Pages

Wednesday, June 20, 2012

ရခိုင်နဲ့ ကရင် ရဲဘော် ၃၁ ယောက် နယ်သာလန် ရောက်ပြီ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ နယ်သာလန်နိုင်ငံကို အခြေချနေထိုင်ဖို့ ထွက်သွားခဲ့တဲ့ ရခိုင်နဲ့ ကရင်ရဲဘော် ၃၁ ယောက် ဟာ နယ်သာလန်နိုင်ငံ အမ်စတာဒမ် မြို့ကို ချောချောမွေ့မွေ့ ရောက်သွားခဲ့ပါပြီ။



ဒီနေ့ညနေခင်းမှာတော့ သူတို့ နေထိုင်ရမယ့် မြို့တွေကို အသီးသီး ထွက်ခွာကြမယ်လို့ သိရပါတယ်။




ရခိုင်ညီညွတ်ရေး တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံးအဖွဲ့ဝင်တွေဖြစ်တဲ့ သူတို့ဟာ အိန္ဒိယနိုင်ငံ အက်ဒမန် ကျွန်းစုက ပေါ့ဘလဲမြို့နဲ့၊ ကာလကတ္တားမြို့က ပရက်စီဒင်စီ အကျဉ်းထောင်တွေမှာ ၁၃ နှစ်ကျော်ကြာ အမှုရင်ဆိုင်ခဲ့ကြရပါတယ်။




သူတို့တွေဟာ အိန္ဒိယ ထောက်လှမ်းရေးက အခြေစိုက်ကျွန်းတခု ပေးမယ်ဆိုတဲ့ ဖိတ်ခေါ်ချက်နဲ့ အိန္ဒိယပိုင် လန်းဖောကျွန်းကို ရောက်လာကြတာဖြစ်ပေမယ့် အိန္ဒိယထောက်လှမ်းရေးနဲ့ အိန္ဒိယရေတပ်တို့က အကွက်ချ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ အဲ့ဒီတုန်းက သူတို့တွေရဲ့ ခေါင်းဆောင် ၆ ယောက်ဟာ သတ်ဖြတ်ခံခဲ့ရပြီး သူတို့ကိုလည်း လက်နက်မှောင်ခိုမှု၊ တရားမ၀င် အိန္ဒိယပိုင်နက်ထဲ ခိုးဝင်မှု စတာတွေနဲ့ တရားစွဲဆို ခံခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ အိန္ဒိယ လူ့အခွင့်အရေးသမားတွေ၊ နယ်ပယ်အသီးသီးက အဖွဲ့အစည်းအသီးသီးနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ကူညီမှုတွေကြောင့် လွတ်မြောက်ခဲ့ရပါတယ်။

No comments:

Post a Comment