ဗိုလ်သန်းရွှေကြီး စာဖတ်နေတယ် ဆိုတဲ့ သတင်း ထွက်လာအပြီးမှာ အခုတခါ စာဖတ်နေသူကတော့ ဦးတေဇ ဖြစ်ပါတယ် တဲ့။
သူဌေးကြီး ဦးတေဇက ရေခဲတောင်ကအပြန်မှာ စာဖတ်သူဖြစ်လာတော့တာပါပဲ လို့ သူ့ သားတော်မောင် ပြည့်ဖြိုးတေဇက ပြောဆိုတဲ့အကြောင်း Reuters သတင်းဆောင်းပါး တပုဒ်မှာ
ရေးထားပါတယ်။
"သူက (စီးပွားရေး) ဘာမှ မလုပ်တော့ဘူး။ မန်နေးဂျင်းဒါရိုက်တာကိုပဲ ကိုယ်စားလှယ်လွှဲထားလိုက်ပြီး အိမ်မှာ နေတယ်၊ စာအုပ်တွေ ဖတ်တယ်၊ အားရင် စာပဲ ဖတ်နေတာပဲ" လို့ ဆိုတယ်။
ဦးတေဇရဲ့ အပြောင်းအလဲက အရင်နှစ် ရေခဲတောင်မှာ ရဟတ်ယာဉ်ပျက်ကျအပြီး ဖြစ်လာတာပါ။
ကျောက်ကပ် ထိခိုက်နေပြီး ကချင်ပြည်နယ် ရေခဲတောင်မှာ ၃ ရက်ကြာ ပိတ်မိခဲ့တဲ့ နောက်ဆက်တွဲရလဒ်တွေကြောင့်လည်း ကျန်းမာရေး ချို့ယွင်းနေတယ်လို့ သားတော်မောင်က ဆိုပါတယ်။
သူ့ဖောင်ဒေးရှင်းနဲ့ လုပ်နေတာတွေ အများကြီး ရှိတယ်၊ ရဟတ်ယာဉ်ပျက်ခဲ့တဲ့ဒေသအတွက် လုပ်နေပါတယ် တဲ့။
Reuters သတင်းဆောင်းပါးက ဦးတေဇတယောက်တည်းအကြောင်း ရေးထားတာ မဟုတ်ပါဘူး။
ခရိုနီ လို့ ဆိုကြတဲ့ ဗိုလ်ချုပ်ကြီးများနဲ့ နီးစပ်သူများအကြောင်း အရှည်ကြီး ရေးထားတာပါ။
"ဘယ်သူနဲ့ဖြစ်ဖြစ် မိတ်ဆွေဖွဲ့နိုင်တယ်" လို့ ဆိုတဲ့ လုပ်ငန်းရှင်ကြီး ဦးဇော်ဇော်က မိတ်ဆွေတွေဆီက အခွင့်အရေးတွေရတယ် ဆိုတာကို မငြင်းပါဘူး တဲ့။ နေပြည်တော် ကုမုဒြာဟိုတယ် ဆောက်လုပ်ရေးကို တာဝန်ယူရတော့
သူ ပိုက်ဆံမရပါဘူး တဲ့။ သို့သော် ... ကားတင်သွင်းခွင့်ပါမစ် ဆယ်ခု ရတယ်၊ တခုကို ဒေါ်လာ တသိန်းရှစ်သောင်းတန်တယ်လို့ ဆိုတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း နိုင်ငံပိုင်လုပ်ငန်းကြီး ၃၀၀ ၀န်းကျင်ကို ပုဂလိကပိုင်တွေ လုပ်တဲ့ယ်၊ လုပ်ပိုင်ခွင့်တွေ ချတဲ့ ကာလမှာ စစ်အုပ်စုနဲ့ နီးစပ်သူများ ထီပေါက်ကြပါတယ်။ ဦးဇော်ဇော်က ဘဏ်လုပ်ငန်းတခု နဲ့ ဘိလပ်မြေစက်ရုံတရုံ လုပ်ခွင့် ရပါတယ်။
"ဒီနှစ်ခုက တကယ့်ကို ကျေးဇူးတင်စရာပါပဲ။ အရင်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်" တဲ့၊ ဦးဇော်ဇော်က Reuters သတင်းဌာနကို ပြောပါတယ်။
အရင် စစ်အုပ်စုနဲ့ နီးစပ်သူတဦးကတော့ ကမ္ဘောဇဘဏ် ဦးအောင်ကိုဝင်း ဖြစ်ပါတယ်။ သူ နဲ့ ဗိုလ်ချုပ်သန်းရွှေကြီး ကျောက်စိမ်းတုံးတွေ စစ်ဆေးနေဟန် ဓာတ်ပုံတွေကို သူ့ရဲ့ဘဏ်ခွဲတွေမှာ ချိတ်ထားတယ် တဲ့။
