Pages

Tuesday, April 17, 2012

မြန်မာတွေ တက်တဲ့ မလေးရှား DSA ပွဲ

မနေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ စွမ်းရည်ပြနေတဲ့ မလေးရှား စစ်သည်များ (photos: AP)

ဒီစွမ်းရည်ပြမှုဟာ ၁၃ ကြိမ်မြောက် အာရှ ကာကွယ်ရေးဆိုင်ရာ ပြပွဲ နဲ့ ညီလာခံ
Defence Services Asia Exhibition and Conference - 2012 (DSA 2012) ရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။

DSA 2012 မှာ ပါဝင်တာတွေကတော့
ကြည်းရေလေ တိုက်ခိုက်ရေးမှာ အသုံးပြုတဲ့ ရှုပ်ထွေးခက်ခဲတဲ့ အီလက်ထရွန်နစ်ဆိုင်ရာ နည်းနာများ၊
စစ်မြေပြင်ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ပစ္စည်းများ နဲ့ နည်းပညာ၊
လေ့ကျင့်ရေးနည်းစနစ်များ၊
ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့များ စတဲ့ အကြောင်းအရာတွေကို ပါဝင်တယ်လို့ သိရပါတယ်။

ဒီပွဲမှာ မြန်မာပြည်ကလည်း တက်ရောက်နေပါတယ် လို့ ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ ရေးထားပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့က ဘာတွေပြသ ဘာတွေ ဆွေးနွေးမယ် ဆိုတာ မသိရပါဘူး။

အဖွဲ့ ခေါင်းဆောင်ကတော့ ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဖြစ်တယ်၊
ကိုယ်စားလှယ်အဖွဲ့ဝင်တွေကတော့ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးသိန်း နဲ့ တခြား စစ်အရာရှိကြီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံအများအပြားက စစ်ဖက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေ၊ ကာကွယ်ရေးဆိုင်ရာပစ္စည်းထုတ်လုပ်သူတွေ တက်ရောက် ဆွေးနွေး ပြသကြတဲ့ ဒီပွဲကို ဧပြီ ၁၆ ကနေ ၁၉ အထိ ကျင်းပမယ်လို့ သိရပါတယ်။

4 comments:

  1. မြန်မာကိုယ်စားလှယ်အဖွဲ့က ဘုန်းကြီးတွေကို တိုင်မှာ ကြိုးတုတ်ပြီး ရိုက်နှက်ပုံ စွမ်းရည်ပြသသွားကြောင်း... သတင်းရရှိပါတယ်..ခင်ဗျာ.. :P

    ReplyDelete
  2. စစ်သားက ခေါင်းတိုက်စွမ်းရည် ပြတယ်ဆိုတော့ ဘာလဲ..သေနတ်မသုံးတော့ဘူးလား။ ရန်သူက အဝေးကနေ လှမ်းပစ်မှာ နင့်ခေါင်းနားထိ မလာဘူးဟဲ့ ငတုံးရဲ့။

    ReplyDelete
  3. မင်းတို့ ခေါင်းမာတာလောက်ကတော့
    ဒို့အဘတွေက ရီတာပေါ့ကွာ
    ခွီး . . ခွီး. .ခွီး

    ReplyDelete
  4. အရေးကြုံရင် ခေါင်းသုံးရတယ် ဆိုလို့လေ

    ReplyDelete