Pages

Wednesday, May 2, 2012

ကိုရီးယားမင်းသမီးနဲ့ တူအောင် လုပ်နည်း


အိမ့်သံစဉ် ရေး
သားသည်)

အာရှနိုင်ငံတော်တော်များမှာ မျက်နှာ ပလပ်စတစ် ဆာဂျရီ ခွဲစိပ် ကုသမှုဟာ ရေးပန်စားနေပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဟာဆိုရင် ပလတ်စတစ် ဆာဂျရီခွဲစိတ်ရာမှာတော့ အာရှနိုင်ငံသူတွေရဲ့ စိတ်ဝင်စားမှု အရှိဆုံးနေရာကို ရယူထားပါတယ်။


အဲဒီထဲမှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ Jewel in the Palace ရုပ်သံဇာတ်လမ်းတွဲက နာမည်ကြီးမင်းသမီး ဖြစ်တဲ့ လီယောင်အေးရဲ့ မျက်နှာပုံစံနဲ့ တူချင်သူများဟာ သူ မျက်နှာခွဲစိတ်ခဲ့တဲ့ ဆရာဝန် ဂျိုးကွန် ဖွင့်လှစ်ထားတဲ့( ဂျေကေ) ဆေးခန်းမှာ လာရောက် ခွဲစိတ်ပြုပြင်ကြတယ်လို့ သိရပါတယ်။



လာရောက် မျက်နှာ ခွဲစိပ်ပြုပြင်သူတွေထဲမှာ တရုတ်အမျိုးသမီးများက အရေအတွက်အားဖြင့် ထိပ်ဆုံးမှာ ရှိနေကြောင်း ပါတဲ့။


တောင်ကိုရီးယားအစိုးရ၏ ၀င်ငွေ ကိန်းဂဏန်းများအရဆိုရင် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ပြည်ပမှ ဆေးဝါကုသမှု အသုံး စရိတ်ဝင်ငွေက အမေရိကန်ဒေါ်လာ ၁၁၆ သန်းရှိပြီး အဲဒီထဲက ၄၀% မှာတော့ ပလပ်စတစ်ဆာဂျရီခွဲစိတ်ပြုပြင်မှုနှင့် အရေးပြားခွဲစိတ်ကုသမှုဖြစ်ပါတယ် တဲ့။


1 comment:

  1. အေတူကန်May 3, 2012 at 3:21 PM

    ကိုရီးယားမင်းသမီးနှင့်တူချင်လျှင် နောင်ဘဝတွင် ကိုယ်ရီးယားနိုင်ငံ၌ လူဖြစ်ရပါလို၏ဟု ဆုတောင်းပြီး ကိုယ့်ကိုယ်ကို သတ်သေ၍ ကိုယ်ရီးယားကို အထင်ကြီးအားကျရုံသက်သက်ဖြင့် ကျေနပ်နေရသော လက်ရှိဘဝကို အဆုံးသတ်လိုက်ပါလေ။ ဤကား ကိုရီးယားအစစ်ဖြစ်နည်းပေတည်း။

    ReplyDelete