Pages

Friday, June 15, 2012

ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြပွဲ



ကျော်နိုင်ဦး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာနိုင်ငံသား ၂၀၀ ခန့်က ရခိုင်ပြည်နယ်၌ အကြမ်းဖက်ခဲ့ကြသော ဘင်္ဂလီ ရိုဟင်ဂျာများကို ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြပွဲတရပ်ကို ယနေ့နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

တရားမ၀င် လာရောက်နေထိုင်သူများ က ဌာနေနိုင်ငံသားကို စော်ကားခြင်းမှာ မဖြစ်ကြောင်း ပြည်ပရောက် အမျိုးသား ကျောင်းသားများ အဖွဲ့ ONSOB မှ အတွင်းရေးမှူး ကိုသန်းဖေက ဧရာဝတီသို့ ပြောသည်။

´ကျနော်တို့ ONSOB ရဲ့ သဘောထားကို ပြောရရင် အခု ရခိုင်ပြည်မှာ ပဋိပက္ခ ဖြစ်နေကြတဲ့ ရိုဟင်ဂျာတွေဟာ ကျနော်တို့ တိုင်းရင်းသားတွေထဲမှာ လုံးဝ မပါပါ။ ဒါက လုံးဝရှင်းတယ်။ အဖြေက ရှိပြီးသား။ သူတို့က ကျနော်တို့ နိုင်ငံမှာ လာပြီး ခိုကပ်လည်း နေသေးတယ်။ ကျနော်တို့ လူမျိုးကိုလည်း စော်ကားတယ်။ ဒါကို လက်ရှိ အုပ်ချုပ်နေတဲံ မြန်မာအစိုးရ အနေဖြင့် ပြတ်ပြတ်သားသား ဖြေရှင်းပေးသင့်တယ်လို့ ထင်တယ်´ ဟု သူက ပြောသည်။

ဆန္ဒလာပြသူများသည် တရားမ၀င် ၀င်ရောက်လာသော ဘင်္ဂလီများ အလိုမရှိ။ အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားများနှင့် ဆက်စပ်နေသော ဘင်္ဂလီများ ဖော်ထုတ်ပေးပါ။ ရခိုင်ပြည်နယ်မှ ဘေးရန်သင့်နေသူများကို အကူအညီအပြည့်အ၀ ပေးပါ။ မြန်မာတိုင်းရင်းသားများ လုံခြုံရေး အစိုးရမှ တာဝန်ယူပေးပါ ဟု တောင်းဆိုခဲ့ကြသည်။

၎င်းတို့သည် ယနေ့နံနက် ၁၁ နာရီခန့်က ဘန်ကောက်မြန်မာ သံရုံးသို့သွားကာ ရခိုင်ပြည်အရေးနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်ထံသို့လည်း အိတ်ဖွင့်ပေးစာ တစောင်ကို ပေးပို့ခဲ့ကြသေးသည်။

ထိုင်းလုံခြုံရေး တာဝန်ရှိသူများက မြန်မာသံရုံးရှေ့တွင် လူအနည်းငယ်ဖြင့်သာ ဆန္ဒပြခွင့်ပေးသဖြင့် လူ ၃၀ခန့်ဖြင့်သာ ခေတ္တ ဆန္ဒပြခဲ့ကြသည်။

ယနေ့ဆန္ဒပြပွဲတွင် ပူးပေါင်း ပါဝင်ကြသော အဖွဲ့အစည်း ၁၀ ဖွဲ့မှာ

(၁) မြန်မာ ရဟန်းတော် ကျောင်းသားများ အဖွဲ့။
(၂) ထိုင်းနိုင်ငံရောက် ရခိုင်ကျောင်းသား ရဟန်းတော်များအဖွဲ့။

(၃) ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ထိုင်းဌာနခွဲ)
(၄) ပြည်ပရောက် အမျိုးသား ကျောင်းသားများ အဖွဲ့။

(၅)ပြည်ပရောက် ကရင်အမျိုးသား ကျောင်းသားများအဖွဲ့ ။
(၆) ရခိုင် လူ့အခွင့်အရေး နှင့် ဖွံ့ဖြိုးရေးအဖွဲ့။

(၇) ကရင်အမျိုးသမီးအဖွဲ့။
(၈) ရခိုင်မျိုးချစ်စိတ် ဖွံ့ဖြိုးမှု ပန်းတိုင်အသင်း။

(၉) ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်း။
(၁၀) ရခိုင်ဝံသာနု စာပေ အသင်း တို့ဖြစ်ကြောင်း သတင်းရရှိသည်။

3 comments:

  1. ပြည်ပနိုင်ငံအသီးသီးရှိ မြန်မာတိုင်းရင်းသားများ ယခုလိုညီညွတ်ကြပါ ပူးပေါင်းကြပါ အမျိုးသားရေးကို တက်ကြွစွာပါဝင်လှုပ်ရှားကြပါ တိုင်းပြည်နဲ့လူမျိုးပျက်ဆီးစေမယ့် အန္တရာယ်များကို ကာကွယ်တားဆီးကြပါ အမျိုးသားရေးသတိအမြဲရှိကြပါ

    ReplyDelete
  2. Right ,we must against who have come to rob our land and country.

    ReplyDelete
  3. ပြည်ပနိုင်ငံအသီးသီးရှိ မြန်မာတိုင်းရင်းသားမျာိးုညီညွတ်ပူးပေါင်းနေယုံ ဖြင့် မ ပြီး ပါ။ ပြည်တွင်း က နစက နဲ့ လ၀က လပ်စား နေ သမျှ၊ နောက် ထပ် ဒီလိုမျိုး ထပိဖြစ်အုံးမှဘဲ။

    ReplyDelete