၂၀၀၈ ခုနှစ် အမေရိကန်သံတမန်တွေနဲ့ ဦးအောင်ကိုဝင်း တွေ့ရာမှာ ကျောက်စိမ်းတွင်းတွေ ကျောက်တွင်းတွေ လုပ်ကိုင်ခွင့်တွေကို ဗိုလ်ချုပ်မောင်အေးဆီက ရခဲ့ကြောင်း ၀န်ခံခဲ့တယ် တဲ့။
ထင်ရှားသူများအကြောင်းထဲက ဟိုတတို့ ဒီတတို့ ကောက်ယူ ဖောက်ပြလိုက်တာပါ။ တခြားသော လုပ်ငန်းရှင်ကြီးများ သူဌေးကြီးများအကြောင်းကိုလည်း ရေးထားပါသေးတယ်။
Reuters သတင်းဌာန ၀က်ဆိုက် www.reuters.com/article/2012/04/12/us-myanmar-cronies-image-idUSBRE83B0YU20120412 မှာ Special Report: An image makeover for Myanmar Inc ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖတ်နိုင်ပါတယ်။
"ပညာတတ်မှ ဖြစ်တော့မယ်" (Joke)
ReplyDeleteသည်ခေတ်ကြီးမှာ ပြိုင်ဆိုင်ရမှာက အတွေ့အကြုံ။
တရုတ်ပြည် ကန်တုန်မှာ ဘဏ်ကိုဝင်တိုက်သောဓါးပြတွေက
"အားလုံးမလှုပ်နဲ့၊ ပိုက်ဆံကအစိုးရဟာ၊ အသက်က မင်းတို့ဟာ။ "
ဟု တရားသဘောဆန်ဆန် အော်ဟစ်လိုက်သည်နှင့် တပြိုင်နက်၊ ဘဏ်ဝန်ထမ်း အားလုံး ငြိမ်သက်စွာ ဝမ်းလျားမှောက်လျက် နေကြကုန်၏။
ထိုအချိန် ဓါးပြက စားပွဲပေါ် ပက်လက်လေးလှန်ကါ လှဲလျောင်းနေရှာသော ဘဏ်စာရေးမလေးကို တချက်လှမ်းကြည့်ရင်း
" အမြင်မတော်ကွာ၊ သိမ်သိမ်မွေ့မွေ့လေး နေစမ်း၊ ဒါဓါးပြတိုက်တာ၊ မုဒိမ်းလာကျင့်တာ မှုတ်ဘူး။ "
အိမ်ပြန်ရောက်ပြီးနောက်၊ M.Sc ဘွဲ့ရဓါးပြပေါက်စလေးက
" ဆရာ... တိုက်ရတဲ့ ပိုက်ဆံတွေ ရေတွက်ရအောင်။ "
မူလတန်းသာအောင်သော ဓါးပြဗိုလ် ပြောလိုက်သည်မှာ
"တော်တော်နုံချာတဲ့ကောင်၊ ဒီလောက်များတဲ့ဥစ္စာ ဘယ်အချိန်ထိ ရေတွက်နေရမှာလဲကွာ၊ ဒီညTV သတင်း စောင့်နားထောင်ကြည့်ရင် သိရောပေါ့။ "
ဓါးပြထွက်ခွာသွားပြီးနောက် ဘဏ်ဥက္ကဌက
" သွား...မြန်မြန်ရဲသွားတိုင်စမ်း
။ "
ဘဏ်မန်နေဂျာ လှည့်ထွက်မည်အပြုမှာ ဘဏ်ဥက္ကဌ အလျင်စလိုထပ်ပြောလိုက်သည်မှာ
" နေအုံး...တလောတုန်းက ငါတို့အလွဲသုံးစားထားတဲ့ သန်း ၅၀ ပါတခါထဲ ပေါင်းထည့်ပလိုက်ကွာ "
ဘဏ်မန်နေဂျာက အဓိပ္ပါယ်ပါပါ တချက်ခိုးပြုံးကာ ဆက်ပြောလိုက်သည်မှာ
" တလတခါလောက် လာတိုက်ရင် သိပ်ကောင်းမှာကွာ..."
