Pages

Wednesday, June 20, 2012

မြ၀တီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေး ပြန်အသက်ဝင်ပြီ

သန်းထိုက်ဦး

၂ ပတ်ကျော်ကြာ ယာယီ ရပ်ဆိုင်းထားတဲ့ နယ်စပ်ဂိတ်တွေဟာ ယခုရက်ပိုင်းမှာ စီးပွားရေး လုပ်ငန်းတွေ ပြန်လည် စတင်နေပါပြီ။

မြ၀တီ ကော့ကရိတ် ကားလမ်း ပျက်နေတာကြောင့် ယာယီ ရပ်ဆိုင်းထားရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ မြ၀တီမြို့ကို ဆက်သွယ်ထားတဲ့ နှစ်နိုင်ငံချစ်ကြည်ရေးတံတားကနေ တဆင့် ကုန်ပစ္စည်းတွေ ဖြတ်သန်းသွားနေကြသလို တံတားတဘက်တချက် နယ်စပ် တလျှောက် ဂိတ်ပေါင်း ၂၀ ၀န်းကျင်ကနေ မြစ်ဖြတ်ပြီး အပြန်အလှန် ကူးသန်းနေတဲ့ ကုန်ပစ္စည်းတွေ မနည်းပါဘူး တဲ့။

ကုန်စည်စီးဆင်းမှုနဲ့ ပတ်သက်ပြီး “ထောင်နဲ့ ချီတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံဘက်ကို လှေနဲ့ လာပြီးတော့ ကုန်ပစ္စည်းတွေ တင်ပို့နေကြပါတယ်” လို့ ထိုင်းသတင်းတပုဒ်မှာ ရေးထားပါတယ်။

ညွှန်း - http://m.thairath.co.th/content/region/269719

No comments:

Post a Comment