Pages

Sunday, May 6, 2012

၂ လီတာ ရေပုလင်းကို မီးသီးအဖြစ်သုံးပုံ


မြန်မာနိုင်ငံလို လျှပ်စစ်မီး မလုံလောက်ပဲ အလင်းငတ်လင့်နေတဲ့ နိုင်ငံတွေအတွက် အလွန်သင့်တော်တဲ့ နည်းပညာတခုပါ။ သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းမှုဆိုင်ရာ နည်းပညာ တခုဖြစ်တဲ့ ၂ လီတာ ရေပုလင်းတွေ ထဲ ရေထည့်၊ မျက်နှာကျက်မှာ လျှပ်စစ် အလင်းအစားသုံးတဲ့ နည်းစနစ်တခု Green Cupboards အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင် နိုင်ငံက အိမ်တွင်းလုပ် နည်းပညာ တခုလည်းဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်ကို အပြည့်အ၀ သုံးပြီး ပုလင်း တလုံးကို ၆၀ Watt လျှပ်စစ်မီးသီးတွေလို အသုံးပြုနိုင်တာလည်းဖြစ်ပါတယ်။ အလင်းယိုင်ခြင်း သဘောကို ထူးခြားစွာ အလင်းအတွက် အသုံးပြုနိုင်တာလည်းဖြစ်ပါတယ်။

၂ လီတာ ရေပုလင်းထဲကို ရေအပြည့်ထည့် အဖုံးပိတ်ပြီး အိမ်ခေါင်မိုးမှာ ရေပုလင်းရဲ့ ၃ ပုံ ၁ ပုံကို ဖော်ထားပြီး ကျန် အပိုင်း ကို အိမ်ရဲ့ အတွင်းပိုင်းမှာ မီးသီးအဖြစ် ထားလိုက်တာပါ။ အိမ်တလုံးမှာ အခန်းအကျယ် အ၀န်းအပေါ် မူတည်ပြီး ပုလင်း အရေအတွက်ကို သုံးလို့ ရပါတယ်။ ဒီနည်းစနစ်ကိုပဲ “A litre of Light” လို့ ခေါ်ဆိုပါတယ်။

ဒါကြောင့် ဒီနည်းစနစ်ဟာ မြန်မာနိုင်ငံအတွက် အလွန်အသုံးတည့်ပါတယ်။ အမေရိကန် GE ကုမ္ပဏီကြီးဆီက မီးစက်ကြီး တွေ ၀ယ်စရာလည်း မလိုဘူး။ နောက်မီတာခလည်း ပေးဆောင်စရာမလိုဘူး။ မီးဖြတ်မှာ၊ အလှည့် ကျပေးတာကို စောင့်ရ မှာလည်း မလိုဘူး။

ဒါပေမယ့် ဒီနည်းစနစ်က အဲယားကွန်းတွေ၊ ကွန်ပျူတာ၊ အင်တာနက်သုံးဖို့ လျှပ်စစ်ဓာတ်အားကိုတော့ မထုတ်ပေးနိုင်တာ ကြောင့် ဒါမျိုးတွေပါ သုံးလို့ရမယ့် နည်းစနစ်တခုကို မြန်မာများ တီထွင်နိုင်လိမ့် မယ်လို့မျှော်လင့်တယ်။

ဂျပန်တွေဟာ လောကဓံကို ခံစားရရင် အံတုဘို့ နည်းပညာတွေ တီထွင်နိုင်ကြတယ်။ မြန်မာတွေလည်း အားကျမခံ အမှောင်ထဲက အလင်းရဖို့ အခု ဖိလစ်ပိုင်ထက်သာတဲ့ နည်းပညာသစ်တခုကို နှစ်ပေါင်းများစွာကြာ လာပေမယ့် အခုထိ မတီထွင်နိုင်သေးတာ စဉ်းစားစရာပါ။




9 comments:

  1. Ha ha, crazy idea. Coz that bulb will only lit when there is sunlight ( in day time ). Actually we need light at Night time. Useless idea. Just cover the roof with clear plastic. That is better than those rubbish water bottles.