နောက်တနေ့... ဘဏ်ယွမ်ငွေ သန်း ၇၀ ဓါးပြတိုက်ခံရကြောင်း TV သတင်းအရ ကြားသိရ၏။
ဓါးပြတွေ အဖန်တလဲလဲ ရေတွက်ကြည့်လည်း သန်း ၂၀ မျှသာရှိသည်။
ဓါးပြဗိုလ် အော်ဆဲလိုက်သည်မှာ
" တောက်...ငါအသက်ကိုဖက်နဲ့ထုပ်ပြီး တိုက်တာတောင်မှ သန်း ၂၀ ပဲရတယ် ဘဏ်ဥက္ကဌက ပါးစပ်ဖျားလေးလှုပ်လိုက်ရုံနဲ့ သန်း ၅၀ အမြတ်ပေါ်သွားပြီ။
ဒီခေတ်ကြီးကြည့်ရတာ ပညာတတ်မှ ဖြစ်တော့မယ်ဗျာ...။ "
Credit to Y.M.Htut (copy from Myanmar Jokes)
good story
Deleteall bloody .............. .
ReplyDeleteAccording to news posted by Irrawaddy website.
ReplyDeleteTay Za said ' he will boycott and impose sanction on Western countries ' ..
Is that right ? that was mentioned in Irrawaddy website area last year.
can Irrawaddy . please put that news again to refresh the readers' memory.
IN Forbes magazine - he invited Italian reporter to his palace like residence and served him with ? 10000 U S $ worth alcohol.
He stated D A S S K used his car sometimes ago? .. etc. .
According to our reports, he got ' brokerage money ' from weaponry trading during Than Shwe era.
Why don't someone interview him to answer all those questions? Ask Questions . how comes he becomes rich in a very short period? did he win lottery ? or discovered treasure ? or ? ? ? ? .
It is the cause why our country becomes poorer and poorer.
ReplyDeleteကိုရင်ငတေ ရေ
ReplyDeleteခင်ဗျား ပိုက်ဆံတွေ ထားစရာနေရာလည်း မရှိတော့ ပါဘူး။ ခင်ဗျား ကြွားထားတဲ့ အတိုင်းဆိုရင် မြန်မာ့ အချမ်းသာဆုံး သူဌေးဘဲ။
ကျုပ်တို့ ပြည်ကြီး မှာ တောတွေ ပြောင် တောင်တွေ ကတုံး ဖြစ်ကုန်ပြီဗျ ။ အဲဒီတော့ တောသတ္တ၀ါ တွေ မျိုးပြုတ် စမ်းချောင်းတွေ ခန်းခြောက် ။
ခင်ဗျား ဘဏ်နာမယ် ကြတော့ “ အာရှစိမ်းလန်းစိုပြေရေး ဘဏ်” လို့ပေးထား တာ ဆိုတော့ လိုက်လျောညီထွေ လေးဖြစ်သွားအောင် သစ်ပင် - အပင် တွေ ပြန်ရှင်အောင် စိုက်ပေးပါလားဗျာ မသေခင် ကောင်းတာလေးတော့ လုပ်သွားဦး
Dear Y.M.Htut
ReplyDeletevery good comments ( Joke )
K L