Pages

Thursday, May 24, 2012

သတိ..သင့်ကြောင့် မန္တလေးကို အမေစု အထင် မမှားပါစေနှင့်....


ဒီကနေ့ ပြည်ပရုပ်သံတစ်ခုကနေ အမေစုရဲ့ ဟောပြောချက်တစ်ချို့ကို စိတ်မကောင်းစွာကြားရပါတယ်၊အမေစုလည်းစိတ်ကောင်းမှာ မဟုတ်ပါဘူး။

ဖြစ်ပုံကဒီလိုပါ၊အမေစုပြောသွားတာက မန္တလေးဆန္ဒပြမှုမှာ နှစ်ဖွဲ့ဖြစ်တဲ့အကြောင်း၊တစ်ဖွဲ့ဟာ ဖယောင်းတိုင်မီးထွန်းပြီး မီးလင်းဖို့ ဆန္ဒထုတ်ဖေါ်တဲ့သူဖြစ်ပြီး အခြားတစ်ဖွဲ့မှာ မီးလင်းဖို့ကအရေးက ဒီမိုကရေစီထက် ပိုအရေးကြီးတဲ့ အဓိပ္ပါယ်ဆောင်တဲ့ ဆိုင်းဘုတ်ကိုတွေကိုင်တာဖြစ်ကြောင်း၊ အဲဒီကိစ္စကို အမေစုလက်မခံကြောင်း အဲဒီလိုပြောလို့ မန္တလေးသားတွေ ကျေနပ်မှာမဟုတ်ကြောင်းပြောသွားပါတယ်။


အမေစုကိုချစ်တဲ့ ကျွန်တော်အနေနဲ့ ပြောရရင် အမေစုပြောခဲ့တာကို မကျေမနပ် မဖြစ်ပေမယ့်
စိတ်မကောင်းတော့ဖြစ်မိပါတယ်။

တကယ်တမ်း အဖြစ်မှန်က အမေစုထင်သလို ကြားသလို (၂)ဖွဲ့လည်း မဟုတ်ပါဘူး၊ လူထုတွေအားလုံး စုပေါင်းတဲ့ တစ်ဖွဲ့ထဲကပါ လူတန်းစားတွေကလည်း အစုံပါပဲ၊ လုပ်ငန်းရှင်တွေ၊ ပွဲစားကုန်သည်တွေကစပြီး အခြေခံ အလုပ်သမားတွေအထိပါဝင်ကြပါတယ်။

ပါတီအနေနဲ့ပြောရရင်လည်းပါတီပေါင်းစုံက ပါပါတယ်၊ ကျွန်တော်ထင်ပါတယ်၊ တာဝန်ရှိဝန်ထမ်းတွေတောင်မှ ၀တ္တရားကြောင့်သာလုပ်ဆောင်နေရတာပါ။

သူတို့လည်း လျှပ်စစ်မီးဒုက္ခကို ခံစားနေရတဲ့သူတွေဖြစ်လို့ စိတ်ထဲကတော့ ဖိုးကျိုင်းထောက် ဖြစ်နေကြမှာပါ။

ထားပါတော့၊ အဲဒီလိုလူတန်းစာတွေ စုံတော့အမြင်လည်း စုံအတွေးအခေါ်မှာလည်း အနုအရင့်တွေရှိနေကြပါတယ်။

ကျွန်တော့်အနေနဲ့ပထမတစ်ရက်မှာပဲ ပါဝင်အားပေးခဲ့ပေမယ့် နောက်ရက်တွေမှာလည်း ကျွန်တော့်မိတ်ဆွေတွေ ပါဝင်ကြတော့ ဆန္ဒဖေါ်ထုတ်တဲ့သူတွေရဲ့အသံတွေ အရုပ်တွေ ကျွန်တော်ရပါတယ်။


အဲဒီထဲမှာ လူတစ်ယောက်က အမေစုပြောတဲ့ဆိုင်းဘုတ်ကိုပြီး ဆန္ဒထုတ်ဖေါ်တာတွေ့ရပါတယ်။

ကျွန်တော်စုံစမ်းကြည့်တော့ သူဟာလည်း ဘယ်အဖွဲ့အစည်းဝင်မှမဟုတ်ဘူး၊ ရိုးရိုးသားသား ထမင်းရှာစားနေတဲ့သူပါ၊ သူ့အလုပ်အကိုင်နဲ့ နာမည်ကအစ ကျွန်တော်စုံစမ်းထားပါတယ်။

