://www.time.com/time/specials/packages/article/0,28804,2107952_2107953_2110182,00.html

လို့ သူ့ Facebook မှာ ရေးထား တိုက်တွန်းထားပါတယ်။

ပေါက်ကရ ၀တ်စားပြတဲ့ အဆိုတော်မ လေဒီဂါဂါက ဒီအဆင့်ရောက်နေပြီး သမ္မတကြီးက အလယ်အလတ်အဆင့်မှာပဲ ရှိနေတာကို အားမရ ဖြစ်နေကြတာပါ။

သို့သော်လည်း ဖြေသာစရာ အချက် ၂ ခု ရှိပါတယ်။
အိုဘားမား၊ ရုရှခေါင်းဆောင် ပူတင်၊ ၀န်ကြီးကလင်တန်၊ ဟောလိဝုဒ်အကျော်အမော် ဂျော့ကလိုနီ၊ မစ်ရှဲအိုဘားမားတို့လည်း လေဒီဂါဂါလောက် မဲမရသေးဘူး ဆိုတာပါပဲ။
စာရင်းမှာ သွားကြည့်ပါ။

နောက်တချက်က လေဒီဂါဂါကို
29274 က ထောက်ခံမဲပေးထားပေမယ့်
16381 က ကန့်ကွက်ထားတယ် ဆိုတာပါပဲ။


မဲရလဒ်တွေကို ကြည့်ရင်
Mustafa Abdel-Jalil 11696 14054
Cecile Richards 11528 26854
ဆိုပြီး ထောက်ခံသူထက် ကန့်ကွက်သူပိုများတာတွေလည်း တွေ့ရပါတယ်။

ကဲ မနက်ဖန် သောကြာနေ့ အထိ မဲပေးလို့ ရပါသေးတယ်။

ဦးသိန်းစိန်ကြီးကို မဲပေးမယ် ဆိုရင် သူနာမည်ကို လိုက်ရှာပြီး ကလစ်လိုက်။
ဒီလိုပါ - http://www.time.com/time/specials/packages/article/0,28804,2107952_2107953_2110182,00.html

သူ့အကြောင်း မိတ်ဆက်အောက်မှာ မဲပေးရမယ့်ပုံကို ဒီလို တွေ့မှာပါ။

ဦးသိန်းစိန်ဟာ ကမ္ဘာ့သြဇာအကြီးဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါသင့်သလား။ ရွေးစရာ ၂ ခု ရှိပါမယ်။ ပါသင့်တာပေါ့ ဆိုရင် Definitely ကို ကလစ်၊ မပါသင့်ဘူး ယူဆရင် No Way ကို ကလစ်ပါ။ ပြီးရင် SUBMIT ကို ကလစ်ပါ။ ဒါဆို မဲပေးမှု ပြီးပါပြီ။ ( ဖယောင်း ကြောက်စရာမလို )

သမ္မတကြီး အဆင့်က ၅၁ ဆိုတော့ ကျေနပ်မယ် ဆိုရင်လည်း ကျေနပ်သင့်ပါတယ်။
လေဒီဂါဂါဆိုတဲ့ ကလေးမနဲ့ သွား တု စရာ မလိုပါဘူး။

Time က ကနဦးရွေးချယ် ချပြထားတဲ့သူတွေအားလုံးဟာ စီးပွား၊ လူမှု၊ ဂီတ၊ ရုပ်ရှင်၊ အိုင်တီ၊ နိုင်ငံရေး၊ ဘာသာရေးနယ်ပယ်စုံကဖြစ်တယ် ဆိုတာကိုတော့ သတိချပ်ဖို့ လိုပါမယ်။

နိုင်ငံရေးက အရေးကြီးတယ်၊ နိုင်ငံရေးနယ်ပယ်က ထင်ရှားသူတွေပဲ ထိပ်ဆုံးမှာ ရှိရမယ် ဆိုတဲ့ အတွေးအခေါ်ကတော့ အစွန်းရောက်ရာ ကျပါတယ်။

6 comments:

