Pages

Saturday, July 21, 2012

ဦးအောင်သိန်းလင်း လွှတ်တော်ထဲက ထွက်ရမှာလား



တရုတ်ပြည်က စာစောင်တခုနဲ့ အင်တာဗျူးမှာ ရဲရဲတောက် ပြောကြားခဲ့တယ် ဆိုတဲ့ ဦးအောင်သိန်းလင်းရဲ့ ဒိုင်ယာလော့တွေကို အွန်လိုင်းမှာ ဖတ်မိသူများ အကြီးအကျယ် အံ့အားသင့်နေကြပါတယ်။

ဒီလို ပြောဆိုတတ်သူတယောက်က ဘာကြောင့် လွှတ်တော်ထဲ ရောက်နေတာလဲ ဆိုပြီး တချို့က မေးခွန်း ထုတ်နေကြပါတယ်။

တချို့ကလည်း သူ့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ ပယ်ဖျက်နိုင်တဲ့ နည်းလမ်း ရှိတယ်လို့ အခိုင်အမာ ဆိုနေပါတယ်။

ဒါဆို ဦးအောင်သိန်းလင်း လွှတ်တော်ထဲကနေ အထုတ် ခံရမှာလား။ နည်းလမ်း ရှိတယ် ဆိုတော့လည်း ကြိုးစားကြဖို့ လှုံ့ဆော်မှုတချို့လည်း ထွက်ပေါ်နေပါပြီ။

Forum for Democracy in Burma (FDB) အဖွဲ့ကတော့ သူတို့ရဲ့ ဖေ့ဘုတ် http://www.facebook.com/media4fdb မှာ အခုလို တိုက်တွန်းထားပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဲဆန္ဒရှင်များက ပြန်လည်ရုတ်သိမ်းလို့ရပါတယ်။
အခန်း (၈) နဲ့ (၉ )မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။
ဦးအောင်သိန်းလင်းရဲ့ မဲဆန္ဒနယ်မှ ပြည်သူများက လက်မှတ်များ ရေးထိုးပြီး ကော်မရှင်ထံ တိုင်ကြားကြပါခင်ဗျား။


ဆက်စပ် ဖတ်ရှုရန် -
"ပြည်သူတွေက ရူးလို့ပေါ့"

10 comments:

  1. Hey!
    Aung Thein Lin ,get out from parliament.

    ReplyDelete
  2. အာဏာကိုကြိုးကိုင်နေသူအကြိုက်ပြည်သူကိုစော်ကားတိုင်းပြည်အတွက်အကျိုးမရှိတဲ့စကားတွေနိုင်ငံတကာသိအောင်အသိဥာဏ်မဲ့ပြောတဲ့သူကိုလက်မှတ်ထိုးပြီးတိုင်ကြပါ။

    ReplyDelete
  3. လူတစ်ယောက်ရဲ့  ရင်ထဲမှာရှိတဲ့ စိတ်ထားဟာ သူရဲ့  မျက်နှာမှာပေါ်လွင်ပါတယ် ၊ စိတ်ထားကောင်းရင် မျက်နှာကြည်လင်ပြီး စိတ်ယုတ်မာရှိတဲ့လူရဲ့ မျက်နှာကတော့ခက်ထန်ပြီးကြမ်းတမ်းပါတယ် ၊ အဲဒီဦးအောင်သိန်းလင်းရဲ့  စိတ်ထားဘယ်လိုရှိတယ်ဆိုတာ သူ့ မျက်နှာမှာပေါ်လွင်နေပါတယ် ၊ စိတ်ယုတ် စိတ်ညစ်များရှိတဲ့လူတွေ လွှတ်တော်မှာ မထားသင့်ပါ ၊ နိုင်ငံအတွက် စိတ်ထားကောင်းဖြင့် မိမိကိုယ်ကျိုးမဖက် တိုင်းပြည်ကိုအမှန်တကယ်တိုးတက်စေချင်သော အမတ်များကိုသာ ပြည်သူက အမှန်တကယ်လိုလားပါသည်။

    ReplyDelete
  4. ဘာတွေသူကပြောလိုတ်တာလဲ
    ကျေးဇူးပြုပြီးနေရာလေးညွန်ပေးပါ
    အင်တာနက်အခုမှစသုံးလို့ပါ

    ReplyDelete
  5. aung thein lin u go to stay china.myanmar pepole donot like myanmar pepole have brain. you have no brain. u face is watch mirror. u face is cruel

    ReplyDelete
  6. America sanction ကို တန်ပြန်ကစားကွက် အဖြစ်ပြောသည်ဟုထင်မြင်မိပါသည်။ဧရာဝတိံမြစ်ဆုံ ကို လွှတ်တော်တွင် မဲခွဲသင့်ပြိံး တရုတ်နှင့်ပြန်ပေါင်းထုပ်နိုင်သေးသည်ဟု သတိပေးသလိုလို နှပ်ကြောင်းပေး ပြိံး America နှင့်နိုင်ငံရေးကစားကွက် ဖန်တိံးနေခြင်းလော?

    ReplyDelete
  7. မိုက်ရူးရဲ ဦးနှောက်မရှိသူတွေကိုရှေ့တန်းတင်ပြီး လုပ်ချင်ရင်လုပ်ခဲ့ကြလို့ တိုင်းပြည်ရဲ့ အခြေအနေအဆိုးရွားဆုံးဖြစ်ခဲ့ရပြီးပါပြီ.. အခုအချိန်မှာ ပြည်သူအားလုံးရဲ့မျှော်လင့်ချက်ရောင်ခြည်ကို ထပ်ပြီးမပျက်ဆီးဆုံးရှုံးစေဖို့.. မြန်မာနိုင်ငံရဲ့အနာဂါတ်လှပသာယာဖြောင့်ဖြူးစေဖို့ မြန်မာနိုင်ငံရဲ့ကောင်းကျိုးကိုလိုလားတဲ့ နိုင်ငံသားတိုင်းရဲ့တာဝန်တရပ်လို့ယူဆပြီး..ဒီလိုအရည်အချင်းမရှိ..အောက်တန်းကျတဲ့လူမျိုးကို..လွတ်တော်လို နိုင်ငံတခုရဲ့အရေးကြီးဆုံးအခန်းကန္တကနေအမြန်ဆုံးဆွဲထုတ်ပြစ်သင့်ပါပြီ..

    ReplyDelete
  8. ကစားကွက်ဆိုရင်တော့ချကြွေးတာခံရတာပေါ့။ ဘယ်သူနိုင်မလဲဆိုတာကြည့်စရာမလို လောက်ဘူးထင်ပါတယ်။ ဒီလိုလူတွေရှိနေတာရှက်စရာ။

    ReplyDelete
  9. ပြည်သူတွေက မရူးဘူုး ရူးတာက သူရူးနေတာဦးနှေက်ကို မရှိဘူး ဒါနဲ့များလွှတ်တော်တက်နေသေးတယ် ခွီ........ခွီး

    ReplyDelete
  10. ဦးအောင်သိန်းလင်းက တရုတ်ကို အဖေခေါ်ကျွန်လုပ်ချင်တာထင်တယ်
    ဒီဘိုးတော်ခင်ဗျားတယောက်ထဲဘဲခေါ်

    ReplyDelete