Pages
Wednesday, May 2, 2012
ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ?
လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ၀န်ကြီး ရာထူး တနေရာ ဖန်တီးပေးမှာလား?
ဖန်တီးပေးမယ် ဆိုတဲ့ သတင်းတော့ မကြားရသေးပါဘူး။
အခု ကြားရတဲ့ သတင်းတခုက မကြာခင်အနာဂတ်မှာ ဒေါ်အောင်ဆန်းစုကြည် NLD ဥက္ကဋ္ဌ တာဝန် မယူတော့ဘူး ဆိုတာပါပဲ။ NLD ကနေ နုတ်ထွက်ခြင်း မဟုတ်၊ တာဝန်ကြီးကြီး မယူတော့တာကို ဆိုလိုပါတယ် တဲ့။
ဒါကြောင့် အစိုးရက
ဝန်ကြီး ရာထူး တနေရာ ဖန်တီးနေတာလားလို့ စဉ်းစားမိတာပါ။
အခြေခံဥပဒေပုဒ်မ ၂၃၂ (ဋ) မှာ - ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ လို့ ဆိုထားပါတယ်။
တကယ်ပဲ တာဝန်ကြီးကြီး မယူတော့ဘူး ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါက ကျသွားမယ် မဟုတ်ပါဘူး။ အများကလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီကို တွဲပြီး မြင်နေကြဦးမယ် ဖြစ်ပါတယ်။
လောလောဆယ်တော့ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ကို ဒီမနက် ရောက်ရှိနေပါပြီ။ ကျမ်းကျိန်ပြီးရင် ဒီနေ့မှာပဲ ရန်ကုန်ပြန်မယ်လို့ သိရပါတယ်။
~
7 comments:
  1. Daw Aung San Suu Kyi deserves one of the posts of Vice Presidents of the Union of Myanmar. She should be at least the Minister for Foreign Affairs of Myanmar.
    ReplyDelete
  2. ထင်တာက နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမယ်ထင်ပါတယ်..
    လုပ်ဆောင်ချက်ကတိုင်းပြည်အတွက် ပိုပြီးထိရောက်မယ်
    ထင်ပါတယ်..
    ReplyDelete
  3. ကျွန်နော့်တစ်ဦးတည်းအမြင်ဖြစ်ပါသည်။
    ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးရာထူးကိုမယူသင့်ဟုထင်ပါသည်။
    ယူခဲ့သော် ၂၀၁၅ အတွက် သူမစည်းရုံးရေးဆင်း၍ရမည်မထင်ပါ။
    သူမစည်းရုံးရေး မဆင်းနိုင်လျင် ၂၀၁၅ တွင်အနိုင်ရရန် ခက်ခဲမည်ဟုထင်ပါသည်။
    ReplyDelete
  4. အမေစုဟာ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်ပါ။
    စစ်အုပ်စုရဲ့ နိုင်ငံရေးသေအောင်သတ်တဲ့ သတ်ကွင်းထဲကို ဒေါ်စုဝင်မယ် မထင်ပါဘူး။
    ReplyDelete
  5. As for me, she shouldn't take the appointment whatever it is. She will do more for people as a MP I think as Minister will only concern for the department he/she appointed.
    Sate Phwar
    ReplyDelete
  6. အနည်စုအခြေနေနဲ့ဝန်ကြီးနေရာဘယ်မှမယူနိုင်ပါ၊
    ReplyDelete
  7. U Wunna Maung Lwin is sick (moving chair). He will be stepped down soon because his basic English is poor.
    Forseeing highlights, DASSK's counterparts are mostly Foreign Ministers from many countries all over the world except British PM, David Cameron.
    ReplyDelete