Pages

Wednesday, May 2, 2012

စုရင်ခွင်က ပညာ့ အလင်းရောင်


အိမ့်သံစဉ်

ပညာရွှေအိုး လူမခိုး ဆိုတဲ့ စကားပုံနဲ့ အညီ သူတပါး ခိုးယူလုယူမှု အန္တရယ်က ကင်းဝေးစေဖို့ ပညာ အလင်းရောင် ရဖို့အတွက်“စုရင်ခွင်” လို့ အမည်ရတဲ့ ပညာဒါန ကျောင်းလေးကို NLD လူငယ်များက ဦးစီးပြီး ကွမ်းခြံကုန်းမြို့နယ်၊မရမ်းကျေးရွာမှာ၂၀၁၁ ဇူလိုင်လ အတွင်းဖွင့်လှစ်ခဲ့ပါတယ်။



လာမယ့် ပညာသင်နှစ်မှာ ကျောင်းဆောင်လေးကောင်းဖို့အတွက်မြေအလျှုရှင်ဦးဝင်းဦး နှင့် ဒေါ်လင်းထိန် မိသားစုမှ မြေကို လှူဒါန်းခဲ့ပြီး မရမ်းကျေးရွာပြည်သူများကလဲ စေတနာထက်သန်စွာ ပါဝင်ဆောက်လုပ် လှူဒါန်းခဲ့ကြပါတယ်။



“စုရင်ခွင်” ပညာကျောင်းဆောင်ဖွင့်ပွဲကို ဧပြီလ (၂၉) ရက်နေ့မှာစည်းကားသိုက်မြိုက်စွာ ဖွင့်လှစ်ပေးခဲ့ ပါတယ်။ ထိုအခမ်းအနားသို့ တက်ရောက်လာသူများမှာတောင်တွင်းကြီးမြို့နယ် NLD အဖွဲ့ချုပ်မှ အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊မရမ်းကျေးရွာ အုပ်ချုပ်ရေးမူးနှင့် တကွ ကျေးရွာသူ ကျေးရွာသားများ စုံလင်စွာ တက်ရောက်ခဲ့ကြပါတယ်။



စုရင်ခွင် ပညာဒါန ကျောင်းလေးကလာမည့်(၂၀၁၂-၂၀၁၃)ပညာသင်နှစ်အတွက်သူငယ်တန်းမှ န၀မတန်း အထိ ကျောင်းသား ကျောင်းသူ (၁၀၀) ကျော်ကို လက်ခံထားရှိပြီး စေတနာဝန်ထမ်းဆရာ(၆)ဦးက သင်ကြား ပို့ချပေးသွားမှာ ဖြစ်ပါကြောင်း အမေ့အိမ် (mother’s Home)ပညာရေးကွန်ရက်မှာဖော်ပြ ထားပါတယ်။









ဓာတ်ပုံများ - အမေ့အိမ် ပညာရေး ကွန်ရက်



No comments:

Post a Comment