သူ့အသိစိတ်မှာ မီးရချင်တာပဲသိတဲ့သူပါ၊သူ့အရေးအသားကြောင့် ဒီမိုကရေစီအပေါ် ၀မ်းနည်းစရာဖြစ်နိုင်တယ်လို့ ထင်နိုင်လောက်အောင်လည်း သူ့မှာ အတွေးအခေါ်မရင့်ပါဘူး။

ဒါကို အမေစု စိတ်မကောင်းဖြစ်လောက်အောင် ဘယ်သူတွေကများ Hight Light လုပ်ပြပါလိမ့်လို့ စုံစမ်းကြည့်တော့ ပြည်ပမီဒီယာအချို့ဖြစ်နေတာကို သိလိုက်ရပါတယ်။

သူတို့မီဒီယာတွေဟာ လူသောင်းချီရှိတဲ့အထဲက လူတစ်ယောက်နှစ်ယောက်
လောက်ကိုရွေးပြီး ဘာကြောင့် Hight Light လုပ်ပြတယ်ဆိုတာ သဘောမပေါက်ပေမယ့် မလုပ်သင့်ဘူးလို့ကျွန်တော်မြင်ပါတယ်။

သူတို့မီဒီယာတွေ အခုလိုHight Light မလုပ်သင့်တာကို လုပ်ပြလိုက်လို့ အမေစုနဲ့အတူ ဆန္ဒထုတ်ဖေါ်သူတွေ စိတ်မကောင်းဖြစ်နိုင်တယ်ဆိုတာ မတွေးတတ်တာလား မတွေးခဲ့တာလား သိသိကြီးနဲ့ ထုတ်လွှင့်ခဲ့တာလားဆိုတာကတော့ သူတို့တတွေပဲ သိကြပါလိမ့်မယ်။

ဒီတော့ အမေရေ၊မန္တလေးက ဆန္ဒထုတ်ဖေါ်သူတွေအားလုံးဟာ(တစ်ယောက် နှစ်ယောက်ကလွဲရင်) “မီးလင်းရေးဟာ အဓိက၊ဒီမိုကရေစီအရေးဟာ ဒုတိယ”လို့ ဘယ်သူမှ မတွေးကြပါဘူး။

ဒီတော့ အမေစိတ်မကောင်းမဖြစ်ပါနဲ့၊ အချို့ပြည်ပ မီဒီယာတွေကြောင့် မန္တလေးနဲ့အမေစုဟာ သွေးမဝေးပါဘူးဆိုတာ မန္တလေးသားများ ကိုယ်စား ပန်ကြားလိုက်ပါရစေ...


(ဟာဂျူလီ.ကသာ)


17 comments:

  1. အဲဒါ အမေစု ညံ့တာ လို့ ပြောရင် သရဏဂုံ လေးပါး ဆောက်တည်ထားတဲ့သူတွေ ခံချင်မှာ မဟုတ်ဘူး။
    ခေါင်းဆောင်ဆိုတာ အခြေအနေအရပ်ရပ်ကို အသေအချာ လေ့လာပြီးမှ ပြောရတယ်။ လေ့လာဖို့ ဆိုတာလဲ ဘာမှ မခက်ဘူး။ အဲဒီမှာ လှုပ်ရှားနေသူတွေထံကို ဖုန်းတစ်ချက်ကောက်ဆက်ပြီး မေးလိုက်တာနဲ့ကို သိနိုင်တယ်။ တစ်ဦးဆီက မသေချာရင် နောက်တစ်ဦးကို မေးပေါ့။ သေချာပြီဆိုမှ ကိုယ်ဆန္ဒကို ထုတ်ဖော်ပြောရတယ်။

    ReplyDelete
  2.ုKIA က လျှပ်စစ်တာဝါတိုင်တွေကို မိုင်းထောင်ဖောက်ခွဲတာကြောင့် မြို့တိုင်းလိုလိုမှာ လျှပ်စစ်မီး ဆိုးဆိုးဝါးဝါး ပျက်နေရတာကို ခန သီးခံမနေပဲ ဒီလိုသာ ဆန္ဒပြနေကြမယ်သာဆိုရင် စစ်တပ်က အာဏာသိမ်းနိုင်ဖွယ်ရှိနေတယ် ( ၂၀၀၈ ဖွဲ့စည်းပုံမှာလဲ နိုင်ငံတော်လုံခြုံရေးအတွက် အန္တရယ်ရှိလာရင် ကာကွယ်ရေးဦးစီးချုပ်က အာဏာပြန်သိမ်းနိုင်ကြောင်း ပြဌာန်းထားပါတယ် )

