လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍
မေတ္တာရပ်ခံကြေညာချက်
ရက်စွဲ ။ ၂ဝ၁၂ခုနှစ်၊ ဇွန်လ ( ၆ )ရက်
၁။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှု စုံလင် စွာဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။
၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရားပြည့်ဝသော လူမှု အဖွဲ့အစည်း ဖြစ်သည်။
၃။ မတရားပြုကျင့်သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ တရားဥပဒေကြောင်းအရ တရားမျှတစွာ ဖြေရှင်းရမည့်ကိစ္စများသာ ဖြစ်သည်။
၎။ ရခိုင်ပြည်နယ်မှ ပဋိပက္ခကို အခြေခံပြီး လူစုလူဝေးအလိုက် မငြိမ်သက်မှုများ၊ ပျံ့ပွားကျယ်ပြန့်လာခြင်း မရှိစေရန် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဟု ယုံကြည်သည်။
၅။ ထိုအခြေအနေများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်များကို ရပ်တန့်သွား စေနိုင်ပါသည်။
၆။ သို့ဖြစ်ပါ၍ လတ်တလောဖြစ်ပွားနေသော ပဋိပက္ခများ ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်စေရန် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင် များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ အစိုးရဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးအနေဖြင့် မေတ္တာတရားကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် ကျွန်ုပ်တို့အားလုံးမှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။
- ကိုတင်ထူးအောင် (09 4210 74398)၊ ကိုကျော်ဝင်းချေ (09 732 23921)၊ ရခိုင်အမျိုးသားကွန်ရက်
- ကိုကိုကြီး (09 7321 5574)၊ မြအေး (09 4320 4620)၊ ၈၈ မျိုးဆက်ကျောင်းသားများ၊
- ဦးမြင့်ထွန်း (09 5128 649)၊ ဦးဝဏ္ဏရွှေ (09 513 7704)၊ အစ္စလာမ့်တံခွန်အဖွဲ့၊
- ကိုကမ်လမ်ခုပ် (09 7324 8503)၊ စိုင်းမင်းလွင် (09 73022001)၊ တိုင်းရင်းသား လူငယ်များကွန်ရက်။
နိုင်ငံရေး နွယ်နေသလားဗျ
ReplyDeleteရိုတ်တဲ့သူတွေက ဘယ်ကလူတွေ လဲ ၊ ဒီပဲရင်း ကလို စွမ်းအားရှင် တွေဘဲလား
နိုင်ငံဆူဆူပူပူပြန်ဖြစ်လာမယ်ဆိုရင်တော့ ပြည်သူထံ
ReplyDeleteအပ်နှင်းထားတဲ့ အာဏာကို တပ်မတော်က ပြန်ယူပြီးထိန်းသိမ်းခံရနိုင်တယ်....
့ငြိမ်းချမ်းစွာဖြေရှင်းတာပဲကောင်းပါတယ်. အကြောင်းကြောင်းကြောင့် တရားဥပဒေ အရဆုံးဖြတ်တာ နှောင့်နှေးနေရင် တို့တိုင်းပြည်အရင်လိုမှမဟုတ်တော့တာ. ပြောပေးနိုင်တဲ့သူတွေရှိနေပြီ.အမေစုလိုထောက်ပြနိုင်တဲ့လမ်းကြောင်း ပေးနိုင်တဲ့သူတွေရှိနေပြီပဲ. တောင်ကုတ်ကအဖြစ်မျိုးတော့မဖြစ်သင့်ပါဘူးလေ မတရားမှုကို မတရားမှုနဲ့တုံ့ပြန်ရင် ဆိုးကျိုးကလွဲလို့တို့ဘာများရနိုင်မှာလဲ.ရခိုင်လူထုကိုလည်း မှားတယ်မဆိုလိုပါဘူးခံစားချက်တွေများခဲ့ရင်ဒီလိုပဲဖြစ်နိုင်ပါတယ် ဒါပေမယ့်တို့တွေခေတ်ပြောင်းတော့မယ် အညှိုးအတေး အဃာတတွေနဲ့အတူ သွားကြမလား ငြိမ်းချမ်းခြင်းသွားကြမလား တို့များ မြတ်စွာဘုရားရဲ့အဆုံးအမနဲ့နေထိုင်ကြသူ တွေပါ။
ReplyDelete