~
၂၀၀၇ သံဃာ့လှုပ်ရှားမှုကို ချေမှုန်းစဉ်က ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံ
နဲ့
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လွှတ်တော်တက် မိုးကျရွှေကိုယ်များ မှတ်တမ်းဓာတ်ပုံ
ဒီပုံက ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း Facebook မှာ လူပြောများနေတဲ့ပုံ ဖြစ်ပါတယ်။
ဒီလူကြီး ရာထူးတက်သွား၊ ဆံပင်ပိုမည်း၊ အသားပိုလတ်သွားတယ်လို့ မှတ်ချက်ပြုနေကြပါပြီ။
~
အင်း....... ကြည့်ရတာ..အထက်ကလာတဲ့အတိုင်း.တသွေမတိန်း..ခေါင်းမာမာနဲ့လုပ်မဲ့ပုံမျိုး..အသိပညာတတ်ဟန်ပန်မရှိသလိုဘဲ..ဒုက္ခပါဘဲ..ဒီလိုလူတွေဦးဆောင်..ဆုံးဖြတ်ချက်တွေပေးနေရင်တော့..ဟင်း...ဘယ်တော့များမှငါတို့လူမျိုးတွေရင်ကော့ရပါ့မလဲ..အချင်းချင်းတွေဘဲပြိုင်ဆိုင်ရင်ကော့နေကြတဲ့နလပိန်းတုန်းမျိုးတွေ..ဟူး....
ReplyDeleteလူမိုက်တွေစုနေကြတာပေါ့။
ReplyDeleteများများသတ်မှ မြန်မြန်ဗိုလ်ချုပ် ဖြစ်မှာလေ
ReplyDeleteအွန်း။ ကိုယ် ကိုးကွယ်တဲ့ ရဟန်းသံဃာတော်တွေကို ရက်ရက်စက်စက် နှိပ်ကွက်သတ်ဖြတ်တဲ့ လူစွမ်းကောင်း စစ်သူကြိး အရမ်းတော်လွန်းလို့ ရာထူးတွေဘာတွေ တိုးလို့ပါလား။ လွှတ်တော်ထဲဝင်ပြိး ပြည်သူတွေကို ဘာနှိပ်ကွက်ဥိးမလဲ မသိဘူး။
ReplyDeleteပခုံးမှာ ကြယ်တလုံးလည်း ထပ်ပိုလာပါတယ်ကွယ်။ ဘုရား ဘုရား... ရင်လေးစရာ။
ReplyDeleteအို.. ဘာတဲ့? လွှတ်တော်၏အသံသည် ပြည်သူ့အသံ၊ လွှတ်တော်၏ဆန္ဒသည် ပြည်သူ့ဆန္ဒဆိုတာတွေ သေသေချာချာဖြစ်လာအောင် ဒုဗခမက မအလ ရွေးချယ်ပို့ထားတဲ့ မိုးကျရွှေကိုယ်တွေလား? ဟားဟားဟား.. ဟီးဟီးဟီး.. ဒီမိုကရေစီတွေ အများကြီးအားကြီးရလာတော့မယ့်ပုံပေါက်နေပြီ။
ReplyDeleteဘုန်းကြီးများကို ရဲ ၀ံ့စွာ တိုက်ခိုက်နိုင်မှုကြောင့် ရာထူးတက်သွားတာပါ။
ReplyDeleteThat means he was praised for his cruelty in beating monks.
ReplyDeleteမြွဆိုးမြွေဟောက်တသိုက်
ReplyDeleteအရေခွံလဲလိုက်တာနဲ့
မြွေလိမ္မာတွေဖြစ်
နိုင်ငံသစ်ရဲ့မျက်လှည့်ပွဲလား။
ဆောင့်ကြောင့်ထိုင်တတ်တဲ့ ခွေး
နည်းနည်းလေး မအူဘဲနေပြရုံနဲ့
ညစ်ထပ်ထပ် သတ္တ၀ါမျိုးက
ကေသရာဇာဖြစ်ရရိုးလား။
ပုတ်သင်ညိုတွေကို ခေါင်းပေါင်းပေါင်း
အကောင်းစား တောင်ရှည်ဆင်
လွှတ်သဘင် ၀င်ခိုင်းရုံနဲ့
ဒီမိုကရေစီနိုင်ငံတော်ကြီး
ပုံဖော်ပြီးပြီတဲ့လား။
အင်း ...
ကောသလမင်းရဲ့အိပ်မက်
မှန်ချက်တွေကတော့
ရက်စက်ပါရဲ့။ ။
နိုင်ငံတကာ ခုံရုံးတင်အရေးယူသင့်ပါတယ်။
ReplyDeleteလက်နက်မဲ့ သံဃာကို သတ်ဖို့  အမိန့်ပေးရဲတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တစ်ယောက် မဟုတ်လို့  ဖြစ်မယ်။
ReplyDeleteမျိုးချစ်ဗမာတွေ ဒီလို စစ်ခေါင်းဆောင်ကို ဘယ်လို အရေးယူ ကြမှာလဲ။
ReplyDeleteရှက်တက်ရင် အတော်ကောင်းမယ်။ အရျက်မရှိဆုံး လူတန်းစာကို ပြောပါဆိုရင် လွှတ်တော်ထဲရောက်နေတဲ့ မိုးကျရွှေကိုယ် စစ်သားရယ်၊ မဲမသာနဲ့  ရောက်နေတဲ့ ကြံ့ဖွတ်တွေရယ်ဖြစ်ပါတယ်။
ReplyDeleteစစ်တပ်သမိုင်း အတော်ရိုင်းခဲ့တာ ရိုင်းနေစဲဖြစ်တာ အရည်အချင်း မရှိတဲ့ စစ်ခေါင်ဆောင်တွေ ကြောင့်ပါ။
ReplyDelete