    ReplyDelete
  3. အန်တီစုရဲ့မန္တလေးအကြောင်းပြောထားတဲ့
    ဒီဗီဒီကိုနားထောင်ပြီးမှ အန်တီစုကို ဝေဖန်ပါ။
    နားထောင်ပြီးရင်တော့ အန်တီစု ဘယ်လောက်
    တော်သလဲလို့ နားလည်သွားလိမ့်မယ်။

    ReplyDelete
  4. မီးလာအောင်အရင်လုပ်ပေးသင့်ပါတယ်
    မီးမလာလို့ဘာတွေခံစားရတယ်ဆိုတာကမြန်မာလူမျိုးတိုင်းသိပါတယ်
    ကိုယ့်အိမ်မှာမီးစက်ရှိတာနဲ့တစ်ကိုယ်ကောင်းဆန်စွာ ဒီမိုကရေစီ သာအဓိကဟုအမြဲတမ်းကိုယ်ချင်းမစာဘဲမပြောသင့်ပါ

    ReplyDelete
  5. မျိုးနိုင်May 24, 2012 at 4:09 PM

    နာမည်ကြီးသူကို နှိပ်ကွပ်တာ ၀ါသနာ ပါသလား၊ဒါဆို စိတ်ကျမ်းမာေ၇း စစ်ဆေးသင့်တယ်၊

    ReplyDelete
  6. တိုင်းပြည်မှာ လိုအပ်နေတာ မီးတခုထဲ မဟုတ်ဘူး။ အားလုံး လိုအပ်နေတာ ဒါတွေကို ဖြည့်ပေးနိုင်မယ့် လမ်းစဉ်တခု မဖြစ်မနေ လိုအပ်နေတယ်။ လိုနေတာ အများကြီးထဲက တခုထဲကိုပဲ လိုချင်ဇောအားကြီးနေရင် ကျန်တာတွေပါ လုံးဝ မရတော့ပဲ အကုန် ဆုံးရှုံးသွားမယ့် အဖြစ်ကိုလဲ အသိရှိတဲ့လူတိုင်း နားလည်သင့်တယ်။ အခုလို ဆူပူမှုတွေက အခွင့်အရေးယူပြီး အာဏာပြန်သိမ်းချင်တဲ့ လူတွေ အများကြီးရှိတယ်ဆိုတာ ကိုလဲ သတိချပ်စေချင်တယ်။ အပေါ်ဆုံးက ကွန်မန့်ပေး ထားတဲ့ လူမျိုးတွေပေါ့။ တော်ရုံတန်ရုံ အာဏာရှိသူများ သိရုံ နိုင်ငံတကာက ပြည်သူများ ဘာတွေ လိုအပ်နေတယ်ဆိုတာကို သိရုံလောက်ဆို တော်သင့်ပါပြီ။ တတိုင်းပြည်လုံး ဆူပူ အုံကြွမှု ဖြစ်လောက်အောင်တော့ မဖန်တီးသင့်ပါဘူး။ အဲဒါဆိုရင်တော့ မငြိမ်မသက်မှုတွေကြောင့် လက်ရှိ လွှတ်တော်တွေ အဖွဲ့အစည်းတွေ ဒီအတိုင်း ရပ်တန့် ထားပြီး အာဏာကို အချိန်မရွေး ပြန်သိမ်းပြီး စစ်တပ်က အုပ်ချုပ်နိုင်တယ်ဆိုတာ စာလေးဘာလေး ဖတ်ကြည့်ပြီး အားလုံး အသိရှိစေချင်ပါတယ်။ အတင်းလိုချင်နေတာတခုထဲနဲ့ ရရှိထားတဲ့ ဒီမိုကရေစီ အခွင့်အလမ်းတွေကို ဖျက်ဆီးပစ်လိုက်တဲ့ တရားခံများ မဖြစ်စေချင်ပါဘူး။ စာဖတ်ပါ။ လေ့လာကြပါ။

