Pages

Saturday, May 5, 2012

မန္တလေးက ကျပ် ၁၀၀ တန် ဟန်းဆက်

၅၀၀၀ ကျပ်တန် ဖုန်းတွေ မပေါ်လာသေးပေမယ့် ကျပ် ၁၀၀ တန် တယ်လီဖုန်း ဟန်းဆက် (Handset) တွေ ဒီကနေ့ မန္တလေးမြို့မှာ ရောင်းချပေးနေလို့ လာရောက်ဝယ်ယူအားပေးသူတွေများလွန်းလို့ လမ်းတွေပိတ်ဆို့ပြီး ယာဉ်ထိန်းရဲတွေပါ လမ်းရှင်းပေး တာတောင် လုပ်ခဲ့ရပါတယ်တဲ့။

ဓာတ်ပုံ- CJ Myanmar

မန္တလေးမြို့၊ ၇၈ လမ်း၊ ၃၇ လမ်းနဲ့ ၃၈ လမ်းကြားက Good Mobile ဖုန်းဆိုင်က ဆိုင်သစ်ဖွင့်တဲ့အနေနဲ့ ဟန်းဆက် တစ်ခုကို ကျပ်ငွေ ၁၀၀ ထဲနဲ့ အလွန်ဈေးပေါပေါ ရောင်းချပေးတာပါတဲ့။


ဝယ်ယူအားပေးလာခဲ့တဲ့ မန္တလေးက မပပ၀င်း ပြောတာကတော့ အခု ဟန်းဆက်ကို အခုလို ဈေးပေါပေါနဲ့ ရတာ မြန်မာပြည် မှာ ဒါ ပထမဆုံးလည်းဖြစ်ပါသတဲ့။ နောက် သူ ၀ယ်လာတဲ့ ဟန်းဆက်က တရုပ်နိုင်ငံလုပ် ဟန်းဆက်ဖြစ်ပါသတဲ့။

သို့သော်လည်း ကြိုတင် ကြော်ငြာထားသလို ၃ လုံးပဲ ရောင်းတယ်လို့ ဆိုပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ရံဖန်ရံခါ ဆင်းကတ်တွေကို အခမဲ့ ပေးဝေတဲ့ ဓလေ့ရှိပါ တယ်။

မြန်မာပြည်မှာတော့ မိုဘိုင်းဖုန်းတွေ စပေါ်ခါစက ဆင်းကတ်တခုကို မြန်မာကျပ်ငွေ သိန်း ၃၀ ကနေ ၃၅ သိန်းကျော် အထိ ပေါက်ဈေးရှိခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဈေးကျလာတာတောင် အခု နောက်ဆုံး ကျပ် ၂ သိန်းတန် ဆင်းကတ်ဆိုတာ က လည်း ဈေးကွက်ထဲမှာ ကျပ် ၂ သိန်းခွဲ ပေါက်နေတာပါ။


No comments:

Post a Comment