Pages

Friday, April 6, 2012

မြင့်မိုးအောင် စွံပြန်ပြီ

အိမ့်သံစဉ် ရေးသားသည်)

အခုတလော ဧရာဝတီအကြောင်း သီချင်းအက်ဆေးများကလည်း မြန်မာပရိတ်သတ်အကြား စိတ်ဝင်စားမှု အလွန်ရနေချိန်ပါ။ ကချင်ပြည်နယ်က မြစ်ဆုံရေကာတာ စီမံကိန်းတွေ ပြန်စတင်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေချိန်မှာ ဧရာဝတီနဲ့ ပတ် သက်တာတွေက လူပိုစိတ်ဝင်စားတဲ့ အကြောင်းတွေဖြစ်နေတာပါ။ သက်ရှိမြစ် ဧရာဝတီဆိုတဲ့ သီချင်းအက်ဆေးကလည်း လူကြိုက်များနေကြောင်းပါ တဲ့။

သီချင်းအက်ဆေးများ ရေးဖွဲ့သူကတော့ နာမည်ကျော် တေးရေး မြင့်မိုးအောင် ဖြစ်ပါတယ်။ သူ့သီချင်းတွေက နာမည်လည်း ကြီးသလို အထင်ကရ အဆိုတော်တွေသာမက တက်သစ်စ အဆိုတော်လေးများကလည်း ဆိုရင်း နာမည်ရသွားခဲ့ပါတယ်။

မြင့်မိုးအောင်ကို Melody World တေးဂီတ ရုပ်သံ အစီအစဉ်မှာ အကဲဖြတ်ဒိုင်လူကြီးအဖြစ် မြင်ဖူးကြမှာပါ။

အခုတော့ သူ့ကို လူတွေ ပိုစိတ်ဝင်စားစရာ အကြောင်းအရာ ရှိနေပါပြီ။ လူပြော သူပြောများတဲ့ အကြောင်းအရာ ရှိနေပါပြီ။

မြင့်မိုးအောင်ရဲ့ လက်ထပ်မင်္ဂလာပွဲကို မတ်လ ၂၅ ရက်နေ့က ကျင်းပခဲ့ကြောင်းပါ တဲ့။ ဧပြီလ ၂ ရက်နေ့ထုတ် ပေါ်ပြူလာ ဂျာနယ်မှာ ရေးထားတာပါ။ သတိုးသမီးလေးကတော့ မကေခိုင်စု ဖြစ်ပါတယ်။

နာမည်ကျော်သီချင်းတွေအများကြီး ရေးသားခဲ့တဲ့ မြင့်မိုးအောင်ရဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ နီးပါးက ဖြစ်ထွန်းခဲ့တဲ့ ပထမ အိမ်ထောင်နဲ့ ပတ်သက်ပြီး ဘယ်တုန်းက ဘယ်လို အဆုံးသတ်ခဲ့တယ် ဆိုတာကို အသေးစိတ် မသိရသေးပါဘူး။

ဆရာမြင့်မိုးအောင်က ဟိုတုန်းကတည်းက အင်မတန် ပေါ်ပြူလာ ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်က လစဉ်ထုတ် မဂ္ဂဇင်း တစောင်မှာ ဆွဲဆောင်မှုအရှိဆုံးအမျိုးသားတွေရဲ့ အမည်ကို ရွေးထုတ်ခိုင်းတဲ့ ကဏ္ဍတခု ပါပါတယ်၊ အဲဒီမှာ အဆိုတော် တင့်တင့်ထွန်း ရွေးချယ်ခဲ့တဲ့ ဆွဲဆောင်မှုအရှိဆုံးအမျိုးသားတွေထဲမှာ တေးရေးဆရာမြင့်မိုးအောင် ဆိုတာ ပါဝင်ခဲ့ပါတယ်။

အခု ကိုမြင့်မိုးက အသက် ၄၈ နှစ် ရှိပါပြီ။ ဒီအရွယ်မှာ ထပ်ပြီး စွံပြန်ပြီ ဆိုတော့ ဆွဲဆောင်မှု ရှိသေးလို့ပေါ့ လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ဧပြီလ ၂ ရက်နေ့ထုတ် ပေါ်ပြူလာ ဂျာနယ်

No comments:

Post a Comment