    ReplyDelete
  2. အပြင်မှာနေပူမှ အတွင်းမှာလင်းတာကိုး၊ ညအတွက်မှမဟုတ်တာ။

    ReplyDelete
  3. ဒါများအထူးအဆန်းလုပ်လို့ သောက်ရူးတွေပဲကွာ...သွပ်အကြည်ရောင်မိုးလိုက်ရင်ရတဲ့ဟာကို အဲလိုလျောာ်ဖောက်တော့ မိုးရွာရင်ရေယိုမှာပေါ့ ငတုံးတွေရ ရေမယိုရောင်ဘာညာနဲ့ ဖာလို့ ရတယ်လို့ တော့ ဆင်ခြေမပေးနဲ့ နော် ရေဘူးက ဘယ်လောက်ခံမှာမို့ လဲ..မြန်မာပြည်က စက်ရုံတွေမှာ သွပ်အကြည်ရောင်မိုးထားတာ မတွေဘူးလား...အဲလိုလုပ်တော့ကော ညဖက်ကို ရမှာတဲ့လား..ဟား ဟား ရယ်ဖို့ ကောင်းလိုက်တာကွာ

    ReplyDelete
  4. ဟဟ အဲဒါ ရေမဟုတ်ပါဘူးဗျ။ Chemical အရည် တစ်ခု ထည့်ထားတာ။ ဘာလည်းဆိုတာတော့ မေ့နေပြီ။ အဲဒီအရည်က sunlight ကို စုထားပြီး ညကျရင် ပြန်ထုတ်ပေးနိုင်တယ်။

    ReplyDelete
  5. မဟုတ်တာတွေလျောက်လုပ်နေမယ့်အစား
    လျပ်စစ်မီးမြန်မြန်ရအောင် ဆည်တွေဆောက်
    ဓါတ်ငွေ့နဲ့မောင်းတဲ့တာဗိုင်စက်ရုံတွေတည်..
    ဒီဇယ်စက်ရုံတွေဆောက်..
    ဒီလိုလက်တွေ့ကျတဲ့နည်းတွေလုပ်ကြစမ်းပါ.
    သူများနိုင်ငံတွေမှာ သုံးပါသုံးပါတစာစာအော်နေကြတာ.
    သုံးလေနိုင်ငံတော်ပစ်ဆံ များများရလေလေ..
    များများဝင်တော့ များများဈေးလျော့ရောင်းနိုင်တာပေါ့..
    မြန်မာဖြစ်ရတာမတန်ဘူးလို့တစ်ခါမှမတွေးမိဘူးလား...
    ကိုယ့်နိုင်ငံက ထွက်တာ တစ်ခုမှ ပေါပေါမသုံးလိုက်ရဘူး..
    တစ်ခြားနိုင်ငံတွေမှာ ခေတ်ပေါ်ပစ္စည်းမှန်သမျှ ဘုန်းဘော
    လအောသုံးကြတာ..ကွန်ပြူတာဆိုကွန်ပြူုတာ
    လျပ်စစ်ဆိုလည်းလျပ်စစ် ကားဆိုလည်းကား.
    အကုန်လုံးပါပဲ..မြန်မာပြည်သူတွေလည်း တခြားလူတွေ
    လိုအဆင့်ရှိရှိသုံးစွဲနိုင်အောင်နည်းမှန်လမ်းမှန် စနစ်မှန်
    နဲ့ကြီုးစားကြပါ..
    ဒါတွေဟာလူ့ယဉ်ကျေးမှုသမိုင်းမှတ်တိုင်လည်းဖြစ်တယ်..

    ReplyDelete
  6. I wonder if you guys really watched the video and read the captions. Darn.

    ReplyDelete
  7. လျပ်စစ်မီးတွေပိုရှန်လို.သူများနိုင်ငံကိုတောင်ရောင်းနေရတာ ဘာတွေတီထွင်ရအုန်းမှာလည်း ရီစရာတွေရှောက်ပြောမနေကြနဲ.

    ReplyDelete
  8. လန်းတယ် Friရေ

    ReplyDelete
  9. မြန်မာပြည်မှာလည်းရနေပါပြီ

    ReplyDelete