၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ သင်္ကြန်သံချပ်အဖွဲ့ဟာ မနက်ဖြန် ဧပြီလ ၁၄ ရက်နေ့မှာ လှည့်လည်ဖျော်ဖြေမှာဖြစ်ပါတယ်။
ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားများဟာ အချိန်တိုအတွင်း သံချပ်နဲ့ လှည့်လည်ဖျော်ဖြေ ဖို့ စီစဉ်လိုက်ပါတယ်တဲ့။
အကျဉ်းထောင်များထဲ၌ နှစ်များစွာ ဖြတ်သန်းခဲ့ရသည့် ကိုမင်းကိုနိုင်သည် သင်္ကြန် ကာလများရောက် တိုင်း ထောင်နံရံများ နှင့် စိတ်နှလုံးသား နံရံများပေါ်တွင်သာ သင်္ကြန် သံချပ်များကို ကြိမ်ဖန်များစွာ ရေးဖွဲ့ သရုပ်ဖော်ရင်း ဖြတ်သန်းခဲ့ရသူ အခု တော့ ပြည်သူ့ရင်ခုန်သံတွေကို ဘယ်လို တင်ပြမလဲဆိုတာ ရှု့စားကြရတော့မှာပါ။
အမြည်းလေး အဖြစ် ဒါလေးကို ခံစားထားနှင့်နော်။
သူများအကြောင်းလည်း မပြေတတ်ပါ၊
ဒို့ရင်ထဲမှာ ကလိကလိ။
ပြောမှသိလို့ ထိမှနာ၊
ဒို့ရင်ထဲမှာ မချိချိ။
ဒို့ပြည်တော်ကြီး သာစေချင်၊
အကျင့်ဆိုးတွေ ပြင်ကြပြင်ကြ။
ဒို့ပြည်သူက အစိုးရပါ၊
အစိုးရဆိုတာ ပြည်သူ့ဝန်ထမ်း။
ဒီစိတ်ဓါတ်လေး မွေးစေချင်၊
ပြည်သူ့ရင်ခွင် ခိုကြခိုကြ။
Very interesting.
ReplyDeleteI'd like to see too.
May be on the computer screen.
I miss Thyingyan so much.
May be in the next year!
ကြိုက်တယ့့် 
ReplyDeleteစာသားလေးတွေကို
ပန်ထွာဧကရီ သီးချင်းရေးကတည်းက
မင်းကိုနိုင်ရဲ့အနုပညာကိုလေးစားအထင်
ကြီးပြီးသားပါ။
အင်းစိန် ဗဟိုအကျဉ်းထောင်ရှိ ကျွန်တော်တို့ သီးသန့်/သာမန်သီးသန့် အကျဉ်းသားများမှ လူ့အခွင့်အရေးနှင့် စပ်လျဉ်းပြီး
ReplyDelete၁။ ကျန်းမာရေး စောင့်ရှောက်မှု
(၁) အချိန်နှင့် တပြေးညီ ဆေးဝါးကုသမှု ခံယူရန် Refer မရရှိခြင်း၊
(၂) အချိန်နှင့် တပြေးညီ ဆေးဝါးမရရှိခြင်း၊
၂။ စာအုပ်၊ စာစောင် ဖတ်ရှုခြင်း
(၁) စာပေ စီစစ်ရေး ခွင့်ပြုပြီးသော စာအုပ်၊စာစောင်များ ထောင်တွင်း စီစစ်ရေး တင်ပြရခြင်း
၃။ လျော့ရက် ခံစားခွင့်
(၁) အကျဉ်းထောင် လက်စွဲဥပဒေအပိုဒ် (၈၃၈)နှင့် (၈၄၈)တို့အရ ခံစားခွင့်ရှိသော သာမန်လျော့ရက်နှင့်အတူ လျော့ရက်( အထူးလျော့ရက်များကို ညွှန်ကြားရေးမှူးချုပ်၊ ခရိုင်အုပ်ချုပ်ရေးအရာရှိ၊ ထောင်တာဝန်ခံ အရာရှိ စသူတို့မှ ပေးနိုင်ကြောင်း) စသည့် လျော့ရက်များ ခံစားခွင့်မရှိခြင်း၊
ထို့အတူ ကျွန်တော်တို့ (လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဘဲ ကျန်ရှိနေသော) သီးသန့်/ သာမန်သီးသန့် အကျဉ်းသားများအား အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ နိုင်ငံတော် တည်ဆောက်ရေးတို့တွင် တတ်စွမ်းသမျှ ပါဝင်နိုင်ရန်