တချိန်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ် တပ်ဦး ( (ABSDF) ဥက္ကဌဟောင်းတွေဖြစ်ကြ တဲ့ ဦးထွန်းအောင်ကျော်၊ ဦးမိုးသီးဇွန် အပါအ၀င် နံမည်ကြီး ကျောင်းသား ခေါင်းဆောင်ဟောင်း ၅ ဦးတို့ဟာ မကြာမီ မြန်မာနိုင်ငံကို သွားရောက်လေ့လာရေး ခရီးသွားဖို့ ရှိပါတယ်။
အခုသွားကြမယ့် ကျောင်းသားခေါင်းဆောင်ဟောင်း ၅ ဦးကတော့ ဦးထွန်အောင်ကျော် ( ABSDF- ပထမဆုံး ဥက္ကဌ ဖြစ်သူ)၊ ကိုမိုးသီးဇွန် ( ABSDF ဒုတိယမြောက် ဥက္ကဌ၊ ၈ လေးလုံးကာလ ကျောင်းသားခေါင်းဆောင်၊ လူ့ဘောင်သစ်ပါတီ ဥက္ကဌဟောင်း)၊ ကိုကိုလေး၊ ကိုရင်အေး၊ ကိုမူးသာ တိြု့ဖစ် ပါတယ်။
ဦးထွန်းအောင်ကျော်ကတော့ ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်းတွင် ဦးဆောင်ပါဝင်ခဲ့သူ တဦးလဲဖြစ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်ခဲ့ပါတယ်။
ဦးထွန်းအောင်ကျော်နှင့် အဖွဲ့ဟာ သမ္မတကြီးဦးသိန်းစိန်ရဲ့ ပြည်ပရောက် မြန်မာများ တိုင်းပြည်ဖွံ့ဖြိုး တိုး တက်ရေး အတွက် လာရောက်ကြရန် နှစ်ကြိမ် တိုင်တိုင်ဖိတ်ခေါ်မှုကြောင့် အခုလို လေ့လာရေးခရီးစဉ် အဖြစ်သွားရောက်ကြမှာ ဖြစ်တယ်လို့ ကာယကံရှင်တွေက ပြောကြောင်း နီးစပ်သူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေကို အစိုးရ ကိုယ်စားလှယ်တွေက တိုင်းပြည်ပြင်ပကနေပြီး အပြစ်ပြောနေမယ့်အစား လာကြောက်ကြည့်ရှု့လေ့လာနိုင်ကြောင်း သူတို့ကို ပြောဆို ဖိတ်ကြားခဲ့တာဖြစ်တယ် လို့လည်း သိရပါတယ်။


let see what can they do, specially moe thee zuns, he is just a big talk man.
ReplyDeletesee what they can do,I see like moe thee zune is just a prick.
ReplyDelete