သမ္မတ ဦးသိန်းစိန်၊ ကာချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ရသည့် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး (ဓာတ်ပုံ - ဧရာဝတီ)
ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ ကာလမှာ ခေါင်းမာဂိုဏ်းသားတဦးအဖြစ်လည်း လူသိများ၊ ရှစ်လုံးလို့လည်း အများသိကြတဲ့ ဒုသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး ရာထူးကနေ နုတ်ထွက်လိုက်ပြီလို့ သိရပါတယ်။
အသက် ၆၁ နှစ် ရှိပြီဖြစ်တဲ့ ဦးတင်အောင်မြင့်ဦးဟာ စင်ကာပူမှာ ဆေးကုသမှု ခံယူပြီးနောက် ကျန်းမာရေးအခြေအနေကြောင့် မေလ ၃ ရက်နေ့မှာ နုတ်ထွက်စာ တင်တာ ဖြစ်တယ်လို့ VOA က ဆိုပါတယ်။ သူနုတ်ထွက်မယ်လို့ ကောလာဟလ ဖြစ်နေကြောင်း ဧရာဝတီက မကြာသေးခင်က ရေးတဲ့သတင်း ဒီနေရာမှာ ဖတ်နိုင်ပါတယ်။
Reuters ကတော့ ဒီသတင်းကို လောလောဆယ် အတည်ပြုနေတုန်းလို့ ရေးပါတယ်။
ဦးတင်အောင်မြင့်ဦးဟာ လွှတ်တော်ရောက် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုနဲ့ ဒုသတမ္မ ဖြစ်လာတာပါ။
ဧရာဝတီက စုံစမ်းသိရှိရတာကတော့ စင်ကာပူမှာ ဆေးစစ်တော့ ကင်ဆာ ဖြစ်မယ့် အခြေအနေကို တွေ့ရှိရပါတယ်တဲ့။ ပြီးတော့ မျက်လုံးက သိပ်မကောင်းတော့ဘူးလို့ ဆိုတယ်။ ဒါတွေကြောင့် နုတ်ထွက်စာတင်တာဖြစ်ပါတယ် တဲ့။
ဧရာဝတီက ဖော်ပြခဲ့တဲ့ သတင်းမှာတော့ ခေါင်းမာဂိုဏ်းသားတွေနဲ့ ပတ်သက်ပြီး ဒီလို ရေးခဲ့ပါတယ်။
“မကြာသေးခင်းကလည်း သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးတွင် အဟန့်အတားဖြစ်နေသော အစိုးရအဖွဲ့ဝင်များကို ဖယ်ရှားပြီး အစိုးရ အဖွဲ့သစ် ပြောင်းလဲဖွဲ့စည်းတော့မည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သေးသည်။ အစိုးရအဖွဲ့သစ်ပြောင်းလဲရာတွင် ထုတ်ပယ်ခံရမည်ဟု လူအများ ထင်ကြေးပေးပြောဆိုနေသူများ စာရင်းတွင် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ အမှတ် (၁) လျှပ်စစ် စွမ်းအင်ဝန်ကြီး ဦးဇော်မင်းတို့ပါဝင်သည်။”
နောက်ထပ် ဘယ်သူတွေ နုတ်ထွက်မယ်၊ ဘယ်သူတွေ ကျန်းမာရေးမကောင်း ဖြစ်ကြဦးမယ်တော့ မသိသေးပါဘူး။
ခေါင်းမာဂိုဏ်းသားလို့ လူသိများတဲ့ တင်အောင်မြင့်ဦးလို လူကို စင်ပေါ်တင်ပေးခဲ့တဲ့ ခေါင်းမာဂိုဏ်ချုပ်ကြီး ဦးသန်းရွှေတယောက်လည်း ပျောက်ချက်သား ကောင်းနေပါတယ်။

more to come and
ReplyDeletemore to happen
soon.
as i have told all of u before.
စနစ်တကျရေးဆွဲထားသော အစီအစဉ်များဖြစ်သည် ...
ReplyDeleteဦးသိန်းစိန် နှင့် ဒေါ်စု (၂)ခါတွေ့ကြတာ ဘာတွေပြောကြလည်း
ဘယ်သူမှ မသိပါ ...
ဒေါ်စု လွှတ်တော်ထဲရောက်ရင် ... တင်အောင်မြင့်ဦး နှုတ်ထွက်မယ် ...
ဒေါ်စု ကို ဒုသမတ ပေးမယ် ... ဒါတွေဟာ အရမ်းတိကျတဲ့ အစီအမံတွေပါ
သာမန်ပြည်သူတွေမသိနိုင်ပါ ... ဒေါ်စုဘာကြောင့် နှုတ်ဆိတ်နေခဲ့ရလဲ ...
နောက်ကွယ်မှ ဘာတွေ လုပ်နေကြသလဲဆိုတာ ဘယ်သူသိမှာလည်း ..
အမေရိကန်တော့ သိရင်သိမှာပေါ့ ... တိုင်းပြည်ရဲ့ အခြေအနေဟာ
ရုပ်လုံးတစ်ဖြေးဖြေးပေါ်လာပါပြီ ... ဒုသမတ ပြီးရင် အနာဂတ်မှာ သမတပေါ့
သြ.....ခိုးလိုက်ကြ ချမ်းသာလိုက်ကြတာ ငါတို့ ပြည်သူတွေတော့ မွဲလို့
ReplyDeleteပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၏ အဂတိလိုက်စားမှု အလွန်အကျွံ စီးပွားရေးသောင်းကျန်းမှု များကို http://myanmarwhistleblower.blogspot.com/ တွင် အပိုင်း ၃ ပိုင်း ခွဲပြီး ရေးသား ဖော်ပြထားပါသည်။
ReplyDeletegood, vari good.
ReplyDeleteveri veri good.
Anonymous says:
ReplyDeleteMay 7, 2012 12:08 AM Reply
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၏ အဂတိလိုက်စားမှု အလွန်အကျွံ စီးပွားရေးသောင်းကျန်းမှု များကို http://myanmarwhistleblower.blogspot.com/ တွင် အပိုင်း ၃ ပိုင်း ခွဲပြီး ရေးသား ဖော်ပြထားပါသည်။
good website.
that is necessary.
ဒေါ်စုကို တပ်ကိုယ်စားလှယ် ၂၅ % မှ
ReplyDeleteဒုသမ္မတ ရွေးမည်။
အကြောင်းပြချက် ကတော့တပ်မတော်၏ဖခင်
ဗိုလ်ချုပ်သမီးဖြစ်သည့်အတွက် ဒါကြောင့်
တပ် ကိုယ်စားလှယ် ၂၅% ဆက်လက်တည်မြဲ
ရေး NLD မှအာမခံရမည်။(အပေးအယူ)
တဖက်ကဖြစ်သင့်ပါတယ်
ဒေါ်စု အသက်ကြီးပြီမို့လို့ မသေခင်နိုင်ငံရေး
ရာထူးအမြင့်ဆုံးလောက်ရသွားတာပေါ့
တဖက်ကမဖြစ်သင့်ဘူး
NLD လမ်းစဉ်လွှဲချော်သွားမည်
အာဏာမက်သည်ဖြစ်သွားမည်
သန်းရွှေက ဇင်ဘာဘွေကမူဂါဘီ နှင့် ဆန်ဂရိုင်း ပုံစံလမ်းခင်းနေတယ်