Pages

Wednesday, June 20, 2012

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမဲ့ ပညာသင်ကျောင်းဖွင့်

ကျော်ခ ရေးသားသည်)

ဓာတ်ပုံများ - ဆွေးမင်းထက် (ဟင်္သာတ)


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်မြောက်မွေးနေ့ မနေ့က ဧရာဝတီတိုင်း ဟင်္သာတမြို့ တာငါးဆယ်တောင် ရက်ကွက်မှာ “အမေ့မေတ္တာ” ပညာဒါန စာသင်ကျောင်း သစ်ဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်နေလို့ မတက်ရောက်နိုင်ခဲ့ပေမယ့် ၈၈ ကိုထွန်းမြင့်အောင်၊ ကိုမာကီး၊ ကိုမျိုးသန့်၊ မစုစုနွေး၊ ကိုပဏ္ဍိတ်ထွန်းနှင့် ကိုစိုးထွန်း တို့ တက်ရောက်ခဲ့ကြပါတယ်။

ဒီပွဲကို မြို့ခံ ပရိတ်သတ် ၃၀၀ ကျော်တက်ရောက်ခဲ့ကြပြီး ကျောင်းအတွက် အလှူငွေ ၆ သိန်းကျော် လှူဒါန်းသွားခဲ့ကြောင်း သိရပါတယ်။

“အမေ့မေတ္တာ” ပညာဒါန စာသင်ကျောင်းတွင် ဆယ်တန်း ကျောင်းသူ/သား ၁၀၂ ဦးနှင့် ကိုးတန်း ကျောင်းသူ/သား အယောက် ၅၀ ရှိကြောင်း စုံစမ်းသိရှိရသည်။






No comments:

Post a Comment