Pages

Thursday, May 10, 2012

“ရင်ခွင်မဲ့သူတို့ရဲ့ လင်းရောင်ခြည်”



“ကျွန်တော့်အတွက် အရမ်းကို အံ့သြ၀မ်းသာ ဖြစ်ခဲ့ရတဲ့ မြင်ကွင်းလေးဗျာ”..လို့ အစချီပြီး ဖေ့စ်ဘုတ် စာမျက်နှာ ပေါ်က ဓာတ်ပုံသမားရဲ့ စကားနဲ့ အတူ ဒီဓာတ်ပုံလေးတွေမြင်ရတာ ရင်ကို ခတ်သွားသလို ခံစားမှုဖြစ်မယ်ထင်ပါတယ်။

ဒါကတော့ အုပ်ထိမ်းသူ ရင်ခွင်မဲ့နေတဲ့ ကျောင်းသား၊ ကျောင်းသူ ၁၅၀၀ ကျော်ရှိတဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အလယ်ကျေး၇ွာ၊ အောင်ဇေယျာမင်းကျောင်းတိုက်မှာ ပြုစုစောင့်ရှောက်ပြီး မူလတန်းကနေ အထက်တန်းအထိ ပညာ သင်ကြားပေးနေတာပါ။

ကျောင်းသား၊ ကျောင်းသူ ၁၅၀၀ ကျော်အတွက် တနေ့ကို ဆန် ၅ အိတ်ချက်ရပါတယ်တဲ့။
သူတို့တွေဟာ နာဂစ် မုန်တိုင်းဒဏ်ကြောင့် မိဘမဲ့ဖြစ်သွားခဲ့ရတဲ့သူတွေ စုဝေး စောင့်ရှောက်ထားတဲ့ ထူးထူးခြားခြားနေရာ တခုလည်း ဖြစ်ပါတယ်။

ဒီမိဘမဲ့ ကလေး တချို့က သာသနာ့ဘောင်ထဲဝင်ပြီး သူတို့က ဆွမ်းခံကြွကြတယ်။ ပြန်လာလို့ သူတို့ ရလာကြတဲ့ ဆွမ်း၊ ခဲဖွယ်တွေကို ဘ၀တူ တွေကို လိုက်လံ ဝေငှ ကျွေးမွေးကြတယ်တဲ့။

သူတို့ဟာ စားသောက်မှု မတိုင်ခင်မှာ ထမင်းရှင်တွေနဲ့ သတ္တ၀ါတွေအတွက် မေတ္တာပို့ဆုတောင်းမှုလည်း လုပ်ကြပါသေး တယ်။



































ဓာတ်ပုံ-Zaw Lwin Win






2 comments:

  1. လိပ်စာအတိအကျလိုချင်ပါတယ်ဗျာ . . ဘယ်လိုသွားရမယ်ဆိုတာရယ် . .ဘယ်လိုဆက်သွယ်ရမယ်ဆိုတာရယ် သိတဲ့သူများ ဝေငှပေးကြပါလား . .

    ReplyDelete
  2. ရန်ကုန်တိုင်းဒေသုကီး။ လှိုင်သာယာမြို့နယ်။ အလယ်ကျေူးရွာ ။ အာင်ဇေယျ ကျောင်တိုက်။
    ငွေပင်လယ် စက်မှု့ဇု့ အနီး
    ဖုန်း...၆၁၃၆၆၅...

    ReplyDelete