Pages

Thursday, May 3, 2012

ကဆုန်လပြည့်မှာ ကြုံရမယ့် Supermoon

၂၀၁၂ တနှစ်တာအတွက် ထူးခြားတဲ့ Supermoon ဖြစ်စဉ်ကို လာမယ့် မေလ ၅ ရက်၊ ကဆုန်လပြည့်နေ့မှာ တွေ့ကြုံရမယ်လို့ အာကာသ၊ ကြယ်တာရာနဲ့ နက္ခတ် လေ့လာသူတွေက ဆိုပါတယ်။


မတ်လ ၁၉ရက်၊ ၂၀၁၁ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ကနေ မြင်ခဲ့ရတဲ့ Supermoon



ဒီလို Super Moon ဖြစ်စဉ်ကြောင့် လပြည့်နေ့မှာ လထွက်ချိန်မှာ လ ကို သာမာန်ထက် ၁၆ ဆ ပိုကြီး၊ ပိုထိန်လင်းတဲ့ အနေအထားနဲ့ တွေ့ရပါမယ်တဲ့။ ၂၀၁၂ တနှစ်လုံးမှာ ဒီတနေ့မှာပဲ လကို အနီးကပ်ဆုံး မြင်ရမှာပါတဲ့။

လဟာ ကမ္ဘာပတ်လမ်းကြောင်းနဲ့ တနှစ်တာအတွင်း အနီးဆုံးကို ရောက်လာတာဖြစ်လို့ Supermoon လို့ နာမည်ပေးထားတာပါ။

Supermoon ဖြစ်စဉ်ကြောင့် ကြယ်တာရာ စောင့်ကြည့်လေ့လာသူတွေအတွက် လကို အရင်ကထက် ပိုမိုနီးနီးကပ်ကပ် လေ့လာခွင့်ရမယ်၊ တယ်လီစကုတ်နဲ့ ကြည့်ရင် လပေါ်က ချိုင့်ဝှမ်း၊ ချိုင့်ခွက်နဲ့ တောင်တွေကိုတောင် မြင်နိုင်မယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း ဒီဖြစ်စဉ်ကြောင့် ပင်လယ်ရေ မြင့်တက်တာတွေ၊ ထူးခြားဒီရေတက်တာ၊ ဆူနာမီလို လှိုင်းတွေတက်တာ၊ ငလျင်လှုပ်တာတွေလည်း ရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဒီ Supermoon ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လတုန်းကလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။

No comments:

Post a Comment