Pages

Thursday, June 21, 2012

အမှတ် ၁၀ ဒေါင်းနင်းလမ်း၊ ၀န်ကြီးချုပ် ကင်မရွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ- Reuters/ AP


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် လန်ဒန်ရှိ အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဗြိတိန် ၀န်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန်း နေအိမ်တွင် တွေ့ ဆုံခဲ့ကြပါတယ်။







ဒီမိုကရေစီ အထင်ကရ နိုင်ငံကြီး တနိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်များရဲ့ အလေးတယူ ဦးစားပေး၍ နွေးထွေး တဲ့ နှုတ်ဆက်မှုများဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုကြတဲ့ မြင်ကွင်းများပါ။

ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်းဟာ မြန်မာနိုင်ငံကို သမိုင်းဝင် အလည်အပတ် လာရောက်ခဲ့စဉ် က ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်နိုင်ငံသို့ အလည်အပတ်လာရန် ဖိတ်ကြားခဲ့ပါတယ်။



အမှတ် ၁၀ ဒေါင်းနင်းလမ်း နေအိမ်သည် ဗြိတိန်နိုင်ငံတွင် ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်သူတို့၏ ၀န်ကြီးချုပ် အထူးအိမ်တော်လည်းဖြစ်ပါတယ်။

No comments:

Post a Comment