သန့်ရှင်း လှပတဲ့ စင်္ကာပူ တနေရာ (ဓာတ်ပုံများ- ဒီကိုလာ)
သမိုင်းဘီး ပြောင်းပြန်လည်ပြီ လို့ ဆိုရမယ်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့် စင်္ကာပူမှာ လေ့လာရေး ထွက်နေတယ် လို့ channel news asia မှာ ရေးထားပါတယ်။
ဟိုတုန်းကတော့ စင်္ကာပူမြို့တည်ဖို့ ရန်ကုန်ကို အရောက်သွားပြီး လေ့လာခဲ့ကြတာပါ။ ခုတော့ ပြောင်းပြန်ဖြစ်ပြီပေါ့။
ဝန်ကြီး ဦးခင်မောင်မြင့်ရဲ့ မြို့ပြစီမံကိန်း လေ့လာရေးခရီးက ၄ ရက်ကြာမယ် (၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ)၊
ဝန်ကြီးက အောက်ဖော်ပြပါ ဌာနများအပါအ၀င် စင်္ကာပူအစိုးရဌာနဆိုင်ရာများနဲ့ တွေ့မယ်လို့ သတင်းမှာ ရေးထားပါတယ်။
the Building and Construction Authority,
Urban Redevelopment Authority,
Housing and Development Board,
Singapore Land Authority,
Law Ministry,
Monetary Authority of Singapore,
the International Enterprise Singapore
အတုခိုးဆောင်ရွက်စရာတွေပြည့်နေတဲ့ စင်္ကာပူကို လေ့လာရေးထွက်တာ အင်မတန် ကောင်းမွန်တဲ့ အစီအစဉ် ဖြစ်ပါတယ်။
မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် သေချာပေါက် အထောက်အကူဖြစ်မှာပါ။
တိုးတက် စနစ်ကျတဲ့ စင်္ကာပူမှာ နှစ်ပေါင်းများစွာ နေထိုင်၊ အလုပ်လုပ်ကိုင်ပြီး အတွေ့အကြုံတွေ ရနေတဲ့ မြန်မာပြည်သားတွေလည်း ထောင်သောင်းချီ ရှိနေပါတယ်။
ဒီလိုအတွေ့အကြုံရှိသူတွေ ပညာတတ်သူတွေ မြန်မာပြည် ပြန်လည် တည်ထောင်နိုင်ရေးမှာ ၀င်ရောက်လုပ်ကိုင်ကြရင် အများကြီး အားတက်စရာပါပဲ။
နယ်ပယ်အသီးသီးမှာ အပြောင်းအလဲအတွက် စနစ်တခုတည်းမဟုတ်ဘဲ လုပ်နိုင်ကိုင်နိုင်တဲ့လူတွေ လိုတယ် မဟုတ်လား။
သို့သော်လည်း မြန်မာပြည်အခြေအနေက မိတ်ကပ်လိမ်းသလို အပေါ်ယံပြောင်းလဲမှုတွေပဲ ဆက်ဖြစ်နေအုံးမယ် ဆိုရင်တော့ စင်္ကာပူရောက် မြန်မာပြည်သားတွေ ပြည်တော်ပြန်ရေးက အလှမ်းဝေးနေအုံးမယ်လို့ ယူဆရပါတယ်။
(ဖြည့်စွက်ချက် - ဓာတ်ပုံတွေကို- ဒီကိုလာ ဘလော့က ယူပါတယ်။ ပုံစာတွေကတော့ ခန့်မှန်းပြီး ရေးလိုက်တာပါ)
~

ဲပည်တော်ပြန်ရန် အသင့် ရှိ
ReplyDeleteဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်ကအင်ဂျင်နီယာလား ? တပ်က ဗိုလ်ချုပ်ဟောင်းလို.ထင်တယ် ...
ReplyDeleteဒါတွေလေ့လာဖို.ဆိုတာလူမှန်နေရာမှန်အရင်ဖြစ်ဖို.အရင်လုပ်ရမှာ ၊ မတတ်တဲ့သူဆိုရင်တော့ နွားပလာတာကျွေးသလို.ဖြစ်မှာပဲ ၊ တိုင်းပြည်အတွက်လည်းအကျိုးရှိလာမှာမဟုတ်ဘူး ၊
go and visit Myanmar Embassy in Singapore and find our how they are corrupting.
ReplyDeleteand learn from them how to 'keep on corrupting ' .
The second photo was taken from Sky Park (Marina Bay Sands Hotel). MBS Casino and Theatre are seen at the bottom part. The only place at that high with Steel Railing and open-air in Singapore is Sky Park. No such MRT station at Central Business District.
ReplyDeletevice president and ZAwZAw also walking on the Orchard road in Singapore, last 3 days ago.
ReplyDelete