Pages

Friday, July 27, 2012

ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရ?

~




"မြန်မာနိုင်ငံတွင် မိမိတို့အစိုးရသည် ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်
ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုလားချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန် သန
္နိဋ္ဌာန်ချမှတ်ဆောင်ရွက်နေ"

ဒီကနေ့ မြန်မာ့အလင်းမျက်နှာဖုံးက သတင်းခေါင်းစဉ်တခုပါ။
ဒုတိယစာကြောင်းက အဆင်ပြေပါတယ်။
ပထမစာကြောင်းကတော့ အတင်းကြီး ကြော်ငြာဝင်တာပါပဲ။

တမတ်သားအစိုးရ၊ ကြိုတင်မဲအစိုးရ ဆိုတဲ့ အသံတွေ တိတ်သွားပေမယ့်
မိမိတို့ကို ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည် ဆိုတဲ့ ကြော်ငြာကတော့ မပြတ် ထွက်နေပါတယ်။

မဟုတ်တာတခုကို အကြိမ်ကြိမ်ပြောရင် အဟုတ်ထင်သွားကြတာပဲ ဆိုတဲ့ ပုံသေနည်းက ခုချိန်ထိ အလုပ်ဖြစ်နေတုန်းမဟုတ်လား။

ဖြစ်တတ်တာတခုရှိပါတယ်။
မဟုတ်တာကို အဟုတ်လို့ ၀ါဒဖြန့်ပါများရင် တဖြည်းဖြည်းနဲ့ ကိုယ်ကိုယ်တိုင်လည်း အဟုတ်ထင်သွားတာတတ်တယ် ဆိုတာပါပဲ။

~

3 comments:

  1. P.S
    ပြည်သူ= ဦးသန်းရွှေ

    Quote:
    မြန်မာနိုင်ငံတွင် မိမိတို့အစိုးရသည် ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုလားချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန် သန္နိဋ္ဌာန်ချမှတ်ဆောင်ရွက်နေ

    ReplyDelete
  2. ၂၀၀၈ ဖွဲ့စည်းပုံကိုလဲ ပြည်သူတွေက မထောက်ခံဘူး၊ ၂၀၁၀ ရွေးကောက်ပွဲကလဲ အတုအယောင်.
    တစ်ပါတီထဲ နေရာတိုင်းလိုလို ပြိုင်တာတောင် စိတ်မချလို့ မဲက ခိုးသေးတယ်။
    မိုးကျရွှေကိုယ် တစ်မတ်တားတွေကလဲ အစကတော့ ကိုယ်စားလှယ်၊ ခုတော့ အုပ်ချုပ်ရေးဝင်စွက်ဘို့ ဗိုလ်ချုပ်ဝေလွင်ဆိုတာ ရန်ကုန်တိုးကို ရောက်လာပြီ။
    ဥက္ကကြီးရယ် ပြည်သူရွေးတဲ့ လွှတ်တော်ဆိုတာကို မသုံးပါနဲ့ဗျာ။ ကျနော်တို့ ဥက္ကဌကြီးကို လေးစားချင်လို့ပါ။

    ReplyDelete
  3. ၂၀၀၈ ဖွဲ့စည်းပုံ'၂၀၁၀ ရွေးကောက်ပွဲ,အတုအယောင်,ယုံကြည်မှု မရှိပါ။ ပြည်သူရွေးတဲ့ လွှတ်တော်ဆိုတာကို မသုံးပါနဲ ဥက္ကဌကြီးကို ခုတော့ မ လေးစားချင်ပါ။

    ReplyDelete