Pages

Wednesday, June 20, 2012

အီဂျစ် အာဏာရှင်ဟောင်း မူဘာရက် သတိလစ်

ဓာတ်ပုံ- AP

ထောင်ဒဏ် တသက် တကျွန်း ကျခံနေရတဲ့ အီဂျစ် သမ္မတဟောင်း ဟိုစနီ မူဘာရက်ဟာ မနေ့ ညက အသည်းအသန်ဖြစ်တဲ့အတွက် ထောင်ဆေးရုံကနေ ပြင်ပဆေးရုံတခုကို အရေးပေါ် ပို့လိုက်ရပါတယ်။

အခုအခါမှာ ခန္ဓာကိုယ်က ဘာမှ အလုပ် မလုပ်တော့ဘဲ သူ့ ကို စက်ကရိယာများနဲ့သာ အသက်ကို ထိမ်းသိမ်းထားရတယ်လို့ ဆိုပါတယ်။

အာဏာရှင်ကြီး ဒီလို အခြေအနေ ရောက်နေရပုံက နိုင်ငံတကာမှာ အထူးသတင်း ဖြစ်နေပါတယ်။
Mubarak 'critically ill' in hospital လို့ ဖော်ပြနေကြပါတယ်။



အသက် ၈၄ နှစ်အရွယ် မူဘာရက် ဟာ လေဖြတ်ရောဂါကို ခံစားနေရရင်း လွန်ခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကပဲ တရားရုံးက သူအာဏာရှိစဉ်က ဆန္ဒပြသူများ သေဆုံးခဲ့ရမှု တို့အတွက် ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံ ထားရသူလည်း ဖြစ်ပါတယ်။

No comments:

Post a Comment