Pages

Tuesday, June 19, 2012

လမ်းပေါ်ထွက်ဆန္ဒပြမှုအကြောင်း ဦးသိန်းစိန် ပြောပြီ

သမ္မတဦးသိန်းစိန်က ဒီမနက် နေပြည်တော်မှာ ၀န်ကြီးများ၊ အရာရှိကြီးများနဲ့ တွေ့ဆုံတဲ့ အခမ်းအနား ပြုလုပ်ပါတယ်။
ကြိုတင်ကြေညာထားတဲ့အတိုင်း ဦးသိန်းစိန် မိန့်ခွန်းပြောပြီး ဒီအခမ်းအနားကို ရုပ်သံက တိုက်ရိုက် လွှင့်ပါတယ်။
သမ္မတရဲ့ မိန့်ခွန်းရှည်အပြီးမှာ ဘယ်သူမှ လက်ခုပ် မတီးကြပါဘူး။
အခမ်းအနားပြီးဆုံးကြောင်း ကြေညာတော့လည်း မတီးကြပါ။

ပြည်သူတွေ ဆန္ဒပြည့်ဝမယ် ဆိုရင် လမ်းပေါ်ထွက် ဆန္ဒပြစရာမလိုတော့ဘူး။
ဒါကြောင့် ပြည်သူတွေရဲ့ လိုအပ်ချက်ကို အာဏာပိုင်တွေက ဖြည့်ဆည်းပေးကြပါ တဲ့။

"ပြည်သူလူထု၏ အခက်အခဲများကို ဒေသ ဆွေးနွေးပွဲများ၌ ဖော်ထုတ် ဆွေးနွေးနိုင်ခြင်း၊ အောက်ခြေတွင် ဖြေရှင်းနိုင်သည်များကို ချက်ချင်းဖြေရှင်းပေးခြင်းဖြင့် ယနေ့ လမ်းမပေါ်ထွက်၍ ဆန္ဒပြရန်မလိုဘဲ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နည်းလမ်းတကျ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာမှာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။






2 comments:

  1. ဒီအစိုးရက လမ်းပေါ်ထွက်မှာကို တအားကြောက်ပုံရတယ်။ သူတို့ကပုံသေနေပြီထင်တယ်။ ဆန္ဒပြတာကိုကြောက်နေတာ။ အဲဒီတော့ ပြည်သူတွေက နောက်တခါဆို အိမ်ထဲကပဲ ဆန္ဒပြကြပေါ့။

    ReplyDelete
  2. လိုရင်းကို ထိထိမိမိ မရှိသော မိန့်ခွန်းပြောခြင်းဟု စိတ်ပျက်စွာ နားထောင် ခဲ့ရပါသည်....

    ReplyDelete