Pages

Thursday, April 5, 2012

မဲရှုံးတဲ့ကြံ့ဖွံ့ နေပြည်တော်မှာ ရေဖြတ်

(ကျော်ခ ရေးသားသည်)
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်က အိမ်ခြေ ၂၀၀၀ လောက်ရှိတဲ့ ချိုင်းဆိုတဲ့ရွာလေးမှာ ကြံ့ခိုင်ရေးပါတီက ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင်က ရေတွင်း ၃ တွင်း
တူးပေးထားပါတယ်။

ရွေးကောက်ပွဲရက်မှာ တရွာလုံးက NLD လွှတ်တော် ကိုယ်စားလှယ် ကိုနိုင်ငံလင်းကိုပဲ မဲပေးလိုက်ပြီးတဲ့ နောက်မှာ ကြံ့ခိုင်ရေးပါတီက ရေတွင်းတွေကို ပိတ်သိမ်းလိုက်ပါတယ် တဲ့။

ဒါနဲ့ အသစ်စက်စက် လွှတ်တော်ကိုယ်စားလှယ် ကိုနိုင်ငံလင်း က ရေရှားပါးတဲ့နေရာတွေကို ရေတွင်းတွေ လှူနေတဲ့ ဦးကျော်သူတို့ နာရေးကူညီမှုအသင်းကို ဆက်သွယ် အကြောင်းကြားပါတယ်။
နာရေးကူညီမှုအသင်းက ဒေါ်မြင့်မြင့်ခင်ဖေက အဲဒီရွာမှာ ရေတွင်းတွေ တူးဖို့ ချက်ချင်းပဲ လှူဒါန်းခဲ့ပါတယ်။

“ကိုနိုင်ငံလင်းက အကြောင်းကြားလာတော့ ကျမတို့က လက်နှိပ်တွင်း ၃ တွင်း လှူဒါန်းလိုက်တာပါ။ ကျမတို့ကလည်း ရေတွင်းတွေ လှူနေတာဆိုတော့လေ” လို့ ဒေါ်မြင့်မြင့်ခင်ဖေ က ဧရာဝတီကို ရှင်းပြပါတယ်။

နာရေးကူညီမှုအသင်း အနေနဲ့ မူလက ဒီရွာတွေကို အဝီစိတွင်းတူပြီးလှူဒါန်းဖို့ ပြင်ဆင်ခဲ့ပေမယ့်၊ ရွာသူ၊ ရွာသားတွေက သူတို့ ဒီရွာကနေ ဘယ်တော့လောက်ထွက်ပေးရမလဲ ဆိုတဲ့ မသေချာမရေရာမှုတွေရှိနေပါတယ်။ ဒါကြောင့် လက်နှိပ်တွင်းလေးတွေကိုပဲ လှူဒါန်းဖို့ ပြောလာတာနဲ့ တောင်းဆိုချက်အတိုင်းပဲ လုပ်ပေးလိုက်တာလို့ ဒေါ်မြင့်မြင့်ခင်ဖေ က ပြောပါတယ်။

ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကိုယ်စားလှယ်လောင်း ကိုနိုင်ငံလင်းက ကြံ့ခိုင်ရေး ပါတီက ကိုယ်စားလှယ် လောင်း၊ ပါတီ ဗဟိုအလုပ်မှုဆောင် တစ်ဦးလည်း ဖြစ်တဲ့ ဦးမောင်ရှိန်ကို အနိုင်ရခဲ့တာပါ။

နေပြည်တော်မှာပဲ ဒါမျိုးအဖြစ်တွေရှိနေတာမဟုတ်ဘူး။

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်ထဲက အညှင်းရွာမှာလည်း NLD က မဲနိုင်သွားလို့ ဆိုပြီးတော့ ကျေးရွာကိုပေးထားတဲ့ ဘိလပ်မြေအိတ်တွေကို ရွာသူကြီးက ထော်လာဂျီနဲ့ ပြန်သယ်သွားတယ်လို့ သိရပါတယ်။ အရင်က ရွာကိုပေးမယ် ဆိုတဲ့ ပိုက်ဆံ ၁၅ သိန်းအကြောင်း မေးတော့ အောင်ဆန်းစုကြည်ဆီမှာ သွားတောင်းလို့ သူကြီးက ပြောလိုက်ပါသတဲ့။


15 comments:

  1. ကောင်လိုက်တဲ့စေတနာတွေ
    မဲလည့်ရုံးရောအကုန်ပြန်ယူတော့တာပဲဟေး

    ReplyDelete
  2. အေတူကန်April 5, 2012 at 6:41 PM

    မင်းတို့ ကို ကြံ့ဖွတ်လို့ ခေါ်ရတာ ကြံ့တွေ၊ ဖွတ်တွေတောင် သိက္ခာကျတယ်။ တိရိစ္ဆာန်လောက်တောင် အဆင့်မရှိတဲ့ကောင်တွေ။ မင်းတို့ ကို မဲမပေးရကောင်းလားဆိုပြီး လူထုအပေါ် ဒီလိုလုပ်တာက မင်းတို့ စိတ်ဓာတ်၊ အကျင့်စရိုက် ဘယ်လောက်အောက်တန်းကျတယ်ဆိုတာ ပေါ်လွင်နေပြီ။ အဲဒီလိုကောင်တွေသာ လွတ်တော်အမတ်ဖြစ်လာမယ်၊ တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်လာမယ်ဆိုရင်တော့ ဒီကမ္ဘာပေါ်မှာ အောက်တန်းအကျဆုံးကောင်တွေ အုပ်ချုပ်တဲ့တိုင်းပြည် ဖြစ်သွားလိမ့်မယ်။ ငါတို့ နိုင်ငံမှာ မင်းတို့ လို အမျိုးယုတ်တွေ၊ ယုတ်ညံ့တဲ့ကောင်တွေ ရှိနေတာကိုက တိုင်းပြည်အတွက် ကျက်သရေယုတ်တယ်။