  1. မနှိုင်းယှဉ်သင့်တဲ့အရာနဲ့တော့ မနှိုင်းယှဉ်တာကောင်းပါတယ် ။ ဒီလိုပြောကြေးဆို
    ဒေါ်အောင်ဆန်းစုကြည်လည်း အဒဲလ် ရဲ့အောက်မှာပဲ ရှိနေသေးတာ တွေ့မယ်ထင်ပါတယ်။
    လွတ်လပ်တဲ့ဘက်မှာ ရပ်တည်သူမို့လို့ ဘယ်ဘက်ရဲ့အတိုက်အခံမှမဟုတ်ပါဘူး ။ ဒီလို မသင့်တော်တဲ့အယူအဆကိုတော့ နှိုင်းယှဉ်မပြသင့်ဘူးထင်လို့ ပြောတာဖြစ်တယ်။

    ReplyDelete
  2. စီခရေဇီApril 5, 2012 at 4:49 PM

    နယ်ပယ်စုံက ပုဂ္ဂိုလ်တွေဆိုပေမယ့် မဲအရအများဆုံးကို ဦးစားပေးဖော်ပြမှာပဲလေ.. တလွဲဆံပင်ကောင်းပြီး လေကန်နေမယ့်အစား သမ္မတကြီးတို့လို အမေစုတို့လို နိုင်ငံရဲ့ icon တွေကို ဒီလိုအချိန်မျိုးမှာ အပေါ်ဆွဲတင်သင့်တာပေါ့ လူတိုင်းမှာ ဒီလိုလုပ်ဖို့ခွန်အားရှိတာပဲ.. လုပ်သင့်ရင် လုပ်လေ.. ဒီအဆင့်နဲ့ ဒီအဆင့်ကျေနပ်နိုင်တယ်ဆိုရင်တော့ တိုးတက်မှုကို သေမလောက်လိုလားပါကြောင်း ပြောကြမယ့် ဒီစိတ်ဓာတ်တွေကို မလေးစားပါဘူးဗျာ..

    ReplyDelete
  3. ဖယောင်းမကြောက်ရသော်လည်းကော်နက်ရှင်ကိုတော့ကြောက်နေရဆဲပါ

    ReplyDelete
  4. စမ်းချောင်းသား
    ဒီမိုကရေစီခေတ်မှာကောင်းမွန်သောအမြင်၊အသိတို့ဖြင့်သာပြောဆိုရေးသားသင့်ပါသည်။ဦးသိန်းစိန်လည်း
    သူသမ္မတဖြစ်ချိန်မှစပြီးတရားနည်းလမ်းကျစွာ
    သူအတတ်နှိုင်ဆုံးကောင်းအောင်လုပ်နေသည်ဟုမြင်ပါ
    သည်။ဒီအချိန်မှာတဖက်ကိုပုတ်ချပြီးတဖက်ကိုဆွဲတင်
    သောပြောဆိုရေးသားမှုတွေကိုကျွန်တော်တို.အနေနဲ
    ဆင်ခြင်သင့်ပြီဟု ယူဆပါသည်။စိတ်ဓါတ်ကောင်းလေး
    တွေမွေးကြပါစို့။

    ReplyDelete
  5. ဘယ့်နယ်ဗျာ..သမတ္တကြီးနဖူးနဲ့များလေဒီကားကားကို
    နိုင်းယှဉ်ရတယ်လို့..
    တို့သမတ္တနဖူးကိုယ်ကမဟာနဖူး...သန်းရွှေတောင်သူ့
    နဖူးကြည့်ပြီး သမတ္တလုပ်ခိုင်းထားတာ..
    လေဒီကားကားက ဘယ်လောက်လှလို့လဲ..နေအုံးအင်တာ
    နက်မှာရှာပြီးယှဉ်ကြည့်မယ်..ဟဲဟဲ..

    ReplyDelete
  6. These names are not listed in accordance with ' favour' or ' against'

    In fact, D A S S K is currently the best. The most favourable position.

    If you all look thoroughly ' favouor ' ( - definitely ) and ' against ( No way ), she has proportionately ' the best ' position.

    The listing of name is NOTHING TO DO with ' who is the most popular or not ' question.

    It is just .. listed that way.

    YOU all have to know how to read and understand the survey and research.

    Knowing English alone is not adequate.

    I am sorry to point out in here, but i think I have to.

    Otherwise ' a little knowledge is very dangerous ' ... just like that USDP doctor in KawtHmu who ' Taung Pyaw Myauk Pyaw ' and ' just happy with stethoscope around the neck as a symbol of medical doctor. In fact, such stethoscope fashion is bloody bloddy bleeding out of date.

    ReplyDelete