    ReplyDelete
  7. ဘာမှ ဆင်သင့် မရှိသေးတဲ့ အချိန်မှာ လိုချင်တာ ချက်ချင်း ပေးရမယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားသင့်ပါတယ်။ တိုင်းပြည်က ကိုယ့်ကို ဘာတွေ လုပ်ပေးရမယ်ဆိုတာထက် ကိုယ်က တိုင်းပြည်အတွက် ဘာတွေကို ဘယ်လောက် လုပ်ပေးခဲ့ပြီးပြီလဲ ဆိုတာကိုလဲ ပြန်မေးသင့်ပါတယ်။ ကိုယ်တိုင်က လူထုအတွက် ဘာတခုမှ လုပ်ပေးနိုင်တဲ့ အရည်အချင်း မရှိပဲ လုပ်ပေးနိုင်တဲ့ လူတွေကို ပုတ်ခတ်တာ ကဲ့ရဲ့တာ နှိပ်ကွပ်ချင်နေတာကတော့ နွံထဲမှာ နစ်ပြီး ဂုတ်သွေးစုတ်ချင်နေသူများရဲ့ စိတ်ဓာတ်မျိုးပဲလို့ မြင်တယ်။ တခုကို လိုချင်တာနဲ့ အများကြီးကို စွန့်ပစ်လိုက်ရတာမျိုး မဖြစ်သင့်ပါဘူး။

    ReplyDelete
  8. မနက်ကတည်းက ဒေါ်စုမိန့်ခွန်းပြောထားတဲ့ ရုပ်သံကိုသေသေချာချာကြည့်ပြီး မိန့်ခွန်းကိုလည်း သေသေချာချာနားထောင်ခဲ့တယ် အဒေါ်စုပြောတာ သိပ်ကောင်းတာပဲလို့ စိတ်ထဲမှာ မှတ်ချက်ချခဲ့တယ် အခုဒီပို့စ်ကိုတွေ့မှ သြော်...ဒေါ်စုမိန့်ခွန်းကြောင့် လူတွေ ဒီအထိတောင် စိတ်မကောင်းဖြစ်နေကြပါလားဆိုတာ သိရတော့တယ်

    ReplyDelete
  9. American sanction ရဲ့အကျိုးဆက်တွေနဲ့စစ်အစိုးရအဆက်ဆက်ရဲ့ထွက်တဲ့သယံဇာတထုတ်ရောင်း,စိမံခန့်ခွဲမှုညံဖျင်းမှုတွေရဲ့အကျိုးဆက်တွေပါ။အခုလိုအချိန်မှာဖြစ်သင့်တာကမိးရရှိရေးအတွက်ဒေါ်စုအနေနဲ့င်ြမ်မနေသင့်ဘဲအနောက်နိုင်ငံကြိးများကိုအရေးပေါ်အကူအညိတောင်းသင့်ပါတယ်။တွေ့တယ်မဟုတ်လားစနစ်ညံဖျင်းခဲ့လို့ပြည်သူတွေဒိလိုဒုခရောက်နေရတာဆိုပြိးထိုင်ကြည့်မနေသင့်ပါ။. အခုဘဲကြည့်တရုတ်ကကမ်းလှမ်းလာပြိ မြန်မာပြည်မိးရရှိရေးကူညိလိုပါတယ်တဲ့။ကူညိဖြစ်ရင်တော့တရုတ်ကိုကျေးဇူးတင်ရမှာဘဲ

    ReplyDelete
    Replies
    1. လွတ်လပ်စွာဝေဖန်ခွင့်ရှိပါတယ် ကျွန်တော်လည်းမြန်မာပြည်မှာနေခဲ့ဖူးပါတယ် မီးမရတဲ့ဒုက္ခကိုခံစာဘူးပါတယ် ဒါပေမဲ့တရုတ်ပြည်က မြန်မာ ကိုစီးပွားရေးတခုပဲကြည့်တာ သူ့  အကျိုးမရှိရင်ဘာမ မလုပ်ပါဘူး

      Delete
  10. မီးမရတာကိုသည်းခံရမယ်လို့ပြောတဲ့သူကဘာကောင်လဲလို့တောင်မေးနေစရာမလိုပါဘူးမင်းကိုယ်ချင်းစာတတ်အောင်အရင်သင်ပြိးမှကွန်းမန့်ဝင်ရေးပါ

    ReplyDelete
  11. Anonymous ; မင်းက ဒေါ်အောင်ဆန်းဆန်းစုကြည်ကို ဝေဖန်ရအောင် မင်းရဲ့အဆင့်တန်းကိုပြန်ကြည့်..ဘယ်လောက်တတ်လဲ ဘယ်လောက်စဉ်းစားနိုင်သလဲ ဘယ်လောက် စဉ်းစားတတ်သလဲ...

