မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ ၂၄ နှစ်တာအတွင်း ပထမဆုံး ပြည်ပခရီးစဉ်အတွက် ရန်ကုန် လေဆိပ်ကနေ ထွက်ခွာရန် အချိန် တွေ့မြင်ရမည့် မြင်ကွင်း တချို့ပါ။
ရန်ကုန်လေဆိပ်ကနေ မြန်မာစံတော်ချိန် ၇ နာရီ ၄၅ မိနစ်က ထိုင်းလေကြောင်းလိုင်း တခုဖြစ်တဲ့ TG-306 နဲ့ ထွက်ခွာသွား ပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ သုဝဏ္ဏဘုမ္မိ လေဆိပ်သို့ ည ၉ နာရီမှာ ရောက်ရှိ မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့သည် အခြား ကမ္ဘာ့စီးပွားရေး ဖိုရမ်တက်ရောက်မယ့် ဧည့်သည်တော်များ တည်းခိုရာ ဘန်ကောက်ရှိ Shangrila Hotel မှာ တည်းခိုမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် မနက် ၉ နာရီက ၁၀ နာရီအထိ ထိုင်းနိုင်ငံတောင်ပိုင်းက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ဒေသမှာ ရှိတဲ့ အလုပ်သမား သမဂ္ဂရုံးအပေါ်ထပ်ကနေ မိန့်ခွန်း ဟောပြောမှာဖြစ်ပါတယ်။
No comments:
Post a Comment