    ReplyDelete
  3. ဦးမောင်ရှိန် ရေ
    အကြံပက်စက်လိုက်တာ။ ပြည်သူတွေလက်မခံမှန်းသိရက်နဲအရှက်မရှိတဲ့ မျက်နှာ သူတောင်းစားရုပ် ပြည်သူတွေမွဲရင်မွဲ ပေစေ ငါ ကြံဖတ် စုတ်ရရင်ပြီးရော ဘုန်းကြီးကိုရိုက်မဲ ကြံဖွံ စိတ်ဓါတ်နဲ့ ၀င်ရွှေးခံသေးတယ် ကိုယ်ဟာကို သတ်သေလိုက်ပါတော့။

    ReplyDelete
  4. ရွာသူကြီး တော့ ခေါင်းနဲ့ကိုယ် အိုးစားကွဲတော့မယ်။
    ရွာသားများ

    ReplyDelete
  5. ဟဟဟ အော် ကြံ့ဖွတ် လို့ပဲ ညည်းရတော့မယ် ခုပြည်သူတွေက မဲမပေးဘူး နောက် အမှုန့်ပါကြိတ်ခံရမယ် အယုတ်မာ အရိုင်းစိုင်းတွေ

    ReplyDelete
  6. စင်္ကာပူနဲ့တူချင်တဲ့ သိန်းစိန်ရဲ့ပါတီက စင်္ကာပူအစိုးရ PAP ပါတီ လုပ်တဲ့အတိုင်း လိုက်လုပ်တာလေ

    ReplyDelete
  7. သာဓုပါတော် သာဓုပါ
    မောင်မင်းကြီးသား ကြံ့ဖွတ်များ ကျန်းမာချမ်းသာကြပါစေတော် . .

    ReplyDelete
  8. They are (USDP) low standard.Who ever voted (USDP) (with out force )they are dumb, stupid and idiot people.USDP are liar and they have been lying over 20 years already. Come on people wake up.

    ReplyDelete
  9. အေတူကန်April 6, 2012 at 6:04 PM

    တာရိုးကသွား ကြံ့ဖွတ်တွေ။

    ReplyDelete
  10. မင်းတို့နောက်တခါပြည်လုံးကျွတ်ရွေးပွဲကျရင်ခုလိုပဲတနေရာမှအနိုင်မရပဲ ရှုးံရဦးမှာမြင်ယောင်မိသေးတယ်

    ReplyDelete
  11. This shows what USDP is .You want to win the election right? Yes you will win the 2015 election with this bullshit mind.All right USDP Carry on with this manner to rule the country and make our country maintaining the poorest nation in the world.

    ReplyDelete
  12. ဒီကောင်တွေ အလုံးစုံကျဆုံးတော့မယ်၊ ရေတွင်းဆိုတာ ဒီလိုမလုပ်ကောင်းဘူး၊

    ReplyDelete
  13. This approves the mentality of Myanmar Tatmadaw personnel as well as Union Solidarity and Development Party (USDP) members. This is a recipe for disaster for the USDP.

    ReplyDelete
  14.ိုအော်...တကယ်အသုံးမကျတဲ့ ကိုကြံဖွံ့တို့ ရေ...ကိုယ့်မျက်နှာကို အိုးမဲသုတ်နေတယ်ဆိုတာ မသိကြဘူးလား... မင်းတို့က ဒီလိုညစ်ပတ်ပြလေ NLD က အလိုလို အမှတ်ရလေဘဲ...ဇကောလောက်မှဇောက်မနက်ဘူး..
    စေတနာဖြူရင် ကံဖြူမယ် စေတနာမဲရင် ကံမည်းမယ်...ကိုကြံ့တို့က စေတနာ တစ်ဘဲသားမှ မပါဘဲကိုး...တိုင်းပြည်အကျိုးကို မျော်ကိုးပြီးလုပ်နေတာမှမဟုတ်တာ..ကိုယ့်အကျိုးကို မျော်ကိုးတာက များများ..
    ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ ကွာပါ့..ရှက်လည်းမရှက်ကြဘူး..

    ReplyDelete
  15. သတင်းရော.. ကွန်မင့်တွေရော ဖတ်ပြီး အူတက်ပြီး မျက်ရည်ထွက်အောင် ရယ်သွားတယ်ဗျို့.....
    အော်...အဲ့ဒီလူတွေ လွှတ်တော်ထဲသာ ရောက်ခဲ့ရင်...
    အင်းးးးးးးးးးးးးးးးးးးးး

    ReplyDelete