Pages

Tuesday, June 19, 2012

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘီဘီစီ အင်တာဗျူး

~



ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မှာ ဘီဘီစီ သတင်းထောက် Fergal Keane ဗျူးထားပုံကို ဘီဘီစီ ၀က်ဘ်ဆိုက်မှာ ကြည့်နိုင်ပါတယ်။

အင်တာဗျူးထဲမှာ အကျယ်ချုပ် ခံရတာနဲ့ ပတ်သက်ပြီး နောင်တရ မိပါသလား ဆိုတဲ့ မေးခွန်းလည်း ပါပါတယ်။

ဒီမိုကရေစီ ရုန်းကန်လှုပ်ရှားမှု အတွက် ပေးဆပ်ရမယ့် ပမာဏ ကြီးမားပုံကို အစကတည်းက သူ အပါအဝင် NLD အဖွဲ့ဝင်တွေ သိထားကြောင်း၊ ဒါကြောင့် နောင်တ မရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အကြောင်း ဆွေးနွေးရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲမှာ ပြုပြင်ပြောင်းလဲ စရာတွေ ရှိနေတယ်၊ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲထက် အခု အချိန်က ပိုပြီး အရေးကြီးတဲ့ အကြောင်း ပြောပြသွားပါတယ်။

ဗြိတိသျှ စီးပွားရေး ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံဖို့ မြန်မာနိုင်ငံ ရောက်လာရင်လည်း သူတို့ အနေနဲ့ ဒီမိုကရေစီ နဲ့ နှီးနွယ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုပါ ယူဆောင်လာရင်း၊ စီးပွားရေး လုပ်ငန်းရှင် အသစ်တွေကို ဦးစားပေးစေလိုကြောင်း ပြောပါတယ်။

http://www.bbc.co.uk/news/world-europe-18473693 မှာ ကြည့်ရှုနိုင်ပါပြီ။

ညွှန်း - http://www.bbc.co.uk/burmese/

~

No comments:

Post a Comment