    ReplyDelete
  12. ကိုပေါက်စMay 25, 2012 at 1:16 AM

    ဘယ်လိုပဲ ဖြစ်ဖြစ်...အခုအားလုံး ထအော်ကြလို့
    နေပြည်တော်မှာ မလိုတဲ့မီးတွေ ပိတ်ကုန်ပြီလေ.......မီးစက်တွေရောက် လာတော့မယ်လေ...၊
    ဒီတိုင်းနေလို့ ကတော့ ဒီလိုပဲမှောင်ထဲမှာ တသက်လုံးနေသွားရမှာပဲ....
    ( သူတို့လုပ်ပေးချင်ရင် ရပါတယ်..“မင်း” ဆိုတာ
    လက်ညှိုးညွှန်ရာရေဖြစ်ပါတယ်..။)

    ReplyDelete
  13. တာဝါ တိုင်တွေကို မိုင်းခွဲတဲ့ ကေအိုင်အေ ကို ဘာလို့ ဆန္ဒ မပြကြတာလဲ ဒီမိုကရေစီဆိုတာ အဲဒီလိုတဖက်သတ်ကြီးလား။ ဒီအတိုင်းသာသွား တို့တိုင်းပြည် ဘယ်တော့ မှတိုးတက်မှာမဟုတ်ဘူး။(ဗိုလ်ချုပ်အောင်ဆန်း)

    ReplyDelete
  14. လျှပ်စစ်မီးတွေပိုနေလို့တရုတ်ရောင်းစားဖို့ကြံခဲ့ကြတာ
    အခုတော့ကိုယ့်နိုင်ငံထဲကမြို့ကြီးတွေတောင်မီးမပေးနိုင်ပါလား
    စစ်အစိုးရကပြည်သူကိုမကြည့်ခဲ့တုန်းကတော့ငြိမ်ခံနေကြပြီးအမေစုလုပ်နေတော့မှပဲမကောင်းပြောနေကြရအောင်ပြောတဲ့သူကကောဘယ်လောက်များကောင်းနေလို့လဲ

    ReplyDelete
  15. အမေစုပြောသွားတာက ပေါ.ပေါ.ပါးပါးလေးပါဗျာ။
    ပြောတာက ဒဂုံမြို.သစ်အရှေ.ပိုင်းမြို.နယ်ရုံးဖွင်.ပွဲ
    မှာပြောတာပါ။အပြည်.အစုံက မီးရရှိရေးအ၇င်လုပ်ပေးပါ။
    ဒီမိုကရေစီနောက်မှလုပ်ပါ အဲဒီသဘောမျိုးပါတဲ.စာတန်း
    ကိုပြောတာပါ။ အမေက မီး၊ရေ အစရှိတဲ. လူမှု.ရေး
    စီးပွားရေးကိစ္စတွေအားလုံးဟာ နိုင်ငံရေးနဲ.သက်ဆိုင်နေတယ်။
    ဒါကြောင်. ဒီမိုကရေစီရေးနောက်မှဆိုတာကိုတော.
    သဘောမတူကြောင်းပြောတပါ။ဒီစကားကို သေချာအပြည်.အစုံမဖော်ပြကြတော.အထင်တွေတစ်မျိုးစီဖြစ်ကုန်တာပေါ.။နောက်အမေပြောသေးတယ်။ဒီမိုကရေစီဆို
    တာလွတ်လပ်စွာဖော်ထုတ်ခွင်.လည်း၇ှိပါတယ်လို.။
    အမေပြောတကတစ်ဦးတည်းအလိုဆန္ဒအရပြောတာပါ။
    ဒီလောက်အမေသဘောထားသေးရင်လူထုခေါင်းဆောင်
    ဒီနေ.ဖြစ်လာပါ.မလားဗျာ။ကျွန်တော်တို.သေချာစဉ်း
    သင်.တယ်။

    ReplyDelete
  16. KIA destroyed Just few month only.
    CHINA Destroying our country the whole life of Myanmar.CHINA Took everything and still want to take our country.
    This is TRUTH .

    ReplyDelete